{{Zawgyi/Unicode}}
ယူကရိန္းအတြက္ လက္နက္အကူအညီေတြေပးေနတဲ့အေပၚ ရုရွားရဲ႕ဆန႔္က်င္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္က ယူကရိန္းကို ေနာက္ထပ္စစ္ေရးအကူအညီ ေဒၚလာသန္းေပါင္း ၄ဝဝ ေပးအပ္ဖို႔ ေသာၾကာေန႔က ကမ္းလွမ္းလိုက္ပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတ Joe Biden က ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz ကို အိမ္ျဖဴေတာ္မွာလက္ခံေတြ႕ဆုံၿပီး ႐ုရွားကိုဆန႔္က်င္ၾကရာမွာ ညီၫြတ္ေၾကာင္း ျပသခဲ့ၾကပါတယ္။
အေနာက္ႏိုင္ငံေတြက ယူကရိန္းကိုလက္နက္အကူအညီေတြေပးတာဟာ ႐ုရွားထိုးစစ္ကိုတန္ျပန္ဖို႔ နဲ႔ ဆုံးရႈံးသြားတဲ့နယ္ေျမေတြ ျပန္လည္ရရွိေစဖို႔ အဓိက ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလို လက္နက္အကူအညီေတြေပးတာဟာ ယူကရိန္းစစ္ပြဲပဋိပကၡကို ပိုမိုၾကာရွည္ေစၿပီး ယူကရိန္းျပည္သူေတြအတြက္ ဝမ္းနည္းစရာ အက်ိဳးဆက္ေတြပဲ ျဖစ္ေစတယ္လို႔ ႐ုရွားက ေျပာပါတယ္။ အဲဒီလို ယူကရိန္းကို လက္နက္ေတြ အကူအညီေပးတဲ့အတြက္ ဂ်ာမန္အပါအဝင္ အေနာက္ႏိုင္ငံေတြအေနနဲ႔ စီးပြားေရးအရ သိသိသာသာ ဝန္ထုပ္ဝန္ပိုးျဖစ္ေစၿပီး သူတို႔ရဲ႕ ျပည္သူေတြအတြက္လည္း ဆိုးက်ိဳးသက္ေရာက္ေစတယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ေျပာပါတယ္။
ရုရွားတို႔က ဘယ္လိုပဲ သတိေပးခ်က္ေတြထုတ္ျပန္ေနေပမယ့္လည္း အေမရိကန္ကေတာ့ လ်စ္လွ်ဴရႈၿပီး ရုရွားတပ္ဖြဲ႔ေတြကိုတိုက္ခိုက္ရာမွာ ထိေရာက္မႈရွိတဲ့ HIMARS ဒုံးက်ည္ပစ္စနစ္ေတြအပါအဝင္ စစ္ေရးအကူအညီေတြ ယူကရိန္းကိုေပးအပ္ဖို႔ ေၾကညာလိုက္ပါတယ္။
အေမရိကန္နဲ႔ ဂ်ာမန္တို႔ၾကားမွာ ယူကရိန္းကို တင့္ကားေတြအကူအညီေပးေရးနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈေတြရွိခဲ့ၿပီးေနာက္ ၂ ႏိုင္ငံၾကား မဟာမိတ္ ဆက္ဆံေရးကို ျပသတဲ့အေနနဲ႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Scholz က အေမရိကန္ကို လာေရာက္ခဲ့တာျဖစ္ပါတယ္။ ယူကရိန္းကို ရုရွားက်ဴးေက်ာ္မႈစတင္ကတည္းက ဂ်ာမန္ဝန္ႀကီးခ်ဳပ္ရဲ႕ အခု အေမရိကန္ခရီးစဥ္ဟာ ပထမဆုံးျဖစ္ပါတယ္။
=============
{{Unicode}}
ယူကရိန်းကို ကန် စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာသန်း ၄၀၀ ပေးမည်
ယူကရိန်းအတွက် လက်နက်အကူအညီတွေပေးနေတဲ့အပေါ် ရုရှားရဲ့ဆန့်ကျင်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၄ဝဝ ပေးအပ်ဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတ Joe Biden က ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကို အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံပြီး ရုရှားကိုဆန့်ကျင်ကြရာမှာ ညီညွတ်ကြောင်း ပြသခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကိုလက်နက်အကူအညီတွေပေးတာဟာ ရုရှားထိုးစစ်ကိုတန်ပြန်ဖို့ နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်လည်ရရှိစေဖို့ အဓိက ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို လက်နက်အကူအညီတွေပေးတာဟာ ယူကရိန်းစစ်ပွဲပဋိပက္ခကို ပိုမိုကြာရှည်စေပြီး ယူကရိန်းပြည်သူတွေအတွက် ဝမ်းနည်းစရာ အကျိုးဆက်တွေပဲ ဖြစ်စေတယ်လို့ ရုရှားက ပြောပါတယ်။ အဲဒီလို ယူကရိန်းကို လက်နက်တွေ အကူအညီပေးတဲ့အတွက် ဂျာမန်အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ စီးပွားရေးအရ သိသိသာသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး သူတို့ရဲ့ ပြည်သူတွေအတွက်လည်း ဆိုးကျိုးသက်ရောက်စေတယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါတယ်။
ရုရှားတို့က ဘယ်လိုပဲ သတိပေးချက်တွေထုတ်ပြန်နေပေမယ့်လည်း အမေရိကန်ကတော့ လျစ်လျှူရှုပြီး ရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ရာမှာ ထိရောက်မှုရှိတဲ့ HIMARS ဒုံးကျည်ပစ်စနစ်တွေအပါအဝင် စစ်ရေးအကူအညီတွေ ယူကရိန်းကိုပေးအပ်ဖို့ ကြေညာလိုက်ပါတယ်။
အမေရိကန်နဲ့ ဂျာမန်တို့ကြားမှာ ယူကရိန်းကို တင့်ကားတွေအကူအညီပေးရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီးနောက် ၂ နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးကို ပြသတဲ့အနေနဲ့ ဂျာမန်ဝန်ကြီးချုပ် Scholz က အမေရိကန်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုစတင်ကတည်းက ဂျာမန်ဝန်ကြီးချုပ်ရဲ့ အခု အမေရိကန်ခရီးစဉ်ဟာ ပထမဆုံးဖြစ်ပါတယ်။