သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ဒုက္ခသည် ၂၆ဦး နေရပ်ရင်းပြန်ရောက်


၂၀၁၈ ဧပြီလတုန်းက ဒုက္ခသည်တချို့ မြန်မာဘက်ကို ပြန်လာစဉ် (Photo- MOI Government News )
၂၀၁၈ ဧပြီလတုန်းက ဒုက္ခသည်တချို့ မြန်မာဘက်ကို ပြန်လာစဉ် (Photo- MOI Government News )

(Zawgyi/ Unicode)

ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသူတွေထဲက ၂၆ဦးပါဝင်တဲ့ အိမ်ထောင်စု ၉စုဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အခုနှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံထဲ ပြန်လည် ဝင်ရောက်လာကြပါတယ်။ သူတို့ကို ဒုက္ခသည်လက်ခံရေး စခန်းတွေမှာ ယာယီစစ်ဆေးပြီးတော့ သူတို့ဆန္ဒရှိတဲ့အတိုင်း ဒေသတွေကို ပြန်လည်နေရာချထားပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

နေရပ်စွန့်ခွာသူတွေထဲက အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၀ဦး၊ စုစုပေါင်း ၂၆ဦးပါဝင်တဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာတဲ့ အိမ်ထောင်စု ၉စုကို မနေ့ကမနက်ပိုင်းမှာ ငါးခူရပြန်လည် လက်ခံရေးစခန်း က စိစစ် လက်ခံခဲ့ ပါတယ်။

အခုပြန်ဝင်လာသူ ၂၆ဦးမှာ ကလေးငယ်တွေပါ ပါပြီး အားလုံးက မွတ်စလင် တွေပါ။ သူတို့ဟာ အခု ၂၀၂၀ အတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပထမဆုံးပြန်ဝင်လာသူတွေဖြစ်ပြီး အခုချိန်အထိ မြန်မာပြည်ထဲ ကိုယ့်အစီအစဉ်နဲ့ ပြန်လာသူက စုစုပေါင်း ၅၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို ငါးခူရပြန်လည် လက်ခံရေးစခန်းမှာ စိစစ်လက်ခံပြီးတဲ့နောက် လှဖိုးခေါင် စခန်း တာဝန်ရှိသူတွေက စားသောက်ရေး နဲ့ ပစ္စည်းတွေ ထောက်ပံ့ခဲ့ပြီး သူူတို့နေထိုင်ခဲ့တဲ့ နေရာတွေကို ပြန်ပို့ပေးခဲ့တယ်လို့ လှဖိုးခေါင်စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က ပြောပါတယ်။

“ကျတော်တို့က သူတို့ကို နဂိုနေရာမှာ နေမလား မေးတယ်လေ။ သူတို့ဆန္ဒပြုတဲ့ နေရာတွေ ပို့ပေးတာပေါ့။ တချို့ကျတော့လည်းပဲ နဂိုတုန်းက ရွာတခု၊ အခုသူတို့ဆန္ဒပြုတဲ့ ရွာကတခု သူတို့နေချင် ပါတယ်ဆိုတဲ့ အဲဒီ သူတို့ဆန္ဒပြုတဲ့ရွာတွေကို ပို့ပေးထားပါတယ်။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ရက်နေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို သူတို့ဆီ သွားရောက် ရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ကော့ဘဇားဒုက္ခသည်စခန်းမှာ ရှိတဲ့နေရပ်စွန့်ခွာ သူတွေကတော့ သူတို့ပြန်လာနိုင်ဖို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ထားချက်တွေ အပြင် အချက်တချို့ကိုပါ ထပ်ပြီးလိုက်လျောပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဒီတောင်းဆိုချက်တွေ ရှိနေတာ ကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောနေပေမယ့် သူတို့ရဲ့ တချို့တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့မဖြစ်နိုင် ဘူးလို့ ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေး က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ပြောနေတာက သူတို့တောင်းဆိုချက်တွေ ရှိတယ်။ အဲဒီတောင်းဆိုချက်တွေက နှစ်နိုင်ငံ သဘောတူထားတဲ့ အထဲမှာမပါတာတွေ ပါနေတယ်။ နောက်ပြီးတော့ တချို့ဟာတွေက ကျတော်တို့အနေနဲ့ ဆောင်ရွက်ပေးဖို့ မဖြစ်နိုင်တာတွေ ပါနေတယ်။”

နေရပ်စွန့်ခွာသူတွေထဲက တချို့က သူတို့ရဲ့တောင်းဆိုချက်တွေကို မြန်မာအစိုးရဘက်က လက်ခံ ဆောင်ရွက်ပေးမှ ပြန်ဝင်လာဖို့ ဆန္ဒရှိနေကြပေမယ့် တချို့ကလည်း သူတို့အဆင်ပြေတဲ့နေရာကို သူတို့သဘောဆန္ဒနဲ့ ပြန်လာကြတယ်လို့ ဦးချမ်းအေးကပြောပါတယ်။

“တချို့ကလည်း ဒီနှစ်ဖက်ရဲ့ အခြေအနေလေးပေါ် မူတည်ပြီးတော့ ဘယ်ဘက်မှာပိုပြီးတော့ အဆင်ပြေမလဲဆိုတာ သူတို့ဘာသူတို့လည်း စဉ်းစားမှာပေါ့နော်။ စဉ်းစားပြီးတော့ ပြန်လာတယ်။ ပြန်လာတဲ့သူတွေဘက်ကိုတော့ ဘင်္ဂလားဒေ့ရှ်က သူတို့ဘာမှလုပ်မပေးဘူး။ သူတို့ဘာသူတို့ပဲ အစီအစဉ်နဲ့ပဲ ပြန်လာကြရတာ။ ဆိုတော့ ဒီဟာကတော့ ဘင်္ဂလားဒေ့ရှ်က ဘာလို့ဒီဟာတွေကို လုပ်မပေးဘူးလည်းဆိုတာတော့ ကျတော်တို့ ဒီဟာကိုတော့ ချဲ့ကားပြီးမပြောချင်ဘူးပေါ့။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံ နေရာချထားရေးလုပ်ငန်းစဉ်တွေကို ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် တရားဝင်ပြန်လည်ဝင်ရောက်လာသူ အခုချိန်ထိ တဦးတယောက်မှ မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ပြန်ဝင်လာသူတွေအတွက် တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတို့ကို ထားရှိပြီး လှဖိုးခေါင်ကြားစခန်းကနေ သူတို့ကိုပြန်လည်နေရာချထားပေးနေတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြီးခဲ့တဲ့ ၂၈ရက်နေ့က တွေ့ဆုံချိန်မှာတော့ မြန်မာနိုင်ငံအနေနဲ့ စိစစ်ပြီးဖြစ်တဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ထပ်မံပြောဆို ထားပါတယ်။ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကိုတော့ နှစ်ဖက်အဆင်ပြေမယ့်နေ့မှာ ကျင်းပသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)





“ကတြောျတို့က သူတို့ကို နဂိုနရောမှာ နမေလား မေးတယျလေ။ သူတို့ဆန်ဒပွုတဲ့ နရောတှေ ပို့ပေးတာပေါ့။ တခြို့ကတြော့လညျးပဲ နဂိုတုနျးက ရှာတခု၊ အခုသူတို့ဆန်ဒပွုတဲ့ ရှာကတခု သူတို့နခေငြျ ပါတယျဆိုတဲ့ အဲဒီ သူတို့ဆန်ဒပွုတဲ့ရှာတှကေို ပို့ပေးထားပါတယျ။”









ဆက်စပ်သတင်းများ ...

XS
SM
MD
LG