(Zawgyi/Unicode)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းအဖြစ် မြန်မာပြည်သူတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့က မိန့်ခွန်းပြောကြားရာမှာ - ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းတွေမှာ ပြည်သူ လူထုက ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတော်အနေနဲ့ အခက်အခဲ၊ အကြပ်အတည်း အမျိုးမျိုးအပြင် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း၊ အစိုးရအနေနဲ့လည်း တိုင်းရင်းသားပြည်သူအားလုံး ကာလရေရှည် မျှော်လင့် တောင့်တခဲ့ရတဲ့ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံခက်ပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးစား လုပ်ဆောင်နေကြောင်းလည်း သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းထဲမှာ ဖော်ပြထားပါတယ်။
အလားတူဘဲ ဒုသမ္မတ ၂ ဦးကလည်း မြန်မာပြည်သူတွေအတွက် နှစ်သစ်ကူး သဝဏ်လွှာတွေကို ပေးပို့ခဲ့ကြပါတယ်။
တချိန်ထဲမှာဘဲ နှစ်သစ်ကူးကြိုဆိုတဲ့ ပွဲတွေကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးတွေမှာ မနေ့ည သန်းကောင်ယံကျော် ချိန်အထိ ပျှော်ရွှင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို၊ သုဝဏ္ဍဘူမိ Event Park မှာ နာမည်ကြီး DJ တေးဂီတနဲ့အတူ New Year Countdown လုပ်ကြတာမှာ တက်ရောက်လာတဲ့ ပရိတ်သတ်က စက္ကန့်တွေကို အော်ဟစ် ရေတွက်ပြီး ပျှော်ရွင်စွာ ကခုန်ကာ မီးရူးမီးပန်းတွေ ဖောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က MCC မြန်မာကွန်ဗင်းရှင်းစင်တာနဲ့ နာမည်ကြီး ဟိုတယ်တွေဖြစ်တဲ့ Lotte၊ Chatrium၊ Novotal၊ အင်းယားလိပ်တို့မှာလည်း တေးဂီတ အနုပညာပွဲတွေ စည်ကားစွာ ကျင်းပပြီး၊ နှစ်သစ်ကို အော်ဟစ် ကြိုဆိုခဲ့ကြပါတယ်။
မန္တလေးမြို.မှာလည်း ကျုံးဘေးတလျှောက်နဲ့ စည်ပင်သာယာရုံးရှေ့တို့မှာ နှစ်သစ်ကူး ဂီတအစီအစဉ်နဲ့ မီးရူးမီးပန်းတွေ ဖောက်ကာ နှစ်သစ်ကို တခဲနက် ဝိုင်းဝန်း အော်ဟစ် ကြိုခဲ့ကြပါတယ်။
Your browser doesn’t support HTML5
[Unicode]