သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD လက္ထက္ ကရင္ျပည္နယ္ အစိုးရဝန္ႀကီး ၃ ဦး ျပန္လြတ္


ရန္ကုန္ၿမို႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - courtesy photo/NLD)

[[Zawgyi/Unicode]]

NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရလက္ထက္မွာ တာ၀န္ထမ္းခဲ့ၿပီး၊ စစ္ေကာင္စီရဲ႕ ဖမ္းဆီးခံခဲ့ရတဲ့ ကရင္ျပည္နယ္အတြင္းက အစိုးရအဖြဲ႔၀င္ ၀န္ႀကီး ၃ ဦး ဒီကေန႔ ဘားအံ၊ ေတာင္ကေလး အက်ဥ္းေထာင္က ျပန္လည္ လြတ္ေျမာက္လာတဲ့အေၾကာင္း သူတို႔အမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနက VOA ကို အတည္ျပဳေျပာပါတယ္။

ကရင္ျပည္နယ္ လူမႈေရး၀န္ႀကီးေဟာင္း ဦးဘိုေ၀ေမာင္၊ ပအိုး၀္း တိုင္းရင္းသားေရးရာ၀န္ႀကီးေဟာင္း ခြန္မ်ဳိးတင့္၊ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဌာန ၀န္ႀကီးေဟာင္း ဦးမင္းကိုခိုင္တို႔ ၃ ဦး ျဖစ္ပါတယ္။

သူတို႔ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္၊ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) နဲ႔ ဖမ္းဆီးခဲ့ၿပီး ေထာင္ဒဏ္ ၂ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတဲ့အေၾကာင္း၊ ၁၈ လက်ခံၿပီး ခ်ဳပ္ရက္နဲ႔ လြတ္ေျမာက္လာတာ ျဖစ္တဲ့အေၾကာင္း ေရွ႕ေန ဦးေအာင္သိန္းက ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္ၿပီးေနာက္ပိုင္း NLD အမ်ဳိးသားဒီိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႕၀င္ အမ်ားအျပား ဖမ္းဆီခံခဲ့ရၿပီး အမ်ားစုကို တပ္မေတာ္ ၿပိဳကြဲေအာင္ စည္း႐ုံးလႈံ႕ေဆာ္မႈ၊ ၅၀၅ (က) နဲ႔ အမ်ားျပည္သူ တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္၊ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) တို႔နဲ႔ စစ္ေကာင္စီဘက္က တရားစြဲဆိုခဲ့ပါတယ္။

အဖမ္းခံရတဲ့ NLD အဖြဲ႔၀င္ ၆၅၀ ေက်ာ္ ရွိၿပီး ၅၀၀ ေလာက္ အက်ဥ္းေထာင္ထဲမွာ က်န္ေနေသးတဲ့အေၾကာင္း NLD တာ၀န္ရွိသူေတြ ဒီႏွစ္ဆန္းက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အဖမ္းခံရသူေတြထဲမွာ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္လည္း ပါ၀င္ၿပီး၊ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈျဖစ္ေအာင္ လုပ္ေဆာင္တယ္ဆိုတဲ့ အမႈအပါအ၀င္ အမႈမ်ဳိးစုံနဲ႔ ေထာင္ဒဏ္ႏွစ္ ၈၀ ေလာက္ ျပစ္ဒဏ္ခ်မွတ္ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------

[[Unicode]]

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တာဝန်ထမ်းခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး ဒီကနေ့ ဘားအံ၊ တောင်ကလေး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့အကြောင်း သူတို့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက VOA ကို အတည်ပြုပြောပါတယ်။

ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဦးဘိုဝေမောင်၊ ပအိုးဝ်း တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ဝန်ကြီးဟောင်း ဦးမင်းကိုခိုင်တို့ ၃ ဦး ဖြစ်ပါတယ်။

သူတို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့အကြောင်း၊ ၁၈ လကျခံပြီး ချုပ်ရက်နဲ့ လွတ်မြောက်လာတာ ဖြစ်တဲ့အကြောင်း ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်း NLD အမျိုးသားဒီုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အများအပြား ဖမ်းဆီခံခဲ့ရပြီး အများစုကို တပ်မတော် ပြိုကွဲအောင် စည်းရုံးလှုံ့ဆော်မှု၊ ၅၀၅ (က) နဲ့ အများပြည်သူ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့ပါတယ်။

အဖမ်းခံရတဲ့ NLD အဖွဲ့ဝင် ၆၅၀ ကျော် ရှိပြီး ၅၀၀ လောက် အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့အကြောင်း NLD တာဝန်ရှိသူတွေ ဒီနှစ်ဆန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အဖမ်းခံရသူတွေထဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လည်း ပါဝင်ပြီး၊ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ အမှုအပါအဝင် အမှုမျိုးစုံနဲ့ ထောင်ဒဏ်နှစ် ၈၀ လောက် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG