မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield တကြိမ်ထိုးထားပြီးသူတွေအနေနဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အစကနေ ပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။
ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် သြဇာသက်ရောက်မှု အရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။ ဒီအထဲကတဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ လူငယ်အမျိုးသမီး မအက်စတာဇေနော ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ပြန်လည် ထိန်းချုပ်လာပြီးတဲ့နောက် အာဖဂန်စစ်တပ်တွင်း တာဝန်ထမ်းနေကြတဲ့ အမျိုးသမီးစစ်သည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ဒီအကြောင်း Yalda Baktash ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကယားပြည်နယ် ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီစစ်တပ်တို့အကြား ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသူတွေရှိသလို၊ ပါတ်ဝန်းကျင်ကျေးရွာ ၆ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရ
အမေရိကန်ပြည်ထောင်စုမှာ ခရီးသည်တင်လေယာဉ်တွေကို အယ်လ်ခိုင်းဒါး စစ်သွေးကြွတွေက ပြန်ပေးဆွဲ တိုက်ခိုက်ခဲ့တဲ့ 9/11 တိုက်ခိုက်ခံရမှုနောက်ပိုင်း အမေရိကန်လေဆိပ်တွေရဲ့ ဘေးကင်းလုံခြုံရေး တာဝန်ယူခဲ့ကြတဲ့ Canine အနံ့ခံခွေးတွေပါတဲ့ အထူးတပ်ဖွဲ့အကြောင်း Julie Taboh ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အကြမ်းဖက်မှုနဲ့ ပတ်သက်နေသူတွေကို ခိုလှုံခွင့်၊ နေထိုင်ခွင့်ပေးထားတဲ့ အဆောက်အဦးတွေကို သိမ်းဆည်းမယ်လို့ စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ရာ အိမ်ငှားနေသူတွေဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အသိပေးရမယ့်တာဝန်ရှိတယ်လို့ စက်တင်ဘာ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား
ရန်ကုန်မြို့ထဲက စမ်းချောင်းမြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်တွေအပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှု ၅ ခုထက်မနည်းဖြစ်ခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်ထဲက ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ နှစ်ယောက် အနည်းဆုံးရှိတယ်လို့ မျက်မြင်တေ့ွသူတွေက ပြောပါတယ်။
အမေရိကန်ပြည်သူ ၃,၀၀၀ လောက်သေဆုံးခဲ့ရတဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု အနှစ် ၂၀ ပြည့်ပါပြီ။ ဒီအကြမ်းဖက် တိုက်ခိုက်မှုကြောင့် စခဲ့တဲ့ အာဖဂန်စစ်ပွဲလည်း အဆုံးသတ်သွားပါပြီ။ တာလီဘန်တွေ ပြန်အုပ်စိုးလာတဲ့ အာဖဂန်မှာ အမျိုးသမီးတွေရဲ့ အနာဂတ် စိုးရိမ်မှု ဘာတွေရှိနေလဲ။ လက်ရှိ ဘာတွေရင်ဆိုင်နေရပါလဲ။
ဒီကနေ့ ရန်ကုန်မြို့က နေရာ ၅ ခုလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို မန္တလေးနဲ့ မြို့နယ်တစ်ချို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ပေါင်းတည်မြို့မှာ မနေ့က ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးမှုလည်းဖြစ်တဲ့ ပေါင်းတည်က ရာအိမ်မှုး အိမ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ၂ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရပါတယ်။
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီ ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်း၊ ပိတ်သိမ်းတာတွေ ရှိနေချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း အရင်ထက်ပိုပြီး အခက်အခဲတွေ ကြုံလာရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ဖရိုဖရဲထွက်ခွာခဲ့ရတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပြင်းထန်နေချိန်မှာပဲ သမ္မတ ဂျိုးဘိုင်ဒန် ကတော့ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲကို သူ ဘယ်လို အဆုံးသတ်နိုင်ခဲ့တဲ့အကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်စစ်မှုထမ်း တယောက်ဖြစ်တဲ့ Christopher Horton ဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ လက်ဖြောင့်တပ်သားတဦး ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၂၆ နှစ်သာ ရှိပါသေးတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
သြဂုတ် ၂၉၊ ၂၀၂၁ - မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တာကို လစ်လျူရှုထားလို့ မရဘူးလို့ Honolulu မြို့က စိတ်ပညာရပ်ဆိုင်ရာ ပညာရှင် မဂျူးဂျူးမင်းသူက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အဓိက အားထားနေရတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ နေ့စဉ် ကိုဗစ်လူနာ ၁၀၀ ကျော်ကို အခက်အခဲတွေကြားက ကုသ စောင့်ရှောက်မှုတွေ ပေးနေပါတယ်။
အာဖဂန်ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ သူတို့ကိုကူညီပေးနေတဲ့ အာဖဂန်နိုင်ငံသားတွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထား ကယ်ထုတ်နိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဗဟန်းရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်လို့ ရှေ့နေတွေကပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် အမျိုးသမီး အလုပ်သမားတွေ အများဆုံး အလုပ်လုပ်နေတဲ့ အထည်ချုပ်လုပ်ငန်း အပါအဝင် စက်ရုံလုပ်ငန်းတွေ အများအပြား ပိတ်ပစ်လိုက်ရသလို၊ ကိုဗစ်ကပ်ဘေး ထပ်ဆောင်း ကြုံရတဲ့အခါ အလုပ်သမားတွေအတွက် အကျပ်အတည်းတွေ ပိုများလာပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီက တိုက်တွန်းနေချိန်မှာပဲ ရန်ကုန်နဲ့ မန္တလေးမြို့က ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ဆရာဝန်တွေနဲ့ပတ်သက်လို့ တလကျော်ကြာလာချိန်အထိ ဘာမှမသိရသေး
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ဝရုန်းသုန်းကား ပြန်လည်ထွက်ခွာနေတဲ့အခြေအနေ၊ အာဖဂန်အစိုးရ လျင်လျင်မြန်မြန် ပြုတ်ကျသွားတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပေါ် ဝေဖန်မှုတွေ တိုးလာနေပါတယ်။ ဒီအကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က အမေရိကန်သံရုံးဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြန်လည်ခေါ်ယူတာတွေ လုပ်နေတဲ့ တချိန်တည်း မှာပဲ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတဲ့ကိစ္စကိုလည်း အမေရိကန်အစိုးရက ခုခံပြောဆိုနေရပါတယ်။ Michelle Quinn ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်