သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဒူးရပ်စ်နိုင်ငံ ထိုင်ဝမ်နဲ့အဆက်ဖြတ်ပြီး တရုတ်နဲ့ဆက်ဆံရေးထူထောင်


ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး Eduardo Enrique Reina Garcia (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ယာ) နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှုအခမ်းအနား။ (မတ်လ ၂၆၊ ၂၀၂၃)
ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး Eduardo Enrique Reina Garcia (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ယာ) နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှုအခမ်းအနား။ (မတ်လ ၂၆၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဟွန်ဒူးရပ်စ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီး တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးထူထောင်လိုက်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကိုအသိအမှတ်ပြုတဲ့ အချုပ်အခြာပိုင်နိုင်ငံ ၁၃ နိုင်ငံပဲ ကျန်ပါတော့တယ်။

တရုတ်နဲ့ဟွန်ဒူးရပ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမှာ တနင်္ဂနွေနေ့က သဘောတူလက်မှတ်ရေးထိုးပြီး ဟွန်ဒူးရပ်စ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးကျူးပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်မှုရထိုင်ဝမ်ကို တရုတ်က ပိုပြီးရန်လိုလာချိန်မှာ အခုဖြစ်ရပ်ဟာ တရုတ်အတွက်တော့ သံတမန်ရေးအောင်မြင်မှုဖြစ်သလို လက်တင်အမေရိကန်ဒေသအပေါ် တရုတ်ဩဇာတိုးလာတာကိုလည်း ဖော်ပြပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံဟာ ထိုင်ဝမ်ကို ဒေါ်လာဘီလံယံချီ အကူအညီတောင်းခံခဲ့သလို အလားတူ တရုတ်နိုင်ငံကိုလည်း အဆိုပြုခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ပြောပါတယ်။ တရုတ်နဲ့ အဓိပ္ပါယ်မဲ့ငွေကြေးသုံး သံတမန်ရေးယှဉ်ပြိုင်မှုမလုပ်နိုင်ဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၄၉ ပြည်တွင်းစစ်ဖြစ်ပြီးကတည်းက တရုတ်နဲ့ထိုင်ဝမ်ကြား နိုင်ငံခြားက သံတမန်ရေးအသိအမှတ်ပြုခံရဖို့ အပြိုင်ဆောင်ရွက်ခဲ့ကြတာပါ။

တရုတ်တနိုင်ငံတည်းမူဝါဒ အောင်မြင်ဖို့ တရုတ်နိုင်ငံဘက်က ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲခဲ့ပါတယ်။ ထိုင်ဝမ်ဟာ သူတို့ပိုင်ဖြစ်တယ်လို့ တရုတ်က ပြောဆိုထားသလို လိုအပ်ရင် အင်အားသုံးမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာတော့ ဟွန်ဒူးရပ်စ်အနေနဲ့ ကမ္ဘာပေါ်မှာ တရုတ်တနိုင်ငံတည်းဖြစ်တာကို အသိအမှတ်ပြုပြီး လက်ရှိ တရုတ်အစိုးရကသာ တရုတ်ဒေသအားလုံးကိုကိုယ်စားပြုတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ဟာ တရုတ်အချုပ်အခြာနဲ့ ခွဲခြားမရတာကြောင့် ဟွန်ဒူးရပ်စ်နိုငံအနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံမှုတွေ လုပ်တော့မှာမဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}







XS
SM
MD
LG