သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Prigozhin လေယာဉ်ပျက်ကျတဲ့အကြောင်းရင်း ယတိပြတ် မပြောနိုင်သေး


ရုရှားကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin စီးနင်းလိုက်ပါလာတဲ့ ကိုယ်ပိုင်လေယာဥ် ပျက်ကျခဲ့ပြီး လေယာဥ်ပျက်ရဲ့အစိတ်အပိုင်းကို စစ်ဆေးနေတဲ့ စစ်ဘက်အရာရှိတဦး (သြဂုတ်လ ၂၄၊ ၂၀၂၃)
ရုရှားကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin စီးနင်းလိုက်ပါလာတဲ့ ကိုယ်ပိုင်လေယာဥ် ပျက်ကျခဲ့ပြီး လေယာဥ်ပျက်ရဲ့အစိတ်အပိုင်းကို စစ်ဆေးနေတဲ့ စစ်ဘက်အရာရှိတဦး (သြဂုတ်လ ၂၄၊ ၂၀၂၃)

ရုရှား ကြေးစားတပ်ခေါင်းဆောင် Yevgeny Prigozhin သေဆုံးသွားပြီလို့ ယူဆထားတဲ့ လေယာဉ်ပျက်ကျမှုဟာ လုပ်ကြံဖောက်ခွဲမှုကြောင့်ဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးရဲ့ကနဦးသုံးသပ်ချက်က ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ရုရှားသမ္မတ Putin ကတော့ သူ့ရဲ့ ၂၃ နှစ်ကြာအုပ်ချုပ်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှု အခြေအနေတရပ်ကိုဖော်ဆောင်ခဲ့သူ Prigozhin ကို အမွှမ်းတင် ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ရုရှားကြေးစားတပ်ဖွဲ့ Wagner အကြီးအကဲ Yebgeny Prigozhin သေဆုံးသွားပြီလို့ အမေရိကန်ကယူဆကြောင်း အမေရိကန်စစ်ဌာနချုပ် Pentagon က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချခဲ့တယ်ဆိုတဲ့ ဖော်ပြချက်တွေကတော့ မှန်တယ်လို့ ယတိပြတ်မပြောနိုင်ဘူးလို့ Pentagon ပြောခွင့်ရ Pat Ryder က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကနဦး ဆန်းစစ်ချက်တွေအရတော့ Prigozhin သေဆုံးသွားခဲ့ပြီဖြစ်ပုံရပြီး အခြေအနေကို ဆက်ပြီး ဆန်းစစ်နေပါတယ်။ အခုအချိန်ထိတော့ ဘာအချက်အလက်မှ မရှိသေးပါဘူး။ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည် အသုံးပြုခဲ့တယ်ဆိုတာမျိုးသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒီ အချက်အလက်က မှန်တယ်လို့ ယတိပြတ်မပြောနိုင်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်သုံးတယ်ဆိုတဲ့ သတင်းအချက်၊ သဲလွန်စ မရှိပါဘူး။"

"Prigozhin ကို သိခဲ့တာ ကြာပါပြီ။ ၁၉၉၀ အစောပိုင်းကတည်းပါ။ သူဟာ အခက်အခဲတွေအများအပြား ကြုံရတဲ့သူ၊ ဘဝမှာ အမှားကြီးတွေလည်း ရှိခဲ့သူပါ။" (ရုရှားသမ္မတ ပူတင်)

Prigozhin ကို ပစ်မှတ်ထားခဲ့တာ သေချာသလောက် ရှိကြောင်း ကနဦး ဆန်းစစ် သုံးသပ်ချက်မှာ ကောက်ချက်ချထားကြောင်း ၊ ရုရှားသမ္မတ Putin က သူ့ကို ဝေဖန်သူတွေကို နှုတ်ပိတ်ဖို့ ကြိုးစားတဲ့သမိုင်းကြောင်းရှိခဲ့တာနဲ့ အခု ဖောက်ခွဲမှုဟာ ကိုက်ညီနေတယ်လို့ အမေရိကန်နဲ့ဥရောပတာဝန်ရှိသူတွေက ပြောပါတယ်။ တရားဝင်မှတ်ချက်ပေး ပြောဆိုခွင့်မရှိတာကြောင့် အမည်မဖော်တဲ့တာဝန်ရှိသူတွေက ပေါက်ကွဲမှုအကြောင်းရင်းအချက်အလက်တွေကိုတော့ မပြောပါဘူး။ ရုရှားနိုင်ငံ မော်စကို မြို့တော်ကနေ စိန့်ပီတာစဘဂ်ကို ဦးတည်ပျံသန်းတဲ့ လေယာဉ်ပျက်ကျမှုမှာ Prigozhin နဲ့ လက်ထောက်အတော်များများလည်း ပါဝင်တယ်လို့ အများက ရှု

"ဘာဖြစ်ခဲ့သလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ မအံ့သြပါဘူး။" (အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်)

မြင်ထားကြပါတယ်။ ကူညီကယ်ဆယ်ရေးသမားတွေကတော့ သေဆုံးသူ ရုပ်အလောင်း ၁၀ လောင်း တွေ့ရှိထားပြီး Wagner အဖွဲ့တွင်းက အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး Prigozhin သေပြီလို့ မီဒီယာတွေက ဖော်ပြကြပေမဲ့ တရားဝင် အတည်ပြုချက်တော့မရှိသေးပါဘူး။

ရုရှား ကြေးစားတပ်ဖွဲ့ Wagner ရဲ့ အကြီးအကဲ Yevgeny Prigozhin အပါအဝင် ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားကြသူတွေရဲ့ မိသားစုတွေကို ရုရှား သမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ ဝမ်းနည်း ကြေကွဲရကြောင်း ပြောဆိုလိုက်ပါတယ်။

"Prigozhin ကို သိခဲ့တာ ကြာပါပြီ။ ၁၉၉၀ အစောပိုင်းကတည်းပါ။ သူဟာ အခက်အခဲတွေအများအပြား ကြုံရတဲ့သူ၊ ဘဝမှာ အမှားကြီးတွေလည်း ရှိခဲ့သူပါ။"

လေယာဉ်ပျက်ကျမှုကို အပြည့်အ၀စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ရုရှားသမ္မတ Putin က ထပ်လောင်း ပြောပါတယ်။ ရုရှားမှာ ဗုဒ္ဓဟူးနေ့က ကိုယ်ပိုင်လေယာဉ်တစင်းပျက်ကျပြီး လူ ၁၀ ဦး သေဆုံးကြောင်း အရေးပေါ်ဌာနတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပြီးနောက်မှာတော့ အမေရိကန်သမ္မတ Joe Biden ကလည်း အခုလို ပြောဆိုခဲ့ပါတယ်။

"ဘာဖြစ်ခဲ့သလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ မအံ့သြပါဘူး။"

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖီဆန်ပုန်ကန်ခဲ့ပြီးနောက်ပိုင်း Prigozhin ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေးခဲ့ကြတာပါ။ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ Wagner ကြေးစားတပ်ကိုတည်ထောင်သူ Prigozhin ဟာ ဘဲလားရုစ်ကို ထွက်ခွာမှာ ဖြစ်ကြောင်း ရုရှားအစိုးရက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း Prigozhin ကို ရုရှားမှာ တွေ့နေရကြောင်း သတင်းတွေ ထွက်လာခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း မရှင်းမလင်း ဖြစ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG