ရိုမေးနီးယားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပုလင်းခွံတွေ အသုံးပြုပြီး အမြင့် ၃ မီတာ ခရစ္စမတ် သစ်ပင်ကြီး ဖန်တီး၊ လန်ဒန်မြို့တော်မှာတော့ စွန့်ပစ်ပစ္စည်းတွေကနေ ခရစ္စမတ်သစ်ပင် ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာ ရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲကို ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုအတွက် ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုကို စတင် စစ်ဆေးကြားနာပါတယ်။
မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက်ရော လူ့အခွင့်အရေးအရ တိုးတက် ပြောင်းလဲမှု၊ ဆုတ်ယုတ်မှု ဘာတွေရှိခဲ့ပါလဲ။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ကန့်ကွက် ဆန္ဒပြသူတွေ အများအပြား သတ်ဖြတ်၊ ဖမ်းဆီး ခံခဲ့ရပြီးတဲ့နောက်လူငယ်တွေ အများအပြား စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ် လုပ်ဆောင်လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်မှူးတဦးက ပြောပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ ကိုလည်း အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေ ကမ္ဘာတဝှမ်းမှာ ဆင်နွှဲနေကြပါတယ်။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
“ဒီနေ့က အမှုနံပါတ် ၂ လေ ၊ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို စွဲတဲ့အမှု။ တရားလိုပြသက်သေ သုံးယောက်ကို စစ်ပါတယ်။ ....အဲဒီတမှုလေးပဲ သက်သေသုံးယောက်စစ်တယ်။ ထူးခြားတာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် သူတို့သက်သေသုံးယောက်စစ်တာ ဒေါ်အောင်ဆန်းစုကြည်မှာ ငြိစွန်းတဲ့အချက်တွေ မရှိပါဘူးဗျ။” (ရှေ့နေ)
စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေကြောင့် အင်အားအများအပြားနဲ့ ဆန္ဒပြမှုတွေ အားနည်းလာပေမယ့် လက်ရှိ စစ်အာဏာသိမ်းမှု ၁၀ လပြည့်တဲ့အချိန်ထိ နိုင်ငံတဝန်းမှာ ပျောက်ကြားသပိတ်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အကြမ်းမဖက် ဆန္ဒပြတာတွေ ရှိနေဆဲပါ။
လူမှုအသိုင်းအဝိုင်းတွေထဲ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် အခက်အခဲတွေကြား မကြောက်မရွံ့ ရှေ့ထွက် တိုက်ပွဲ ဝင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ် ချီးမြှင့်တဲ့ Diane Von Furstenburg - DVF ဆုနဲ့ပတ်သက်လို့ ဒီနှစ် ဆုရှင် တဦးဖြစ်တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုကို ဆက်သွယ် မေးမြန်း ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Thomas West ဟာ တာလီဘန်ခေါင်းဆောင်တွေနဲ့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ နောက်သီတင်းပတ်မှာ Qatar နိုင်ငံ Doha မြို့ကိုသွားဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ကပြောပါတယ်။ သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“ကျနော်တို့က တရားစွဲဆိုတယ်ဆိုတာကိုက ထင်ရှားလို့လုပ်တာပေါ့နော်။ အမှုကျူးလွန်ကြောင်းထင်ရှားတဲ့အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တဲ့ စီရင်မှုကတော့မလွဲမသွေလုပ်ရမှာပါပဲ။” (ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း)
၂၀၂၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရ ဖိလစ်ပိုင်အမျိုးသမီး သတင်းသမား Maria Ressa က နိုဘဲလ်ဆုချီးမြှင့်ခံရပြီး တလကျော်လာတဲ့ အခုချိန်အထိ သူ့ဘဝဟာ မရေမရာ ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေမှာ ရှိဆဲပဲလို့ ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ပုဒ်မ ၂၅ နဲ့ စွဲချက်တင်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။
ယူကေနိုင်ငံ Bringhton မြို့က သူနာပြုဆရာမ Sammie Aplin ဟာ ကမ်းခြေတလေ ျှာက် စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို လိုက်လံ ကောက်ယူပြီး အနုပညာပစ္စည်းလေးတွေ ဖန်တီးပါတယ်။ ဘာကြောင့် ခုလို လုပ်ဖြစ်တာပါလဲ။ သမုဒ္ဒရာတွေထဲ စွန့်ပစ်ပလတ်စတစ်တွေ ဘယ်လောက်တောင် ရှိနေပါလဲ။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
"အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိမှုအရ ကျနော်တို့ ဆောင်ရွက်ရခြင်းဖြစ်တယ်။ တာဝန်ရှိတယ်ဆိုတာကတော့ နှစ်ပိုင်းပေါ့၊ နံပါတ် ၁ အနေနဲ့ အစိုးရဘက်အပိုင်း၊ နံပါတ် ၂ အနေနဲ့ ပါတီဘက်အပိုင်းပေါ့။” (စစ်ကောင်စီပြောခွင့်ရ-ဗိုလ်ချုပ်ဇော်မင်းထွန်း)
မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ သတင်းသမားတွေအတွက်သာမက အကျဉ်းကျနေသူအားလုံး အတွက် သူလုပ်နိုင်သလောက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီး ထောင်ချခံခဲ့ရပြီး လောလောလတ်လတ် ပြန်လည် လွတ်မြောက်လာတဲ့ အမေရိကန်သတင်းသမား Danny Fenster က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတဲ့အပေါ်အယူခံကို ခရိုင်တရားရုံးက ပယ်ချခံရပြီးတဲ့နောက် ကာယကံရှင်ဆန္ဒအရ အယူခံဆက်တက်မှာမဟုတ်ကြောင်း သူ့ရှေ့နေက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၁၇ မြို့နယ်ထပ်တိုးလိုက်တဲ့အတွက် စုစုပေါင်း ပယ်ဖျက်မြို့နယ်ပေါင်း ၆၇ မြို့နယ်ရှိလာနေပြီး ကူညီပေးရေးအဖွဲ့တွေကတော့ ပြည်သူတွေဘက်က ကိုဗစ်စည်းကမ်းလိုက်နာမှုလျော့နည်းပြီး တကျော့ပြန်ကူးစက်မှုတိုးလာမှာကို စိုးရိမ်နေကြပါတယ်။
ဟောလိဝုဒ် အနုပညာလောကမှာ မြန်မာပြည်ဖွား အနုပညာရှင်တွေအတွက် နေရာတခုရဖို့ ခက်ခဲပေမဲ့ အနုပညာလုပ်ငန်းကို နှစ်သက်လွန်းတဲ့အတွက် အခက်အခဲတွေကြားကပဲ အောင်မြင်မှုရအောင် ကြိုးစားနေပါတယ်လို့ ချင်းလူမျိုး ရုပ်ရှင်မင်းသမီး Priscilla Bawicia က ပြောပါတယ်။ ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ၊ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေအပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုအတွက် လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အမှု စတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။
အမေရိကန် စစ်မှုထမ်းဟောင်းများနေ့ဟာ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ် အဆုံးသတ် သဘောတူညီမှုရယူနိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် စတင်ကျင်းပခဲ့တာဖြစ်သလို၊ အမေရိကန်စစ်တပ်မှာ အမှုထမ်းရင်း ကျဆုံးခဲ့ကြတဲ့ စစ်မှုထမ်းဟောင်း တွေကို ဂုဏ်ပြုတဲ့ နိုင်ငံတော်အားလပ်ရက်နေ့ ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်ပြီးပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်