သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ရေးအကူအညီကိစ္စ သမ္မတ Trump ပြောဆိုချက် သံအမတ်ကြီးအတည်ပြု


ယူကရိမ်းနိုင်ငံဆိုင်ရာ ခေတ္တ အမေရိကန် သံအမတ်ကြီး William B Taylor
ယူကရိမ်းနိုင်ငံဆိုင်ရာ ခေတ္တ အမေရိကန် သံအမတ်ကြီး William B Taylor

ဒုတိယသမ္မတဟောင်း Joe Biden နဲ့ သူ့ရဲ့ သား Hunter Biden ကို ယူကရိန်းအစိုးရက စုံစမ်းစစ်ဆေးမှုတွေ လုပ်မှသာ ယူကရိမ်းနိုင်ငံကို ပေးမယ့် စစ်ရေး အကူအညီတွေကို ပေးမှာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က သူ့ကို ပြောကြားခဲ့ကြောင်း ယူကရိမ်းနိုင်ငံဆိုင်ရာ ခေတ္တ အမေရိကန် သံအမတ်ကြီး William B Taylor က ပြောကြားခဲ့ပါတယ်။

သမ္မတထရမ့်ကို တရားစွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ကော်မတီတွေ ရှေ့မှောက် အောက်လွှတ်တော်မှာ အင်္ဂါနေ့က လုပ်တဲ့ တံခါးပိတ် ကြားနာပွဲမှာ သူက အခုလို ပြောခဲ့တာပါ ဖြစ်ပါတယ်။

ယူကရိမ်း စစ်ရေး အကူအညီနဲ့ Biden ကို စုံစမ်း စစ်ဆေးဖို့ ကိစ္စ ချိတ်ဆက်ပြီး အပေးအယူ လုပ်ဖို့ တောင်းဆိုထား တာ မရှိကြောင်း သမ္မတ ထရမ့် အစဉ်တစိုက် ပြောကြားချက်နဲ့ အခု သံအမတ်ကြီး ရဲ့ ပြောကြားချက်ဟာ ကွဲလွဲနေပါတယ်။

သံအမတ်ကြီး Taylor က အခုလို အပေးအယူ ချိတ်ဆက်ထားတာဟာ မိုက်မဲမှု တစ်ခု ဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီမိုကရက်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော်က သူ့ကို တရားစွဲဆိုနိုင်ရေး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတဲ့ကိစ္စအပေါ် ဥပဒေမဲ့ လူအုပ်ဖွဲ့ သေဒဏ်စီရင်မှုဆိုပြီး အင်္ဂါနေ့က ခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်။ ဒီ စကားလုံးဟာ အမေရိကန်သမိုင်းမှာ လူဖြူ ကြီးစိုးရေးဝါဒီတွေက အာဖရိကန် အမေရိကန်လူမည်းတွေအပေါ် ဖိနှိပ်ရာမှာ သုံးစွဲခဲ့တဲ့နည်းလမ်းကို ခေါ်ဝေါ်ရာမှာသုံးစွဲတဲ့စကားလုံးပါ။ အင်္ဂါနေ့မနက်က တွစ်တာမှာ ရစ်ပတ်ဘလစ်ကန် အမတ်တွေအားလုံး သူတို့ အခုမြင်တွေ့နေရတာက တရားမဲ့ အုပ်စုဖွဲ့ သေဒဏ်ပေးခြင်းပါပဲ လို့ သမ္မတ ထရမ့်က ရေးသားခဲ့တာပါ။

ဒီလို အငြင်းပွားဖွယ် စကားလုံး သုံးစွဲမှုကြောင့် ဥပဒေပြု အမတ်တွေဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရာမှာ ဒီမိုကရက် အမတ်တွေအပြင် အနည်းဆုံး ရီပတ်ဘလင်ကန် အမတ်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

..................

{UNICODE}

ယူကရိနျးစဈရေးအကူအညီကိစ်စ သမ်မတ Trump ပွောဆိုခကြျ သံအမတျကွီးအတညျပွု






တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG