သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတ အာဖရိက (၃) နိုင်ငံ ခရီးစတင်


Kamala Harris Accra
Kamala Harris Accra

{{Zawgyi/Unicode}}

အမေရိကန်ဒုသမ္မတ Kamala Harris ဟာ ဂါနာနိုင်ငံကိုဆိုက်ရောက်ပြီး သီတင်းတပတ်ကြာမယ့် အာဖရိကတိုက်ခရီးစဉ် စတင်လိုက်ပါတယ်။ တနင်္ဂနွေနေ့က ဂါနာမြို့တော်ကို ဆိုက်ရောက်ချိန်မှာတော့ အမေရိကန်ဒုသမ္မတ Harris ကို ကျောင်းသူကျောင်းသားတွေက အကတွေ၊ တီးဝိုင်းတွေနဲ့ ကြိုဆိုပါတယ်။

"ဂါနာနိုင်ငံနဲ့ ဒီအာဖရိကတိုက်မြေပေါ်ရောက်လာတာအတွက် ဂုဏ်ယူမိပါတယ်။ တပတ်ကြာမယ့် ဒီခရီးစဉ်မှာ ဂါနာ၊ တန်ဇန်နီးယားနဲ့ ဇမ်ဘီးယာနိုင်ငံတွေကို သွားရောက်ပါမယ်။ သမ္မတနဲ့ အမေရိကန်နိုင်ငံကိုယ်စား နှုတ်ခွန်းဆက်လိုက်ပါတယ်။ အမေရိကန်ပြည်သူတွေနဲ့ အာဖရိတိုက်မှာနေထိုင်ကြသူတွေအကြား အလွန်အရေးပါတဲ့ မိတ်ဆွေဆက်ဆံရေး နောက်ထပ် ရှည်ကြာခိုင်မြဲစေဖို့ မျှော်လင့်ပါတယ်။" ဆိုပြီး ဒုသမ္မတ Harris က ဂါနာမြို့တော်လေဆိပ်ရောက်စဉ်မှာပဲ ပြောပါတယ်။

ဂါနာနိုင်ငံဟာ အာဖရိကတိုက်မှာ ဒီမိုကရေစီစနစ်အတည်ငြိမ်ဆုံးနိုင်ငံအဖြစ် သိထားကြပါတယ်။ ဒါပေမယ့်လည်း မကြာခင်တုန်းကတော့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ကပ်ဘေးမတိုင်ခင် ကမ္ဘာပေါ်မှာ အလျင်အမြန်ဆုံး စီးပွားဖြစ်ထွန်းတဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့ပေမယ့် အခုတော့ ချေးငွေအကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် စားနပ်ရိက္ခာနဲ့ အခြားအခြေခံကုန်ဈေးနှုန်းတွေ ထိုးတက်လာခဲ့ပါတယ်။

လူဦးရေ ၃၄ သန်းပဲရှိတဲ့ ဂါနာနိုင်ငံဟာ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့်လည်း စိုးရိမ်စရာတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိမ်နီးချင်း Bukina Faso နဲ့ Mali မှာ အာဏာသိမ်းတာတွေဖြစ်ခဲ့သလို ဂါနာမြောက်ပိုင်းက Sahel လို့ သိကြတဲ့ ဒေသမှာလည်း al-Qaida နဲ့ IS အစွန်းရောက်အဖွဲ့ လှုပ်ရှားမှုတွေရှိလာပါတယ်။ ဒါကြောင့် လူထောင်ဂဏန်းသတ်ဖြတ်ခံရသလို သန်းနဲ့ချီ အိုးအိမ်မဲ့ခဲ့ကြပါတယ်။

အခု တနင်္လာနေ့ကျရင် ဂါနာသမ္မတနဲ့ အမေရိကန်ဒုသမ္မတတို့တွေ့ဆုံတဲ့အခါမှာ ဒီလို စီးပွားရေးနဲ့လုံခြုံရေး စိန်ခေါ်ချက်ကိစ္စရပ်တွေ ဆွေးနွေးဖွယ်ရှိပါတယ်။ အာဖရိကတိုက်အတွင်းမှာ မကြာသေးခင်နှစ်တွေအတွင်း တရုတ်ဩဇာကျယ်ပြန့်လာမှုကို တန်ပြန်တဲ့ခရီးစဉ်လို့ ယူဆရပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}







XS
SM
MD
LG