သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD နဲ႔ က်န္ေနတဲ့ တုိင္းရင္းသားပါတီေတြ ေတြ႔ဆုံေရး အလားအလာ


တုိင္းရင္းသားပါတီေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးေနတဲ့ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖြဲ႔။ (ဇန္နဝါရီ ၀၄၊ ၂၀၂၁။ ဓာတ္ပုံ - National League for Democracy - Mon State)

(Zawgyi / Unicode)

ေရြးေကာက္ပြဲအႏိုင္ရ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ အစိုးရသစ္မဖြဲ႔ခင္ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးေနရာမွာ အရင္ ကခ်င္၊ မြန္နဲ႔ အခု ကယားနဲ႔ ရွမ္းျပည္နယ္ခရီးစဥ္ အၿပီးမွာ ဘယ္လိုအစီအစဥ္ ဆက္ရွိႏိုင္တာကို NLD ေတြ႔ဆံုေရးအဖြဲ႔ေခါင္းေဆာင္၊ ေနာက္ ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (CNLD) ပါတီ ေခါင္းေဆာင္ေတြကို ကုိဝင္းမင္းက ဆက္သြယ္ေမးျမန္းရာမွာ ANP ဥကၠ႒ ဦးသာထြန္းလွက အခုလို စရွင္းျပပါတယ္။

ဦးသာထြန္းလွ - “က်ေနာ္တုိ႔ကုိေတာ့ ဘာမွ အေၾကာင္းၾကားတာ မရွိေသးဘူး။ ေတာင္ႀကီးမွာေတြ႔ၿပီးမွ သတင္းမီဒီယာေတြကုိ ေျပာတဲ့စကားေလာက္ပဲ က်ေနာ္တုိ႔ သိတယ္။ က်ေနာ္တုိ႔ NLD ပါတီနဲ႔ဆုိရင္ ၂၀၁၅ အလြန္ကတည္းက ပါတီအခ်င္းခ်င္း အဲဒီလုိ ဆက္ဆံမႈေတာ့ မရွိဘူး။ တခ်ဳိ႕ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကေတာ့ လႊတ္ေတာ္အခင္းအက်င္းထဲက ပုဂၢဳိလ္ေရး ဆက္ဆံမႈေတြေတာ့ ရွိေကာင္းရွိႏုိင္တယ္။ ၿငိမ္းခ်မ္းေရး၊ ပင္လုံညီလာခံနဲ႔ ပတ္သက္ၿပီး တခ်ဳိ႕ပုဂၢဳိလ္ေတြကလည္း က်ေနာ္တုိ႔နဲ႔ ရင္းႏွီးတဲ့ ပုဂၢဳိလ္ေတြလည္း ရွိပါတယ္။ တခါတေလ ဖုန္းအဆက္အသြယ္ရွိလုိ႔ ေျပာတာရွိတယ္။ ဒါေပမယ့္ လူပုဂၢဳိလ္ေရးအရ သတင္းေမးတဲ့ အေျခအေနပဲ ရွိတယ္လုိ႔ ေျပာတယ္။ ဒါေပမယ့္ အခု ဒီ ေတြ႔ဆုံေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ကာ က်ေနာ္တုိ႔ကုိ အေၾကာင္းၾကားတာေတာ့ ဘာမွမရွိေသးဘူး။”

အလားတူ အရင္ ခ်င္းပါတီေတြေပါင္းဖြဲ႔ထားတဲ့ CNLD ခ်င္းအမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပူးတြဲဥကၠ႒ ဦးဇုိဇမ္းကလည္း အခုလိုေျပာပါတယ္။

ဦးဇိုဇမ္း - “ေလာေလာဆယ္ေတာ့ သူတုိ႔ဆီကေန တရားဝင္ အေၾကာင္းၾကားစာေတြ ဘာေတြ က်ေနာ္တုိ႔ ခ်င္းပါတီနဲ႔ေတြ႔မယ္ ဘာညာ ေျပာတဲ့ဟာေတြက Officially (တရားဝင္) က်ေနာ္တုိ႔ လက္ခံမရရွိေသးဘူးေလ။ အဲဒီေတာ့ ဘာပဲျဖစ္ျဖစ္ အခု အစုိးရသစ္ဖြဲ႔မယ့္ လူေတြရဲ႕ ရည္ရြယ္ခ်က္ျဖစ္တဲ့ National Unity Government (အမ်ဳိးသားညီညြတ္ေရးအစုိးရ) ဆုိတဲ့ဟာက အင္မတန္ ပုိေကာင္းတဲ့ အေျခအေနတခုပါ။ တကယ္တမ္း ဖြဲ႔ႏုိင္မယ္ဆုိလုိ႔ရွိရင္ေလ။ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံက တုိင္းရင္းသားေပါင္းစုံနဲ႔ ထူေထာင္ခဲ့တဲ့ ႏုိင္ငံဆုိလည္း မမွားဘူးေပါ့ဗ်ာ။ လြတ္လပ္ေရး မယူခင္ကတည္းက က်ေနာ္တုိ႔ အဲဒီဟာအတြက္ National Unity Government ဖြဲ႔ခ်င္လုိ႔ က်ေနာ္တုိ႔က လြတ္လပ္ေရး ယူၾကတာပဲ။ အဲဒီေတာ့ ဒီဟာကုိ ေသေသခ်ာခ်ာ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ပဲ အေရးႀကီးပါတယ္။”

NLD ရဲ႕ ေနာက္ခရီးစဥ္ အေျခအေနအေပၚ ေတြ႔ဆုံေဆြးေႏြးေရးေခါင္းေဆာင္ကုိ ေမးရာမွာ မေကြးတုိင္းဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ NLD ပါတီ အတြင္းေရးမွဴး ၃ လည္းျဖစ္သူ ေဒါက္တာ ေအာင္မုိးညိဳက အခုလိုေျပာျပပါတယ္။

ေဒါက္တာ ေအာင္မုိးညိဳ - “ေနာက္ခရီးအတြက္ ဘာမွ မညႊန္ၾကားေသးဘူး။ က်ေနာ္တုိ႔ ၂၄ ရက္ေန႔က်ရင္ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ အစည္းအေဝးရွိတယ္၊ ေနျပည္ေတာ္မွာ။ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ အစည္းအေဝးက်ရင္ သိရင္ သိရမွာေပါ့။ ဘာမွမသိေသးဘူး ေလာေလာဆယ္ကေတာ့။ အစီရင္ခံစာတင္ခဲ့ၿပီ CEC ကုိ ႐ုံးအဖြဲ႔ကုိ ေပးခဲ့ၿပီ။ ျပည္နယ္ ၃ ခုက ရခုိင္ကေတာ့ သိတဲ့အတုိင္းပဲေလ၊ လုံၿခံဳေရးကိစၥက ရွိတယ္ေလ။ ရခုိင္အမ်ဳိးသားပါတီ (ANP) က ႏုိင္တာေနာ္။ အဲဒီေတာ့ ဟုိ ကရင္တုိ႔၊ ခ်င္းတုိ႔က်ေတာ့လည္း ဘာမွ ျပႆနာမရွိဘူးေပါ့ဗ်ာ။ အဖြဲ႔ခ်ဳပ္က ဦးေဆာင္မႈေပးၿပီးေတာ့မွ လႊတ္ေတာ္ေခၚတာတုိ႔ အစုိးရဖြဲ႔တာတုိ႔ လုပ္ႏုိင္တဲ့ အေနအထားမွာ ရွိတယ္ဆုိေတာ့။ အဲဒါ သြားဖုိ႔ လုိဦးမလားေတာ့ မသိဘူး။”

အခုလုိ ရခုိင္ျပည္နယ္ကုိ လုံၿခံဳေရးစုိးရိမ္ခ်က္ေၾကာင့္ လာဖုိ႔ စဥ္းစားရခက္ေနတဲ့အေပၚ ရခုိင္အမ်ဳိးသားပါတီဘက္ကေရာ အဆင္ေျပေအာင္ စဥ္းစားခ်က္ ရွိထားပါသလားလုိ႔ ေမးရာမွာ ဦးသာထြန္းလွက အခုလိုေျပာပါတယ္။

ဦးသာထြန္းလွ - “က်ေနာ္တုိ႔ဆီကုိ ေလာေလာဆယ္ တရားဝင္ ဘာမွ ကမ္းလွမ္းထားတာလည္း မရွိေသးတဲ့ အတြက္က်ေတာ့ကာ အဲဒီအေပၚမွာ က်ေနာ္တုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ဘာမွ ပါတီထဲမွာလည္း ေဆြးေႏြးတုိင္ပင္ထားတာ သိပ္မရွိေသးတဲ့ အေျခအေနရွိတယ္။ က်ေနာ္တုိ႔လည္း အဲဒီလုိျဖစ္ေနတဲ့ အေျခအေနအေပၚမွာ တစုံတရာေတာ့ က်ေနာ္တုိ႔ စဥ္းစားထားပါတယ္။ တိတိက်က်ေျပာဖုိ႔ေတာ့ ေလာေလာဆယ္ ဒီအခ်ိန္မွာ ေျပာဖုိ႔ ေစာေသးတယ္လုိ႔ က်ေနာ္ျမင္တယ္။ အဲဒါေၾကာင့္ ေတြ႔ဆုံေဆြးေႏြးၿပီဆုိရင္ ေတြ႔ဆုံေဆြးေႏြးေရး အခက္အခဲကုိေတာ့ ႀကိဳတင္အသိေပးဖုိ႔ လုိတယ္။ အေၾကာင္းၾကားဖုိ႔လုိတယ္။ ဘယ္လုိအေၾကာင္းအရာေတြကုိ ေဆြးေႏြးမယ္၊ ဘယ္ေနရာမွာ ေဆြးေႏြးမယ္ ဆုိတဲ့ဥစၥာကုိ တရားဝင္ အသိေပးဖုိ႔ လုိမယ္လုိ႔ျမင္တယ္။”

ဒါ့အျပင္ NLD အဖြဲ႔အေနနဲ႔ ခ်င္းျပည္နယ္ကုိလာဖုိ႔ လုိမလုိ အေျခအေနအေပၚ ခ်င္းအမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပူးတြဲဥကၠ႒ ဦးဇုိဇမ္းကုိ ေမးရာမွာလည္း သူက အခုလို ရွင္းျပပါတယ္။

ဦးဇုိဇမ္း - “က်ေနာ္ထင္ပါတယ္၊ ဒီဟာကေတာ့ က်ေနာ္တုိ႔ကေတာ့ ဦးစားေပး အေနအထားမ်ဳိးေတာ့ ရွိခ်င္မွရွိမယ္။ တေနရာပဲ ႏုိင္ထားတဲ့လူကုိး။ ဒါေပမယ့္ က်ေနာ္တုိ႔ဟာ ျပည္နယ္ကုိယ္စားျပဳထားတဲ့ ပါတီတခုပဲဗ်ာ။ ႏုိင္ေသာ္ရွိ၊ မႏုိင္ေသာ္ရွိ က်ေနာ္တုိ႔ကုိေတာ့ စကားေတာ့ ေျပာသင့္တာေပါ့ဗ်ာ။ ရန္ကုန္မွာပဲျဖစ္ျဖစ္၊ ခ်င္းပါတီေခါင္းေဆာင္ေတြက ရန္ကုန္မွာ အခုက ေရာက္ေနၾကတာကုိး။ ဟားခါးသြားေတြ႔မယ္ဆုိရင္ သြားေရးလာေရးကအစ ေနရာအခက္အခဲေတြကလည္း ရွိတာကုိး။ က်ေနာ္ေျပာေနတာေတြက က်ေနာ့္ သေဘာထားေတြပါ၊ ဟုိ ပါတီသေဘာထားမ်ဳိး ဆုိတာထက္ေလ။”

တကယ္ေတာ့ လာမယ့္ ေဖေဖာ္ဝါရီလဆန္းမွာ လႊတ္ေတာ္သစ္ ေခၚထားခ်ိန္မွာ ဒီ NLD ေနာက္ခရီးစဥ္အတြက္ လာမယ့္ ဇန္နဝါရီ ၂၄ ရက္၊ တနဂၤေႏြမွာလုပ္မယ့္ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေဝးမွာ ဆုံးျဖတ္မွာမုိ႔ ၾကားမွာ အခ်ိန္အနည္းငယ္သာ က်န္ပါေတာ့တယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

NLD နဲ့ ကျန်နေတဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံရေး အလားအလာ

ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရသစ်မဖွဲ့ခင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေရာမှာ အရင် ကချင်၊ မွန်နဲ့ အခု ကယားနဲ့ ရှမ်းပြည်နယ်ခရီးစဉ် အပြီးမှာ ဘယ်လိုအစီအစဉ် ဆက်ရှိနိုင်တာကို NLD တွေ့ဆုံရေးအဖွဲ့ခေါင်းဆောင်၊ နောက် ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ခေါင်းဆောင်တွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက အခုလို စရှင်းပြပါတယ်။

ဦးသာထွန်းလှ - “ကျနော်တို့ကိုတော့ ဘာမှ အကြောင်းကြားတာ မရှိသေးဘူး။ တောင်ကြီးမှာတွေ့ပြီးမှ သတင်းမီဒီယာတွေကို ပြောတဲ့စကားလောက်ပဲ ကျနော်တို့ သိတယ်။ ကျနော်တို့ NLD ပါတီနဲ့ဆိုရင် ၂၀၁၅ အလွန်ကတည်းက ပါတီအချင်းချင်း အဲဒီလို ဆက်ဆံမှုတော့ မရှိဘူး။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လွှတ်တော်အခင်းအကျင်းထဲက ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတွေတော့ ရှိကောင်းရှိနိုင်တယ်။ ငြိမ်းချမ်းရေး၊ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး တချို့ပုဂ္ဂိုလ်တွေကလည်း ကျနော်တို့နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ တခါတလေ ဖုန်းအဆက်အသွယ်ရှိလို့ ပြောတာရှိတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်ရေးအရ သတင်းမေးတဲ့ အခြေအနေပဲ ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အခု ဒီ တွေ့ဆုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ကာ ကျနော်တို့ကို အကြောင်းကြားတာတော့ ဘာမှမရှိသေးဘူး။”

အလားတူ အရင် ချင်းပါတီတွေပေါင်းဖွဲ့ထားတဲ့ CNLD ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲဥက္ကဋ္ဌ ဦးဇိုဇမ်းကလည်း အခုလိုပြောပါတယ်။

ဦးဇိုဇမ်း - “လောလောဆယ်တော့ သူတို့ဆီကနေ တရားဝင် အကြောင်းကြားစာတွေ ဘာတွေ ကျနော်တို့ ချင်းပါတီနဲ့တွေ့မယ် ဘာညာ ပြောတဲ့ဟာတွေက Officially (တရားဝင်) ကျနော်တို့ လက်ခံမရရှိသေးဘူးလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အခု အစိုးရသစ်ဖွဲ့မယ့် လူတွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ National Unity Government (အမျိုးသားညီညွတ်ရေးအစိုးရ) ဆိုတဲ့ဟာက အင်မတန် ပိုကောင်းတဲ့ အခြေအနေတခုပါ။ တကယ်တမ်း ဖွဲ့နိုင်မယ်ဆိုလို့ရှိရင်လေ။ ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံနဲ့ ထူထောင်ခဲ့တဲ့ နိုင်ငံဆိုလည်း မမှားဘူးပေါ့ဗျာ။ လွတ်လပ်ရေး မယူခင်ကတည်းက ကျနော်တို့ အဲဒီဟာအတွက် National Unity Government ဖွဲ့ချင်လို့ ကျနော်တို့က လွတ်လပ်ရေး ယူကြတာပဲ။ အဲဒီတော့ ဒီဟာကို သေသေချာချာ အကောင်အထည်ဖော်နိုင်ဖို့ပဲ အရေးကြီးပါတယ်။”

NLD ရဲ့ နောက်ခရီးစဉ် အခြေအနေအပေါ် တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင်ကို မေးရာမှာ မကွေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ NLD ပါတီ အတွင်းရေးမှူး ၃ လည်းဖြစ်သူ ဒေါက်တာ အောင်မိုးညိုက အခုလိုပြောပြပါတယ်။

ဒေါက်တာ အောင်မိုးညို - “နောက်ခရီးအတွက် ဘာမှ မညွှန်ကြားသေးဘူး။ ကျနော်တို့ ၂၄ ရက်နေ့ကျရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရှိတယ်၊ နေပြည်တော်မှာ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျရင် သိရင် သိရမှာပေါ့။ ဘာမှမသိသေးဘူး လောလောဆယ်ကတော့။ အစီရင်ခံစာတင်ခဲ့ပြီ CEC ကို ရုံးအဖွဲ့ကို ပေးခဲ့ပြီ။ ပြည်နယ် ၃ ခုက ရခိုင်ကတော့ သိတဲ့အတိုင်းပဲလေ၊ လုံခြုံရေးကိစ္စက ရှိတယ်လေ။ ရခိုင်အမျိုးသားပါတီ (ANP) က နိုင်တာနော်။ အဲဒီတော့ ဟို ကရင်တို့၊ ချင်းတို့ကျတော့လည်း ဘာမှ ပြဿနာမရှိဘူးပေါ့ဗျာ။ အဖွဲ့ချုပ်က ဦးဆောင်မှုပေးပြီးတော့မှ လွှတ်တော်ခေါ်တာတို့ အစိုးရဖွဲ့တာတို့ လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုတော့။ အဲဒါ သွားဖို့ လိုဦးမလားတော့ မသိဘူး။”

အခုလို ရခိုင်ပြည်နယ်ကို လုံခြုံရေးစိုးရိမ်ချက်ကြောင့် လာဖို့ စဉ်းစားရခက်နေတဲ့အပေါ် ရခိုင်အမျိုးသားပါတီဘက်ကရော အဆင်ပြေအောင် စဉ်းစားချက် ရှိထားပါသလားလို့ မေးရာမှာ ဦးသာထွန်းလှက အခုလိုပြောပါတယ်။

ဦးသာထွန်းလှ - “ကျနော်တို့ဆီကို လောလောဆယ် တရားဝင် ဘာမှ ကမ်းလှမ်းထားတာလည်း မရှိသေးတဲ့ အတွက်ကျတော့ကာ အဲဒီအပေါ်မှာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဘာမှ ပါတီထဲမှာလည်း ဆွေးနွေးတိုင်ပင်ထားတာ သိပ်မရှိသေးတဲ့ အခြေအနေရှိတယ်။ ကျနော်တို့လည်း အဲဒီလိုဖြစ်နေတဲ့ အခြေအနေအပေါ်မှာ တစုံတရာတော့ ကျနော်တို့ စဉ်းစားထားပါတယ်။ တိတိကျကျပြောဖို့တော့ လောလောဆယ် ဒီအချိန်မှာ ပြောဖို့ စောသေးတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးပြီဆိုရင် တွေ့ဆုံဆွေးနွေးရေး အခက်အခဲကိုတော့ ကြိုတင်အသိပေးဖို့ လိုတယ်။ အကြောင်းကြားဖို့လိုတယ်။ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးမယ်၊ ဘယ်နေရာမှာ ဆွေးနွေးမယ် ဆိုတဲ့ဥစ္စာကို တရားဝင် အသိပေးဖို့ လိုမယ်လို့မြင်တယ်။”

ဒါ့အပြင် NLD အဖွဲ့အနေနဲ့ ချင်းပြည်နယ်ကိုလာဖို့ လိုမလို အခြေအနေအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲဥက္ကဋ္ဌ ဦးဇိုဇမ်းကို မေးရာမှာလည်း သူက အခုလို ရှင်းပြပါတယ်။

ဦးဇိုဇမ်း - “ကျနော်ထင်ပါတယ်၊ ဒီဟာကတော့ ကျနော်တို့ကတော့ ဦးစားပေး အနေအထားမျိုးတော့ ရှိချင်မှရှိမယ်။ တနေရာပဲ နိုင်ထားတဲ့လူကိုး။ ဒါပေမယ့် ကျနော်တို့ဟာ ပြည်နယ်ကိုယ်စားပြုထားတဲ့ ပါတီတခုပဲဗျာ။ နိုင်သော်ရှိ၊ မနိုင်သော်ရှိ ကျနော်တို့ကိုတော့ စကားတော့ ပြောသင့်တာပေါ့ဗျာ။ ရန်ကုန်မှာပဲဖြစ်ဖြစ်၊ ချင်းပါတီခေါင်းဆောင်တွေက ရန်ကုန်မှာ အခုက ရောက်နေကြတာကိုး။ ဟားခါးသွားတွေ့မယ်ဆိုရင် သွားရေးလာရေးကအစ နေရာအခက်အခဲတွေကလည်း ရှိတာကိုး။ ကျနော်ပြောနေတာတွေက ကျနော့် သဘောထားတွေပါ၊ ဟို ပါတီသဘောထားမျိုး ဆိုတာထက်လေ။”

တကယ်တော့ လာမယ့် ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်သစ် ခေါ်ထားချိန်မှာ ဒီ NLD နောက်ခရီးစဉ်အတွက် လာမယ့် ဇန်နဝါရီ ၂၄ ရက်၊ တနင်္ဂနွေမှာလုပ်မယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်မှာမို့ ကြားမှာ အချိန်အနည်းငယ်သာ ကျန်ပါတော့တယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG