အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညပိုင်းမှာပြောကြားဖို့ရှိ ပါတယ်။
Nicolas Maduro နိုင်ငံရေးတင်းမာမှုတွေတနေ့တခြားပြင်းထန်လာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaido ကို နိုင်ငံကနေထွက်ခွါခွင့်မပြုဖို့ နိုင်ငံတော်တရားရုံးချုပ်ကို ဗင်နီဇွဲလားရှေ့နေချုပ်က မနေ့ကပဲတောင်းဆို လိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိသမ္မတ Nicolas Maduro ရာထူးကနေ ဆင်းပေးရေး ဖိအားပေးတဲ့အနေနဲ့ ဗင်နီဇွဲလားအစိုးရ ပိုင် ရေနံကုမ္ပဏီတခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့အမျိုးသားလွှတ်တော်ဥက္ကဌ Juan Guaidoကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ဝိုင်းပြီး ထောက်ခံကြဖို့နဲ့ လက်ရှိ သမ္မတ Nicolas Maduro ကို ဝိုင်းပြီးဖယ်ကျင်ထားကြဖို့ အနောက်နိုင်ငံတွေကို အမေရိကန်က စည်းရုံးတိုက်တွန်းနေပါ တယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ သီရိလင်္ကာနိုင်ငံမှာ တရုတ်က တည်ဆောက်နေတဲ့ ဆိပ်ကမ်းမြို့အကြောင်းနဲ့ ထိုင်ဝမ်က တရုတ်တိုင်းရင်းဆေးဆိုင်တွေကြုံနေရတဲ့ အခက်အခဲတွေအကြောင်း ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ ဖေဖေါ်ဝါရီလထဲမှာ ဒုတိယအကြိမ် တွေ့ဆုံကြမယ့်အကြောင်းအမေရိကန်ဘက်ကကြေညာထားပါတယ်။
အမေရိကန်အစိုးရယန္တရားတချို့ရပ်ဆိုင်းနေတာ ၄ပတ်ထဲရောက်လာနေပါပြီ။ နယ်စပ်တံတိုင်းကာရံရေးရန်ပုံငွေရဖို့ နိုင်ငံတော်အရေးပေါ်အခြေအနေကို သမ္မတ အာဏာသုံးပြီးရယူနိုင်တယ်ဆိုပေမယ့် ကန့်ကွက်နေကြတဲ့သူတွေထဲမှာ ရီပါဘလစ်ကန်အမတ်အချို့တောင် ပါဝင်လာနေပါတယ်။ Jim Malone ရဲ့ သတင်းကို ကိုကျော်အောင်လွင် ပြောပြပါမယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံပယ်ချခံရပေမယ့် ဥပဒေကြောင်းအရ ဘယ်လိုအခွင့်ရေးတွေရှိသေးသလဲ၊ အယူခံတက်ခွင့် အလားအလာတွေကို အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကိုချိုးဖေါက်မှုနဲ့အဖမ်းခံနေရတဲ့ ရိုက်တာစ်သတင်းထောက် ၂ ဦးရဲ့ အယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့ကပဲ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာက သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကပါ အပြစ်တင်ရှုတ်ချနေကြ ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ကျူနာငါးတကောင်ကို မကြုံဖူးတဲ့ဈေးပေးပြီးဝယ်သွားတဲ့ တိုကျိုမြို့က ဆူရှီသမား၊ တရုတ်နိုင်ငံက ရေခဲမြို့စီးပွါးရေးနဲ့ အိန္ဒိယက ရှားပါးတောရိုင်းတိရိစ္ဆာန်ဈေးကွက်တွေအကြောင်း ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ဒုက္ခသည်တွေရဲ့ ဘဝကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ဖို့ သူတို့ရဲ့နေရာမှာ ဝင်ပြီးခံစားကြရေးကိုရည်ရွယ်ပြီး ကမ္ဘာ တဝှမ်းလှုံ့ဆော်တဲ့ လှုပ်ရှားမှု အသစ်တခုကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စတင်လိုက်ပါ တယ်။
အမေရိကန်ပြည်ထောင်စုရဲ့အထက်နဲ့အောက်လွှတ်တော်အသစ်တွေကို မနေ့က ဒီဇင်ဘာသုံးရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ ပြီး အောက်လွှတ်တော်ကို ဒီမိုရက်တစ်ပါတီတွေက တကြော့ပြန်ထိန်းချုပ်လိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ကမ္ဘာ့ဈေးကွက်ဝင် ငရုတ်ကောင်းအကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူး အထူးအစားအစာရောင်းချမှုအကြောင်း ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။.
ကမ္ဘာ့နိုင်ငံတော်တော်များများက ပဋိပက္ခတွေအတွင်း ရက်စက်ကြမ်းကျုပ်မှုတွေရဲ့ဒဏ်ကိုခံနေရတဲ့ကလေးငယ် အရေ အတွက်ဟာ အခု ၂၀၁၈ ခုနှစ်အတွင်းသိသိသာသာတိုးလာခဲ့တယ်လို့ UNICEF လို့ခေါ်တဲ့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က ပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ iPhone အမျိုးအစားတချို့ တရုတ်နိုင်ငံမှာ အရောင်းပိတ်ထားတဲ့အကြောင်းနဲ့ နိုင်ငံတကာ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ဂျပန်နိုင်ငံနုတ်ထွက်ပြီး စီးပွားဖြစ်ဝေလငါးဖမ်းမှုတွေ ပြန်လုပ်မယ့်အကြောင်း Schuyler Ogden ရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြထားပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွားရေးကဏ္ဍမှာ တရုတ်နိုင်ငံအတွက် Boeing ဂျက်လေယာဉ်တွေတည်ဆောက်နေတဲ့ အကြောင်းနဲ့ Johnson Baby Powder မှာကျောက်ဂွမ်းတွေပါဝင်နေတယ်ဆိုတာကြောင့် Johnson ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကျဆင်းသွားတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
VOA to Asiaဌာနရဲ့အပတ်စဉ်စီးပွားရေးကဏ္ဍမှာတရုတ်နိုင်ငံတောင်နဲ့မြောက်ကိုပြေးဆွဲနေတဲ့ကုန်တင်ရထားကြောင့် လယ်သမားတွေ စီးပွားတက်နေတဲ့အကြောင်းနဲ့ အိန္ဒိယပိုင်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတခုကို သြစတေးလျကျောင်းသားတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့အကြောင်း Schuyler Ogden ရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြမှာပါ။
ဒီဇင်ဘာလ ၁၁ရက် မနေ့တုန်းကထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ မြန်မာ၊ တရုတ်၊ အီရန်နဲ့မြောက်ကိုရီးယားအပါအဝင် ဆယ်နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့နိုင်ငံ တွေထဲမှာ စိုးရိမ်ဖို့ကောင်းတဲ့အဆင့်မှာရှိကြောင်း ဖေါ်ပြထားပါတယ်။
အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ ဇနီး မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ အလည်အပတ်ရောက် လာမယ့် ငါးရက်ကြာခရီးစဉ်မှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပြီး ၂ နိုင်ငံသဘောတူညီမှု တော်တော်များများလည်း လက်မှတ် ရေးထိုးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကိုနှိပ်ကွပ်ခဲ့မှုနဲ့ပတ်သက်ပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ စစ် မက်ဆိုင်ရာပစ်မှုကျူးလွန်မှုဖြစ်တယ်ဆိုပြီး ကန်အဖွဲ့အစည်းသုံးခုရဲ့ ထုတ်ပြန်ခဲ့အစီရင်ခံစာတွေ ဟာ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အရေးကြိုးပမ်းနေမှုအပေါ် အထောက်အကူမဖြစ်ဘူးလို့ အမေရိကန်နိုင်ငံရှိမြန်မာသံရုံးကတုန့် ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်