သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အိုဝါပြည်နယ် အထက်တန်းကျောင်းပစ်ခတ်မှု ကျောင်းသားတဦး သေဆုံး


 ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်က Perry အထက်တန်းကျောင်းနဲ့တဆက်တည်းရှိနေတဲ့ အလယ်တန်းကျောင်းရှေ့မှာ တာဝန်ယူထားတဲ့ ရဲအရာရှိများ။ (ဇန်နဝါရီ ၄၊ ၂၀၂၄)
ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်က Perry အထက်တန်းကျောင်းနဲ့တဆက်တည်းရှိနေတဲ့ အလယ်တန်းကျောင်းရှေ့မှာ တာဝန်ယူထားတဲ့ ရဲအရာရှိများ။ (ဇန်နဝါရီ ၄၊ ၂၀၂၄)

အိုင်အိုဝါပြည်နယ်အထက်တန်းကျောင်းတခုမှာ ၁၇ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသားတဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်သူလို့ သံသယရှိသူကျောင်းသားဟာ သူ့ကိုယ်သူပစ်တဲ့ သေနက်ဒဏ်ရာရနဲ့ပဲ သေဆုံးခဲ့တယ်လို့ စုံစမ်းမှုတွေအရ ယူဆရသလို ဒဏ်ရာရသူတဦးဟာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ Perry အထက်တန်းကျောင်းမှာ ကျောင်းသား ၈,၀၀၀ လောက်ရှိပြီး အိုင်အိုဝါမြို့တော် Des Moines ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ အကွာလောက်မှာ ရှိပါတယ်။ အဲဒီ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းက တဆက်တည်းရှိနေပြီး မြို့ရဲ့ အရှေ့ဘက်အစွန်မှာ တည်ရှိတာပါ။

သေနတ်ဒဏ်ရာရသူသုံးဦးကို Des Moines မြို့က ဆေးရုံတခုကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ကျန်ဒဏ်ရာရသူတွေကိုတော့ နောက်ထပ်ဆေးရုံတရုံပို့ခဲ့ပါတယ်။

အထက်တန်းကျောင်းနဲ့ တမိုင်ခွဲလောက်မှာ မနက် ၉ နာရီလုပ်မယ့် ရီပတ်ပလင်ကန် ကိုယ်စားလှယ် Vivek Ramaswamy ရွေးကောက်ပွဲစည်းရုံးရေးပွဲကို ရွှေ့လိုက်ရပါတယ်။ အိုင်အိုဝါပြည်နယ်ဟာ ဆန့်ကျင်ဘက်အုပ်စုတွေကြား နိုင်ငံရေးတင်းမာမှုရှိနေချိန် ဖြစ်ပါတယ်။

အိုင်အိုဝါပြည်နယ် အထက်တန်းကျောင်းပစ်ခတ်မှု ကျောင်းသားတဦး သေဆုံး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG