သံုးရလြယ္ကူေစသည့္ Link မ်ား

ဥေရာပပါလီမန္ဝန္ထမ္းေတြ TikTok သုံးခြင့္ တားျမစ္


China US TikTok Ban

{{Zawgyi/Unicode}}

အင္တာနက္လူမႈကြန္ရက္မွာ ဗြီဒီယိုအတိုေလးေတြတင္လို႔ရတဲ့ တ႐ုတ္ႏိုင္ငံက ထုတ္လုပ္တဲ့ Tik Tok App ကို လုံၿခဳံေရးစိုးရိမ္တာေၾကာင့္ ဝန္ထမ္းေတြအသုံးျပဳခြင့္ ပိတ္ပင္ဖို႔ ဥေရာပပါလီမန္က ဆုံးျဖတ္လိုက္ေၾကာင္း EU အရာရွိေတြက အဂၤါေန႔က ေျပာပါတယ္။

တားျမစ္ခ်က္ထဲမွာ ပါလီမန္ဆိုင္ရာအီးေမးလ္ေတြနဲ႔ တျခားကြန္ယက္ေတြကို ခ်ိတ္ဆက္အသုံးျပဳလို႔ရတဲ့ ကိုယ္ပိုင္အင္တာနက္ ဒီဂ်စ္တယ္ပစၥည္းေတြလည္း ပါဝင္မွာျဖစ္တယ္လို႔ သက္ဆိုင္ရာအရာရွိေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ကလည္း ဥေရာပေကာ္မရွင္ EC နဲ႔ ဥေရာပေကာင္စီတို႔ကေန သူတို႔အဖြဲ႕အစည္းက ဝန္ထမ္းေတြရဲ႕လက္ကိုင္ဖုန္းေတြမွာ Tik Tok အသုံးျပဳတာကို ပိတ္ပင္ခဲ့ပါတယ္။

တ႐ုတ္ ByteDance ကုမၸဏီကဖန္တီးထားတဲ့ Tik Tok App ကိုသုံးစြဲသူေတြရဲ႕ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို တ႐ုတ္အစိုးရကထုတ္ယူသြားႏိုင္သလား ဒါမွမဟုတ္ သူတို႔ရဲ႕အက်ိဳးအတြက္ တ႐ုတ္ကလုပ္ေဆာင္သြားႏိုင္သလားဆိုၿပီး စိုးရိမ္ခ်က္ေတြ တိုးပြားလာပါတယ္။ ပုံမွန္အားျဖင့္ တ႐ုတ္အစိုးရက သူတို႔အေနနဲ႔ အဲဒီလိုမ်ိဳး ရည္႐ြယ္ခ်က္ မရွိတဲ့အေၾကာင္း ျငင္းဆိုေလ့ရွိပါတယ္။

အေမရိကန္ျပည္ေထာင္စု အထက္လႊတ္ေတာ္ကေန Tik Tok အသုံးျပဳတာ တားျမစ္ဖို႔အတည္ျပဳခဲ့ၿပီးေနာက္ သမၼတအိမ္ျဖဴေတာ္ကေနလည္း ဆိုင္ဘာလုံၿခဳံေရးအတြက္ အစိုးရဌာနေတြမွာ တလအတြင္း အဲဒီ Tik Tok App ကို ဖယ္ရွားဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္လိုက္ပါတယ္။ အလားတူ ကေနဒါႏိုင္ငံကလည္း အဲဒီ Tik Tok App ကို တနလၤာေန႔က ပိတ္ပင္လိုက္ပါတယ္။ အိႏၵိယႏိုင္ငံကေတာ့ အရင္ကတည္းကတိုင္ Tik Tok App အသုံးျပဳခြင့္ကို လုံးလုံး ပိတ္ပင္ထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

ဥရောပပါလီမန်ဝန်ထမ်းတွေ TikTok သုံးခွင့် တားမြစ်

အင်တာနက်လူမှုကွန်ရက်မှာ ဗွီဒီယိုအတိုလေးတွေတင်လို့ရတဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Tik Tok App ကို လုံခြုံရေးစိုးရိမ်တာကြောင့် ဝန်ထမ်းတွေအသုံးပြုခွင့် ပိတ်ပင်ဖို့ ဥရောပပါလီမန်က ဆုံးဖြတ်လိုက်ကြောင်း EU အရာရှိတွေက အင်္ဂါနေ့က ပြောပါတယ်။

တားမြစ်ချက်ထဲမှာ ပါလီမန်ဆိုင်ရာအီးမေးလ်တွေနဲ့ တခြားကွန်ယက်တွေကို ချိတ်ဆက်အသုံးပြုလို့ရတဲ့ ကိုယ်ပိုင်အင်တာနက် ဒီဂျစ်တယ်ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဥရောပကော်မရှင် EC နဲ့ ဥရောပကောင်စီတို့ကနေ သူတို့အဖွဲ့အစည်းက ဝန်ထမ်းတွေရဲ့လက်ကိုင်ဖုန်းတွေမှာ Tik Tok အသုံးပြုတာကို ပိတ်ပင်ခဲ့ပါတယ်။

တရုတ် ByteDance ကုမ္ပဏီကဖန်တီးထားတဲ့ Tik Tok App ကိုသုံးစွဲသူတွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အစိုးရကထုတ်ယူသွားနိုင်သလား ဒါမှမဟုတ် သူတို့ရဲ့အကျိုးအတွက် တရုတ်ကလုပ်ဆောင်သွားနိုင်သလားဆိုပြီး စိုးရိမ်ချက်တွေ တိုးပွားလာပါတယ်။ ပုံမှန်အားဖြင့် တရုတ်အစိုးရက သူတို့အနေနဲ့ အဲဒီလိုမျိုး ရည်ရွယ်ချက် မရှိတဲ့အကြောင်း ငြင်းဆိုလေ့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ကနေ Tik Tok အသုံးပြုတာ တားမြစ်ဖို့အတည်ပြုခဲ့ပြီးနောက် သမ္မတအိမ်ဖြူတော်ကနေလည်း ဆိုင်ဘာလုံခြုံရေးအတွက် အစိုးရဌာနတွေမှာ တလအတွင်း အဲဒီ Tik Tok App ကို ဖယ်ရှားဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ အလားတူ ကနေဒါနိုင်ငံကလည်း အဲဒီ Tik Tok App ကို တနင်္လာနေ့က ပိတ်ပင်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ အရင်ကတည်းကတိုင် Tik Tok App အသုံးပြုခွင့်ကို လုံးလုံး ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG