တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံအကြား ရထားပြေးဆွဲဖို့ပြင်ဆင်နေတဲ့ အကြောင်းနဲ့ တရုတ်ရဲ့အကူအညီနဲ့ရထားလမ်းဖေါက်လုပ်ဖို့ အာဂျင်တီးနားနိုင်ငံက သဘောတူလိုက်တဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ခေါင်းဆောင် ၂ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အဖွဲ့က မိုးညှင်းရဲစခန်း ကို ခေါ်ဆောင်သွားပြီး ပုဒ်မ ၁၇/၁ နဲ့ စွဲချက်တင်ခဲ့ကြောင်း ဒေသခံ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က ဗွီအိုအေ ကိုပြောပါ တယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ အီတလီဖက်ရှင်ကုမ္ပဏီတခုကို တရုတ်လူမျိုးတွေ သပိတ်မှောက်နေ ကြတဲ့ အကြောင်းနဲ့ ထိုင်းရာဘာဈေးတွေ ထိုးစိုက်ကျဆင်းနေတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ကမ္ဘာတဝှမ်း နိုင်ငံငါးခုမှာ တခုနှုန်း ဘာသာရေးလွတ်လပ်မှုတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ၂၀၁၈ ခုနှစ် ဘာသာရေး လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့၂ နှစ်အတွင်း ဘာသာရေးအရ စိုးရိမ်ဖို့ ကောင်းလောက်အောင် ဖိနှိပ်ခံရတဲ့နိုင်ငံ၂၁ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းရေးဆွဲနေတာကို ထိရောက်တဲ့ တိုးတက်မှုတွေဖြစ်အောင်လုပ်ဆောင်ဖို့ အာဆီယံအဖွဲ့ကို အမေရိကန်ဒုသမ္မတ Mike Pence ကတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမေရိကန်က ဆက်ပြီးအားပေးနေသလို ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း အမေရိကန်က ပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောလိုက်ပါတယ်။ ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အမေရိကန်က ဆက်ပြီးအားပေးနေသလို ရိုဟင်ဂျာတွေ သိန်းနဲ့ ချီပြီး ဘင်္ဂလားဒေ့ချ်ဘက်ထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း အမေရိကန်က အပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တကိုယ်တည်းသမားဦးရေ ဂျပန်မှာ သိသိသာသာတိုးလာ နေပြီး သူတို့အတွက်ဈေးကွက်လည်းပေါ်ပေါက်လာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံက တကိုယ်တည်းသမား များနေ့မှာ အွန်လိုင်းဈေး အရောင်းစံချိန်တင်ခဲ့တဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
အမေရိကန်ဒုသမ္မတ Mike Pence ရဲ့ အာရှခရီးစဉ်အတွင်း အမေရိကန်နဲ့အာရှနိုင်ငံအတွေအကြား အပြန်အလှန်ကုန် သွယ်ရေးတွေကို လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းဆက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်း အခိုင်အမာပြောဆိုဖို့ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေထဲက တချို့ကို မြန်မာနိုင်ငံကပြန်ပြီး လက်ခံ မယ့်အစီအစဉ်နဲ့ပတ်သက်လို့ စိတ်ချရတဲ့အခြေအနေမရှိသေးဘူးဆိုပြီး ကုလသမဂ္ဂအပါအဝင်နိုင်ငံတချို့က စိုးရိမ်ပူပန်နေ ကြပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တရုတ်နိုင်ငံမှာ လောင်စာဆီဈေးတွေလျှော့ချလိုက်တဲ့အကြောင်းနဲ့ တရုတ်ပြည်မှာကျင်းပတဲ့ နိုင်ငံတကာကုန်စည်ပြပွဲမှာ ကုမ္ပဏီပေါင်း သုံးထောင်ကျော် ပါဝင်ပြသနေကြတဲ့အကြောင်း း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
တကယ်ထိရောက်တဲ့ဖန်တီးမှုပါ။ သူတို့ကိုယ်တိုင်လည်း စိတ်ပျက်နေကြတယ်၊ ထွက်ပေါက်မရှိသလို ခံစားနေရတယ်။ ကိုယ့်ဆန္ဒကိုလည်း ထုတ်ဖေါ်ခွင့်မရဘူးဖြစ်နေတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၈ခုနှစ်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို အခုလာမယ့်နိုဝင်ဘာလ ၆ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီမိုကရက်နဲ့ရီပါဘလစ်ကန်ပါတီ၂ရပ်လုံးက အကြိတ်အနယ်လည်းယှဉ်ပြိုင်ကြဖို့နိုင်ငံတဝှမ်းပြင် ဆင်နေကြပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ဟာ အမေရိကန်သူဌေးကြီး George Soros ဆီက အလှုငွေတွေ ဒေါ်လာသန်း ၁၀၀ မကြာခင်က လက်ခံရရှိခဲ့တာမှန်ပေမဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့နေရာမှာ မစ္စတာ Soros ရဲ့ သြဇာ ခံယူခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ဂျပန်ရဲ့ဆန်လုပ်ငန်း ကျဆင်းလာနေတဲ့အကြောင်းနဲ့ ကန့်ကွက်မှုတွေ ကြားက ဆက်ပြီးတည်ဆောက်နေတဲ့ အင်ဒိုနီးရှားက တရုတ်ရေကာတာအကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြန်မာစစ်တပ်ဟာတိုင်းပြည်ကို အကာအကွယ်ပေးတဲ့အဖွဲ့အစည်းအဖြစ်မပြောင်းလဲမချင်း မြန်မာစစ်တပ်နဲ့ အဆက်အဆံမလုပ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌ Marzuki Darusman ကတိုက်တွန်းပါတယ်။ ကုလသမဂ္ဂမှာမနေ့ကကျင်းပခဲ့တဲ့ မြန်မာ့အရေးအစီရင်ခံမှုတွေနဲ့ပတ်သက်လို့ ကိုကျော်အောင်လွင်က ဆက်ပြောပါမယ်။
မြန်မာစစ်တပ်ဟာ တိုင်းပြည်ကိုအကာအကွယ်ပေးတဲ့အဖွဲ့အစည်းအဖြစ် မပြောင်းလဲမချင်း မြန်မာစစ်တပ်နဲ့အဆက်အဆံ မလုပ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မီတီမှာ မနေ့ကတိုက်တွန်းလိုက်ပါတယ်။
ဘလ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ EU-ASEAN ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ ဥတုရာသီ ဖေါက်ပြန်မှုနဲ့ လုံခြုံရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပြီး အဖွဲ့အစည်း၂ ခု အကြား အပြန်အလှန် သဘော တူညီချက်တွေလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးတင်းမာမှုကြောင့် အမေရိကန်လုပ်ငန်းရှင်းတွေ စိုးရိမ်မှုတိုးနေကြတဲ့အကြောင်းနဲ့ သွားရင်းလာရင်း လမ်းမှာအလုပ်ဝင်လုပ်နိုင်မယ့် ရုံးခန်းတွေ ဂျပန်မှာပေါ် ပေါက်နေတဲ့အကြောင်းး Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ဖိလစ်ပိုင်နိုင်ငံမှာ လူအသေအပျောက်များတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေရှိနေတာကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေရှိနေပေမဲ့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဖိလစ်ပိုင် နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်