ရခိုင်မှာ သတင်းထောက်ခြိမ်းခြောက်ခံရမှုကို စုံစမ်းဖို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် တောင်းဆို

(Zawgyi/Unicode)

Myanmar Now နဲ့ Development Media Group (DMG)အွန်လိုင်း သတင်းဌာနတေ ွအတွက် အလုပ်လုပ်နေတဲ့ ရခိုင်ပြည်နယ် အခြေစိုက် သတင်းထောက် ကိုကျော်လင်းကို အမည်မသိ ဆိုင်ကယ်သမားတွေက မေလ(၁၃)ရက်နေ့က လာရောက် ခြိမ်းခြောက် စော်ကား သ ွားတဲ့အပေါ် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အမြန်ဆုံး စုံစမ်းဖေါ်ထုတ်ပေးဖို့ (IFJ) ခေါ် နိုင်ငံတကာ သတင်းသမားများ အဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။

SEE ALSO: AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို



စစ်တွေမြို့ခံ ကိုကျော်လင်းကို ဆိုင်ကယ်စီး လူနှစ်ဦးက အနီးနား ချဉ်းကပ်လာပြီး လေးဂ ွနဲ့ပစ်ရင်း သတ်ပစ်မယ်လို့ အော်ဟစ် ခြိမ်းခြောက် ထွက်ပြေးသ ွားပါတယ်။ ကိုကျော်လင်းကတော့ ရင်ဘတ်မှာ ဒဏ်ရာ အနည်းငယ် ရသွားပါတယ်။

ကိုကျော်လင်းဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးပဋိပက္ခ တွေ အကြောင်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ဒေသတွင်း မြေယာဈေးနှုန်းပြဿနာအကြောင်း ရေးသားခဲ့ပြီးနောက်မှာ အမည်မသိသူတဦးက သူ့ကို ဓါးနဲ့လိုက်ထိုးခဲ့ဖူးပါတယ်။ အဲဒီ ဓါးသမား တရားခံကို ရဲက ခုချိန်ထိ ဖမ်းမမိသေးပါဘူး။

ဒီလို လက်သည်တရားခံကို မြန်မာနိုင်ငံမှာ ဖေါ်ထုတ် အရေးယူခြင်း မရှိတဲ့ယဉ်ကျေးမှုက သတင်းထောက်တေ ွကို တိုက်ခိုက် စော်ကားဖို့ ခ ွင့်ပြုထားသလို ဖြစ်နေတဲ့အတွက် ဒါတွေကို အဆုံးသတ်သင့်ပြီလို့ IFJ အဖွဲ့ချုပ်က ထောက်ပြလိုက်ပြီး သတင်းထောက်အပေါ် တိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ IFJ အဖွဲ့ဟာ နိုင်ငံပေါင်း ၁၄၀ က သတင်းထောက်ပေါင်း (၆)သိန်းကို ကိုယ်စားပြုတဲ့ အဖ ွဲ့ ဖြစ်ပါတယ်။

................

Your browser doesn’t support HTML5

ရခိုင်မှာ သတင်းထောက်ခြိမ်းခြောက်ခံရမှုကို စုံစမ်းဖို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် တောင်းဆို



(Unicode)


SEE ALSO: မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ပေးဖို့ အရပ်သားအစိုးရကို နိုင်ငံတကာ မီဒီယာအဖွဲ့တွေ တိုက်တွန်း




