သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသား၀န္ႀကီးဌာန ထိေရာက္မႈ႐ွိသလား


တိုင္းရင္းသားေရးရာ ၀န္ႀကီး ႏိုင္သက္လြင္ (photo-Ronnie Nyein)

တုိင္းရင္းသားအခြင့္အေရးေတြ အျပည့္အဝ မရေသးလို႔ ျပည္တြင္းစစ္မီးေတြ ေတာက္ေနေသးတဲ့ ျမန္မာႏိုင္ငံမွာ NLD အစိုးရလက္ထက္ တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာနကို ဖြဲ႔စည္းတည္ေထာင္လာခဲ့ေပမယ့္၊ အဲဒီဝန္ႀကီးဌာနအေနနဲ႔ တိုင္းရင္းသားအေရးကိစၥေတြကို ထိေရာက္စြာ ကုိင္တြယ္ေျဖရွင္းေနတာမ်ဳိး မေတြ႔ရေသးဘူးလို႔ ႏိုင္ငံေရးမွာ ထဲထဲဝင္ဝင္ ပါဝင္ေနသူေတြနဲ႔ အကဲခပ္ေတြက သုံးသပ္ၾကပါတယ္။ ၃ ႏွစ္ေက်ာ္ သက္တမ္း ႐ွိလာၿပီျဖစ္တဲ့ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနရဲ႕ လုပ္ေဆာင္ခ်က္အေပၚမွာလည္း ေမးခြန္းထုတ္လာၾကပါတယ္။ ဒီအေၾကာင္း ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပုိင္း ျမန္မာႏိုင္ငံမွာ အႏွစ္ ၇၀ နီးပါး အခုခ်ိန္ထိေအာင္ျမင္စြာ ကိုင္တြယ္ေျဖရွင္းႏုိင္ျခင္း မရွိေသးတဲ့ျပႆနာကေတာ့ တိုင္းရင္းသားလူမ်ဳိးစုေတြရဲ႕ ကိုယ္ပိုင္ျပဌာန္းခြင့္နဲ႔ တန္းတူညီမွ်မႈ အခြင့္အေရး ျပႆနာေတြပဲ ျဖစ္ပါတယ္။ ဒါကိုသိတဲ့ NLD ပါတီက ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္မွာ တုိင္းရင္းသားအခြင့္အေရးနဲ႔ သက္ဆုိင္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ဦးစားေပးလုပ္မယ္လို႔ ေၾကညာခဲ့တဲ့အတုိင္း အစိုးရ တက္လာခါစ ဝန္ႀကီးဌာနေတြ ျပန္လည္ဖြဲ႔စည္းခ်ိန္မွာ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနကို စတင္ဖြဲ႔စည္းခဲ့ၿပီး မြန္တုိင္းရင္းသားေခါင္းေဆာင္ တဦးျဖစ္တဲ့ ႏိုင္သက္လြင္ကို ဝန္ႀကီးအျဖစ္ တာဝန္ေပးအပ္ခဲ့တာပါ။

တိုင္းရင္းသားေတြလိုအပ္ေနတဲ့ အေရးကိစၥကိုလုပ္ေဆာင္ဖို႔ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနကို ဖြဲ႔စည္းခဲ့ျခင္းမ်ဳိး ျဖစ္တယ္လို႔ သူနားလည္ ေၾကာင္း NLD ပါတီေျပာခြင့္ရပုဂၢဳိလ္ ေဒါက္တာမ်ဳိးညြန္႔က ရွင္းျပပါတယ္။

“ က်ေနာ္တို႔ သေဘာေပါက္တာကေတာ့ တိုင္းရင္းသားေရးရာ ၀န္ႀကီးက တိုင္းရင္းသားေတြနဲ႔ ပတ္သက္တဲ့ အေရးေတြအားလံုးကိုေဆာင္ရြက္ဖို႔ပါ။ ဒီအထဲမွာ ဘာသာစကား ၊ ယဥ္ေက်းမူ ၊ ေနာက္တခါ တိုင္းရင္းသားအခ်င္းခ်ငး္ အျပန္အလွန္နားလည္မႈ ရရွိဖို႔ ဒါကေနၿပီးေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ၊တိုင္းရင္းသားလက္နက္ကိုင္ေတြ ဒါေတြအထိ ပါသြားမွာပါ။”

ျမန္မာ့သမုိင္းမွာ ဘယ္တုန္းကမွ မရွိခဲ့ဖူးတဲ့ ဒီဝန္ႀကီးဌာနအေနနဲ႔ အခက္အခဲေတြ ရွိႏုိင္တာမွန္ေပမဲ့ တိုင္းရင္းသားအေရးအတြက္ ဝန္ႀကီး ႏိုင္သက္လြင္ရဲ႕ စိတ္ကူးစိတ္သန္းေတြအေပၚမွာ မူတည္လိမ့္မယ္လို႔ သုံးသပ္သူက သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ ျဖစ္ပါတယ္။

“တိုင္းရင္းသားေရးရာ ၀န္ႀကီးဌာနဆိုကတည္းကိုက တိုင္းရင္းသားအေရးေတြကုိပဲ ဦးစားေပးမယ္ဆိုၿပီးမွ သူတို႔ ရည္ရြယ္ခဲ့ပံုရတယ္။ ေလာေလာဆည္အစိုးရ သက္တမ္းေတာ္ေတာ္ၾကာလာတဲ့အခ်ိန္အထိ သူတို႔ ဒါက အသက္၀င္ေနတာကေတာ့ မေတြ႔ရဘူး။ ဒီတိုင္းျပည္မွာ တိုင္းရင္းသားအေရးကိစၥလုပ္ရမွာကေတာ့ အမ်ားႀကီးပဲ ။ ဒါေပမယ့္ ၀န္ႀကီးနဲ႔ ပဲ သက္ဆိုင္တယ္။ ၀န္ႀကီးက ဒါကို ဘယ္ေလာက္အထိ လုပ္မလဲဆိုတာဆိုတယ္။ ၀န္ႀကီးကလည္း အသစ္ျဖစ္တယ္ ေနာက္တခါ ဘယ္တုန္းကမွလည္း ၀န္ႀကီးမလုပ္ခဲ့ဘူးတဲ့အခါက်ေတာ့ ၀န္ႀကီးဌာနႀကီးတခုလံုး တည္ေဆာက္ဖို႔ဆိုေတာ့ သူလည္း မလုပ္တတ္ဘူးနဲ႔ တူပါတယ္ ၾကည့္ရတာ။”

တိုင္းရင္းသားေရးရာဝန္ႀကီးဌာန စဖြဲ႔ကတည္းက အားေကာင္းေမာင္းသန္ မရွိခဲ့ေပမဲ့ အခုအခ်ိန္မွာတိုးတက္မႈတခ်ဳိ႕ ျမင္ရတယ္လို႔၊ အပစ္ရပ္ တိုင္းရင္းသားလက္နက္ကိုင္အေရးမွာ ထဲထဲဝင္ဝင္လုပ္ေဆာင္ေနသူ ပအုိ႔ဝ္အမ်ဳိးသား လြတ္ေျမာက္ေရးအဖြဲ႔ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ခြန္ဥကၠာက ေျပာပါတယ္။

“ အထူးသျဖင့္ေတာ့ စဖြဲ႔တုန္းကေတာ့ အားေကာင္းေမာင္းသန္နဲ႔ မလာဘူး။ ဖြဲ႔စည္းပံု မျပည့္တာတို႔ structure မေကာင္းတာတို႔။ အခု ေတာ္ေတာ္ေလးေတာ့ ပံုစံ က်လာၿပီ။ ျပည္နယ္ေတြမွာလည္း ၀န္ႀကီးဌာန အခြဲေတြေပၚလာၿပီ ။ သို႔ေသာ္လည္း ၀န္ႀကီးဌာန ကိုင္စြဲရမယ့္ ျပဌာန္း ဥပေဒကေတာ့ တိုင္းရင္းသား အခြင့္အေရး ကာကြယ္တဲ့ ဥပေဒ တခုပဲ ရွိတယ္။ က်န္တာကေတာ့ ႏိုင္ငံေရးအခြင့္အေရးလို ၊ နယ္ေျမအခြင့္အေရးလို ကိစၥေတြမွာကေတာ့ ေဆြးေႏြးႏိုင္မယ့္အေျခအေနကေတာ့ မေတြ႔ရေသးဘူး။ ျဖစ္ေစခ်င္တာကေတာ့ တိုင္းရင္းသားေတြရဲ႕အခြင့္အေရး၊ ႏိုင္ငံေရး ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ ပိုၿပီးေတာ့ အရွိန္အဟုန္နဲ႔ ႀကိဳးစားေပးသင့္တာေပါ့။”

ဒီဝန္ႀကီးဌာနဟာ တကယ္ေတာ့ မလုိအပ္ဘူးလို႔ စဖြဲ႔စည္းခဲ့ခ်ိန္တုန္းက ဝါရင့္ တိုင္းရင္းသားေခါင္းေဆာင္ႀကီးေတြရဲ႕ အစည္းအေဝးတခုမွာ မွတ္ခ်က္ေပးေျပာဆုိသံေတြ ထြက္ေပၚဖူးပါတယ္။ ဒါေပမဲ့ ျမန္မာျပည္ရဲ႕သမုိင္းလုိအပ္ခ်က္အရ ဒီဝန္ႀကီးဌာန ရွိသင့္တာမွန္ေပမဲ့ လႈပ္ရွားမႈ အားနည္းေနတဲ့ ဝန္ႀကီးဌာနမျဖစ္သင့္ဘူးလို႔ ျမန္မာ့ႏိုင္ငံေရး ေဝဖန္သုံးသပ္သူ ဦးသန္းစိုးႏိုင္က ေထာက္ျပပါတယ္။

“တိုင္းရင္းသားေရးရာ၀န္ႀကီးဆိုတာက တကယ္ကေတာ့ တိုင္းရင္းသားအေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြလႈပ္ရားမူေတြမွာ ေတာ္ေတာ္ေလး ေပၚေပၚလြင္လြင္ ရွိရမွာေပါ့ဗ်ာ။ အဲဒီလႈပ္ရွားမႈအတြင္းမွာလည္း ဦးႏုိင္သက္လြင္ကို က်ေနာ္ သိပ္မေတြ႕ရဘူး။ တိုင္းရင္းသားေရးရာ ၀န္ႀကီးဌာန ရွိေတာ့ ရွိသင့္တယ္ ျမန္မာျပည္ရဲ႕အေနအထားအရ ။ ဒါေပမယ့္ ခက္တာက တိုင္းရင္းသားေရးရာေတြမွာ ဒီ၀န္ႀကီးဌာနရဲ႕ ပါ၀င္မႈအခန္းက႑နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ မေတြ႔ရ၊ မျမင္ရ၊ မၾကားရတဲ့အတြက္ေတာ့ က်ေနာ္တို႔အေနနဲ႔ အားရေက်နပ္စရာမရွိဘူးလို႔ က်ေနာ္ေျပာခ်င္တာပါ။”

ဝန္ႀကီးဌာန အသစ္တခုျဖစ္ေနတဲ့အတြက္ ဝန္ႀကီး ႏိုင္သက္လြင္အေနနဲ႔ ရႈပ္ေထြးလြန္းတဲ့ျပႆနာေတြ ကိုင္တြယ္ေျဖရွင္းဖို႔ ယုံၾကည္မႈ အားနည္းေနပုံရတယ္လုိ႔ NLD ေျပာခြင့္ရ ေဒါက္တာမ်ဳိးညြန္႔က သုံးသပ္ပါတယ္။

“တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာနက သူ႔လုပ္ငန္းေတြက ဌာနအသစ္ျဖစ္တဲ့အခါမွာ သူ႔လုပ္ေဆာင္ခ်က္ေတြက မပီျပင္ဘူးျဖစ္ေနတယ္လို႔ ျမင္ပါတယ္။ သူ႔ရဲ႕လုပ္ပိုင္ခြင့္ေတြကို သူ႔ကိုယ္တိုင္က ယံုၾကည္စိတ္ခ်မႈ မရွိလို႔ ျဖစ္ပါလိမ့္မယ္။ ေနာက္တခုက သူလုပ္ဆိုင္ရမယ့္ တိုင္းရင္းသားေရးရာက တနည္းအားျဖင့္ ၿငိမ္းခ်မ္းေရး ၊ လံုၿခံဳေရး ကိစၥေတြနဲ႔ ဆက္ႏြယ္ေနပါတယ္။ အဲဒီအခါမွာ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြကို တိတိက်က် ဆံုးျဖတ္ဖို႔အတြက္ သူ႔မွာ အခက္အခဲရွိေနတာလို႔ က်ေနာ္ျမင္ပါတယ္ခင္ဗ်။”

ဝန္ႀကီး ႏိုင္သက္လြင္ကို VOA ကဆက္သြယ္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ အဆက္သြယ္ မရခဲ့ပါဘူး။

NLD အစိုးရတက္လာခါစ ၂၀၁၆ မတ္လထဲ ဝန္ႀကီးဌာနေတြကုိ ဖြဲ႔စည္းေၾကညာတဲ့အခါ တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာနကိုဖြဲ႔စည္းခဲ့ၿပီး ဝန္ႀကီးအျဖစ္ ႏိုင္သက္လြင္ကုိ ခန္႔အပ္တာဝန္ေပးခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ NLD အစိုးရလက္ေအာက္ ဝန္ႀကီးဌာန(၂၄)ခု ႐ွိပါတယ္။ တိုင္းရင္းသားေရးရာ ဝန္ႀကီးဌာနအေနနဲ႔ ၂၀၂၀ ခုႏွစ္က်ရင္ တိုင္းရင္းသားလူမ်ိဳးမ်ား စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဖိုရမ္ကို ႏိုင္ငံေတာ္အဆင့္ က်င္းပႏိုင္ဖို႔ ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းနဲ႔ ပူးတြဲအေကာင္အထည္ေဖၚေနတယ္လို႔ ဆိုပါတယ္။

..................

[Unicode Version]

တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝ မရသေးလို့ ပြည်တွင်းစစ်မီးတွေ တောက်နေသေးတဲ့ မြန်မာနိုင်ငံမှာ NLD အစိုးရလက်ထက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်လာခဲ့ပေမယ့်၊ အဲဒီဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေတာမျိုး မတွေ့ရသေးဘူးလို့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေသူတွေနဲ့ အကဲခပ်တွေက သုံးသပ်ကြပါတယ်။ ၃ နှစ်ကျော် သက်တမ်း ရှိလာပြီဖြစ်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်အပေါ်မှာလည်း မေးခွန်းထုတ်လာကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနှစ် ၇၀ နီးပါး အခုချိန်ထိအောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ပြဿနာကတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု အခွင့်အရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါကိုသိတဲ့ NLD ပါတီက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်မှာ တိုင်းရင်းသားအခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ်မယ်လို့ ကြေညာခဲ့တဲ့အတိုင်း အစိုးရ တက်လာခါစ ဝန်ကြီးဌာနတွေ ပြန်လည်ဖွဲ့စည်းချိန်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး မွန်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ နိုင်သက်လွင်ကို ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့တာပါ။

တိုင်းရင်းသားတွေလိုအပ်နေတဲ့ အရေးကိစ္စကိုလုပ်ဆောင်ဖို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ခြင်းမျိုး ဖြစ်တယ်လို့ သူနားလည် ကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

“ ကျနော်တို့ သဘောပေါက်တာကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အရေးတွေအားလုံးကိုဆောင်ရွက်ဖို့ပါ။ ဒီအထဲမှာ ဘာသာစကား ၊ ယဉ်ကျေးမူ ၊ နောက်တခါ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု ရရှိဖို့ ဒါကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ဒါတွေအထိ ပါသွားမှာပါ။”

မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဒီဝန်ကြီးဌာနအနေနဲ့ အခက်အခဲတွေ ရှိနိုင်တာမှန်ပေမဲ့ တိုင်းရင်းသားအရေးအတွက် ဝန်ကြီး နိုင်သက်လွင်ရဲ့ စိတ်ကူးစိတ်သန်းတွေအပေါ်မှာ မူတည်လိမ့်မယ်လို့ သုံးသပ်သူက သတင်းစာဆရာ ဦးစည်သူအောင်မြင့် ဖြစ်ပါတယ်။

“တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဆိုကတည်းကိုက တိုင်းရင်းသားအရေးတွေကိုပဲ ဦးစားပေးမယ်ဆိုပြီးမှ သူတို့ ရည်ရွယ်ခဲ့ပုံရတယ်။ လောလောဆည်အစိုးရ သက်တမ်းတော်တော်ကြာလာတဲ့အချိန်အထိ သူတို့ ဒါက အသက်ဝင်နေတာကတော့ မတွေ့ရဘူး။ ဒီတိုင်းပြည်မှာ တိုင်းရင်းသားအရေးကိစ္စလုပ်ရမှာကတော့ အများကြီးပဲ ။ ဒါပေမယ့် ဝန်ကြီးနဲ့ ပဲ သက်ဆိုင်တယ်။ ဝန်ကြီးက ဒါကို ဘယ်လောက်အထိ လုပ်မလဲဆိုတာဆိုတယ်။ ဝန်ကြီးကလည်း အသစ်ဖြစ်တယ် နောက်တခါ ဘယ်တုန်းကမှလည်း ဝန်ကြီးမလုပ်ခဲ့ဘူးတဲ့အခါကျတော့ ဝန်ကြီးဌာနကြီးတခုလုံး တည်ဆောက်ဖို့ဆိုတော့ သူလည်း မလုပ်တတ်ဘူးနဲ့ တူပါတယ် ကြည့်ရတာ။”

တိုင်းရင်းသားရေးရာဝန်ကြီးဌာန စဖွဲ့ကတည်းက အားကောင်းမောင်းသန် မရှိခဲ့ပေမဲ့ အခုအချိန်မှာတိုးတက်မှုတချို့ မြင်ရတယ်လို့၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေသူ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ အထူးသဖြင့်တော့ စဖွဲ့တုန်းကတော့ အားကောင်းမောင်းသန်နဲ့ မလာဘူး။ ဖွဲ့စည်းပုံ မပြည့်တာတို့ structure မကောင်းတာတို့။ အခု တော်တော်လေးတော့ ပုံစံ ကျလာပြီ။ ပြည်နယ်တွေမှာလည်း ဝန်ကြီးဌာန အခွဲတွေပေါ်လာပြီ ။ သို့သော်လည်း ဝန်ကြီးဌာန ကိုင်စွဲရမယ့် ပြဌာန်း ဥပဒေကတော့ တိုင်းရင်းသား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေ တခုပဲ ရှိတယ်။ ကျန်တာကတော့ နိုင်ငံရေးအခွင့်အရေးလို ၊ နယ်မြေအခွင့်အရေးလို ကိစ္စတွေမှာကတော့ ဆွေးနွေးနိုင်မယ့်အခြေအနေကတော့ မတွေ့ရသေးဘူး။ ဖြစ်စေချင်တာကတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုပြီးတော့ အရှိန်အဟုန်နဲ့ ကြိုးစားပေးသင့်တာပေါ့။”

ဒီဝန်ကြီးဌာနဟာ တကယ်တော့ မလိုအပ်ဘူးလို့ စဖွဲ့စည်းခဲ့ချိန်တုန်းက ဝါရင့် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ အစည်းအဝေးတခုမှာ မှတ်ချက်ပေးပြောဆိုသံတွေ ထွက်ပေါ်ဖူးပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့သမိုင်းလိုအပ်ချက်အရ ဒီဝန်ကြီးဌာန ရှိသင့်တာမှန်ပေမဲ့ လှုပ်ရှားမှု အားနည်းနေတဲ့ ဝန်ကြီးဌာနမဖြစ်သင့်ဘူးလို့ မြန်မာ့နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

“တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာက တကယ်ကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလှုပ်ရားမူတွေမှာ တော်တော်လေး ပေါ်ပေါ်လွင်လွင် ရှိရမှာပေါ့ဗျာ။ အဲဒီလှုပ်ရှားမှုအတွင်းမှာလည်း ဦးနိုင်သက်လွင်ကို ကျနော် သိပ်မတွေ့ရဘူး။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရှိတော့ ရှိသင့်တယ် မြန်မာပြည်ရဲ့အနေအထားအရ ။ ဒါပေမယ့် ခက်တာက တိုင်းရင်းသားရေးရာတွေမှာ ဒီဝန်ကြီးဌာနရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မတွေ့ရ၊ မမြင်ရ၊ မကြားရတဲ့အတွက်တော့ ကျနော်တို့အနေနဲ့ အားရကျေနပ်စရာမရှိဘူးလို့ ကျနော်ပြောချင်တာပါ။”

ဝန်ကြီးဌာန အသစ်တခုဖြစ်နေတဲ့အတွက် ဝန်ကြီး နိုင်သက်လွင်အနေနဲ့ ရှုပ်ထွေးလွန်းတဲ့ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းဖို့ ယုံကြည်မှု အားနည်းနေပုံရတယ်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က သုံးသပ်ပါတယ်။

“တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက သူ့လုပ်ငန်းတွေက ဌာနအသစ်ဖြစ်တဲ့အခါမှာ သူ့လုပ်ဆောင်ချက်တွေက မပီပြင်ဘူးဖြစ်နေတယ်လို့ မြင်ပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို သူ့ကိုယ်တိုင်က ယုံကြည်စိတ်ချမှု မရှိလို့ ဖြစ်ပါလိမ့်မယ်။ နောက်တခုက သူလုပ်ဆိုင်ရမယ့် တိုင်းရင်းသားရေးရာက တနည်းအားဖြင့် ငြိမ်းချမ်းရေး ၊ လုံခြုံရေး ကိစ္စတွေနဲ့ ဆက်နွယ်နေပါတယ်။ အဲဒီအခါမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို တိတိကျကျ ဆုံးဖြတ်ဖို့အတွက် သူ့မှာ အခက်အခဲရှိနေတာလို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ဝန်ကြီး နိုင်သက်လွင်ကို VOA ကဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။

NLD အစိုးရတက်လာခါစ ၂၀၁၆ မတ်လထဲ ဝန်ကြီးဌာနတွေကို ဖွဲ့စည်းကြေညာတဲ့အခါ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့ပြီး ဝန်ကြီးအဖြစ် နိုင်သက်လွင်ကို ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိတော့ NLD အစိုးရလက်အောက် ဝန်ကြီးဌာန(၂၄)ခု ရှိပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေနဲ့ ၂၀၂၀ ခုနှစ်ကျရင် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို နိုင်ငံတော်အဆင့် ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနဲ့ ပူးတွဲအကောင်အထည်ဖေါ်နေတယ်လို့ ဆိုပါတယ်။

တိုင္းရင္းသား၀န္ႀကီးဌာန ထိေရာက္မႈ႐ွိသလား
please wait

No media source currently available

0:00 0:05:29 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG