အခု amazon အွန်လိုင်းမှာ ရောင်းချနေတဲ့ သူ့စာအုပ်ကနေ ရလာတဲ့ အကျိုးအမြတ်တချို့ကို လှူဒါန်းသွားဖို့ စီစဥ်ထားတယ်လို့လည်း ပြောပါတယ်။ ဘယ်လိုနေရာ ဘယ်လို အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာပါလဲ။ ဘာကြောင့်ပါလဲ။ နောက်ထပ်ရော ဘယ်လို စာအုပ်တွေ ထပ်ရေးသွားဦးမလဲ
ဂါဇာကမ်းမြှောင်ဒေသက လူနေထူထပ်တဲ့ Rafah မြို့ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဒါဟာ မှားယွင်းတဲ့ အစီအစဥ်တခုလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားသလို၊ ဒီကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် က သဘောတူထားပါတယ်။
အထင်အရ ထိုင်းလွှတ်တော်အမတ်တွေဦးဆောင်ပြီး မြန်မာ့အရေးအဖြေရှာတဲ့ ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ ၂ရက်တာကျင်းပပါတယ်။ NUG ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူတွေကိုဖိတ်ပြီး ခုလို ဆွေးနွေးတဲ့အပေါ် အင်မတန်အားတက်မိတယ်လို့ ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မခင်ဖြူထွေး မေးမြန်းထားပါတယ်။
အာဏာသိမ်းမှု ၃ နှစ် ရှိလာတဲ့တိုင်အောင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတွေမှုတွေမှာ အမျိုးသမီးတွေ ကဏ္ဍစုံကနေ တက်တက်ကြွကြွ ဆက်လက် ပါဝင်နေကြဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့မှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အာရှပစိဖိတ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီး ဆွေးနွေးပွဲဟာ ကုလသမဂ္ဂ ပဋိညာဥ်စာတမ်း လက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဆန်ဖရန်စစ္စကို မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ အများဆုံး စုဝေးတဲ့ ထိပ်သီး ဆွေးနွေးပွဲ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က ဂါဇာ ကမ်းမြှောင်ဒေသကနေ အစ္စရေးတွေ သူတို့ဖာသာသူတို့ ပြန်လည် ထွက်ခွာခဲ့တဲ့အချိန် မတိုင်ခင်အထိ ဂါဇာမှာ နေခဲ့ကြတဲ့ အစ္စရေးနိုင်ငံသားတွေ အခုနောက်တကြိမ် ဂါဇာမှာ ပြန်လည် အခြေချနေထိုင်ဖို့ ပြင်ဆင် နေကြပါတယ်။
ကယားပြည်နယ် သို့မဟုတ် ကရင်နီပြည်မှာ လွိုင်ကော်မြို့လောက်ကလွဲရင် ကျန်ဒေသတွေက ကလေးငယ်တွေဟာ စစ်ပွဲတွေကြောင့် ပုံမှန် ကျောင်းစာ သင်နိုင်တဲ့အခြေအနေ မရှိတော့ဘူးလို့ ပညာရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူ မအဖြူလေးက ပြောပါတယ်။ မအဖြူလေးကို မခင်ဖြူထွေးက နယ်စပ်တနေရာမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ရာထူးအပါအဝင် တခြားအရေးပါတဲ့ ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောင်းလဲတာဝန် ယူမယ့်အကြောင်း စစ်ကောင်စီက မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ အမေရိကန်နိုင်ငံခြားရေးဌာန အွန်လိုင်း သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီသတင်း စာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ရေး ဝန်ကြီးတွေကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ပြီး တိုးတက်တဲ့ ရလဒ်တွေရှိခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo က ပြောပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် လုံခြုံရေးနဲ့ ဘဝ ရှင်သန် ရပ်တည်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ပို များလာတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာကြောင့် သတင်းသမားတွေ အသက် လုံခြုံရေးနဲ့ ဘဝ ရှင်သန် ရပ်တည်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ပို များလာတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။ သတင်းမီဒီယာ အခက်အခဲတွေအကြောင်း မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းကနေ ဒီနှစ် ဇူလိုင်လအထိ လူ ၅ ဦးထက်ပိုတဲ့ အစုလိုက် သတ်ဖြတ်မှုပေါင်း ၁၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး အယောက် ၁,၆၀၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာမို့ အရေးပေါ်ကာလ သက်တမ်းထပ်တိုးမယ့် အလားအလာများနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများစုအနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ဖို့ လွှတ်တော်မှာ ဒီကနေ့ မဲခွဲခဲ့ကြပေမဲ့ ထောက်ခံမဲ အလုံအလောက်မရခဲ့ပါဘူး။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအခြေအနေ လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
အမျိုးသမီး ဖြစ်ခြင်းကြောင့် နေရာမပေးချင်တာ၊ ခွဲခြား ဆက်ဆံတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်း ပြောင်းလဲ မလာခဲ့ဘူးလို့ ကုလသမဂ္ဂ လေ့လာချက်တခုက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာရော ကျားမ အခြေခံ ခွဲခြားမှုတွေ ဘယ်လို အခြေအနေရှိပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး စုစည်းတင်ဆက်ထားပါတယ်။
ဒီနှစ် မတ်လထဲ ကျင်းပခဲ့တဲ့ ၉၅ ကြိမ်မြောက် ဟောလိဝုဒ် ရုပ်ရှင် အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့တဲ့ မလေးရှားနိုင်ငံသူ မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ အာရှ အမျိုးသမီး အနုပညာရှင်တွေထဲ ဒီဆုချီးမြှင့်ခံရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာမှာ ဇွန်လ ၁၀ ရက်၊ ပြီးခဲ့တဲ့ စနေနေ့ကတည်းက နေအိမ်တွေ မီးရှို့ခံရပြီး၊ စစ်ကောင်စီအဖွဲ့တွေ ရွာထဲမှာဝင်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်ခံရတဲ့ အခြေအနေတွေ ဆိုးရွားနေဆဲ ဖြစ်ပြီး ဒီအထဲမှာ အထူးသဖြင့် တရုတ်၊ အီရန်၊ ရုရှားနဲ့ မြန်မာနိုင်ငံတွေ ကတော့ အဆိုးရွားဆုံး နိုင်ငံတွေ ဖြစ်တဲ့အကြောင်း အနေရိကန်အစိုးရက ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံတချို့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြရတာပါ။
နောက်ထပ်ကြည့်ရှုရန်