ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅,၀၀၀ ခရီးကို လက်လှော်လှေလေးနဲ့ အမျိုးသမီး ၆ ယောက် ကူးဖြတ်ဖို့ ပီရူးကထွက်ခွာ၊ ပုလဲနားကပ်ကို ဖုန်းပြောလို့ရတဲ့ နားကြပ်ဖြစ်အောင် ဖန်တီးထားတဲ့ နားကြပ်နားကပ် ဂျာမန်နည်းပညာကုမ္ပဏီ တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“ ရှမ်းနီအမျိုးသားများရဲ့ဒေသတွေက လက်ရှိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိမယ်။ နောက် ကချင်ပြည်နယ်ရှိမယ်။ ကချင်ပြည်နယ်မှာ ကျနော်တို့ ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ဖားကန့်ခရိုင် ဒါတွေ ရှိမယ်။ ဒီဘက်ကဆိုရင် ဟုမ္မလင်းခရိုင်ရှိမယ်။ ဒီဘက်က ခန္တီးခရိုင်တို့ ..
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံကနေ တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကမ္ဘာ့တဝန်း တွေ့ကြုံခဲ့ရတယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ထုတ်ပြန်တဲ့ နှစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း က တင်ပြပေးပါ့မယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယားစခန်း (Camp Victoria) ကို မြန်မာစစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူသေဆုံးတာတွေရှိခဲ့ပြီး အဆောက်အဦးတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်။ သေဆုံးသူတွေဟာ စစ်ဘေးရှောင်စခန်းတွေထဲကဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကျေနပ်တဲ့သူ အချင်းချင်း ထိုးကြိတ်နိုင်တဲ့ လက်ဝှေ့ပွဲ ပီရူးနိုင်ငံမှာ ကျင်းပ၊ ပြင်သစ်မြောက်ပိုင်း ရွာလေးတရွာမှာ နွားကို ပြိုင်မြင်းလို လေ့ကျင့်သင်ကြားပေး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာအပါအဝင် တရုတ်-ယူနန်ပြည်နယ်နဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ဇန်နဝါရီ ၈ ရက်မှာ ပြန်ဖွင့်ပေးဖို့ ယူနန်ပြည်နယ်က ကြေညာထားပြီး သုံးနှစ်လောက်ရပ့်နေတဲ့ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ မျှော်လင့်နေပေမဲ့ တရုတ်နိုင်ငံထဲ ဆိုးရွားတဲ့ကိုဗစ်ကူးစက်မှုတွေကြောင့် နယ်စပ်ဂိတ်တွေပိတ်အုံးမလားဆိုတာ မှန်းရခက်နေပါတယ်။
၂၀၂၂ ခုနှစ်အတွင်း တီထွင်စမ်းသစ်ခဲ့ကြတဲ့နည်းပညာတွေဟာ လူသားတွေရဲ့ နေ့စဉ်ဘကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနည်းပညာတွေထဲမှာအသီးခူးနိုင်တဲ့ စက်ရုပ်တွေ၊လူတွေမသွားနိုင်တဲ့ နေရာတွေမှာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နိုင်တဲ့စက်ရုပ်တွေကနဲ့ အားလပ်ချိန်တွေမှာ သုံးနိုင်မယ့် နည်းပညာသစ်တွေပါဝင်တယ်။ကိုငြိမ်းချမ်းက တင်ပြမှာပါ။
"MoU နဲ့ကမ်းလှမ်းစာတွေကတော့ နည်းလာတယ်။ ဟိုမှာ CI တို့ ဘတ်တို့ ရိုက်ပေးနေတာတွေကလည်း သက်တမ်းတွေ တိုးထားတယ်။ မြန်မာပြည်ထဲကို နှစ်ပြည့်လို့ ပြန်ဝင်လာရမယ့်သူတချို့ကလည်း ပြန်မဝင်တဲ့အခါကြတော့ အောက်လမ်းကနေ သွားထားတဲ့၊ တရားမဝင်သွားထားတဲ့ သူတွေကလည်း ရှိနေတယ်။” (မန်နေဂျင်းဒါရိုက်တာ-ပွင့်ဖူးအောင်ကုမ္ပဏီ)
၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပီကာဆိုရဲ့ လက်ရာတွေထဲမှာ Gunerciaလို့ ခေါ်တဲ့စစ်ဆန့်ကျင်ရေး ပန်းချီကားဟာ စစ်ရဲ့ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုတွေကို ပုံဖော်ထားတဲ့ ဂန္တဝင်လက်ရာတခုဖြစ်ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။
“ ရွေးကောက်ပွဲမှာပါဝင်ပြီးမှ ထောက်ခံတဲ့သူတွေအားလုံးကတော့ စစ်တပ်ကို ထောက်ခံတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီ စစ်တပ်ကတော့ မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ အဲဒီရန်သူကို ထောက်ခံတဲ့သဘောဖြစ်ပါတယ်။ အဲဒါကြောင့် မထောက်ခံဖို့ပေါ့နော်။”(KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ)
၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာအားလပ်ရက် ပွဲတော်တွေကို ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေ မထားပဲကျင်းပတာ ပထမဦးဆုံးနှစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း Zero Covid မူဝါဒကို စတင်ဖြေလျှော့ပေးပြီး အသက်ကြီးတဲ့ သူတွေကို ကိုဗစ်ကာကွယ်ဆေး တွေကို အာရုံစိုက်ထိုးပေးနေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“အခုဒုက္ခသည်တွေက လောလောဆယ် မြစ်ဘေးမှာ။ စစ်ရေးတင်းမာမှုတွေ၊ မြစ်ကြောင်းအခြေအနေတွေက ရှိတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ စစ်ဘေးပြေးနေရတဲ့အနေအထားလေးတွေ ရှိနေပါတယ်။ ခန့်မှန်းကတော့ ၁ သောင်းဝန်းကျင်မှာ ရှိပါတယ်။ စစ်ဘေးရှောင်နေရတာ ရက်အနေအထားက ၁၀ ရက်လောက်ရှိပါပြီ။” (စစ်ဘေးရှောင်ကူညီနေသူ)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ရေးပဋိ့ပက္ခတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်စာရင်းပြုစုနေချိန်မှာ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်လာရင် လက်မခံဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုဆက်ပြီး ကမ္ဘာတလွှားက ၂၀၂၂ ခုနှစ်အတွင်း ထူးခြား ဆန်းပြားတဲ့သတင်းလေးတွေကို စုစည်းပြီးတော့ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
လန်ဒန်ဗိသုကာပြတိုက်မှာ ခရစ္စမတ်ပွဲတော် ဂျင်းနံသင်းပေါင်မုန့်မြို့တော်ကြီးတွေကို တည်ဆောက်ပြထား၊ ချီကာဂိုမြို့မှာ သခင်အဝေးသွားခိုက် ယုန်လေးတွေအတွက် ဇိမ်ခံ ယုန်စပါးနဲ့ ယုန်ဟိုတယ် ဖွင့်လှစ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“အခု လူစားထိုးစနစ် မလုပ်တော့ဘဲ့ တိုက်ရိုက်ဝင်လို့ရတဲ့ဟာကို လုပ်လိုက်တာ ပထမဦးဆုံးပဲ။ မူဆယ်လမ်းကြောင်းတက်ရင် ကားတစီးကို တလမှတခေါက်ပဲရတယ်။ အတွင်းထဲ (တရုတ်ထဲ) ဝင်ရင် ကားဘယ်ရောက်လို့ ရောက်မှန်းမသိ၊ ကျနော်တို့မှာ ရင်တမမနဲ့။ ဟိုထဲပါသွားပြီဆိုရင် ကားကစုတ်ပြတ်သတ်ပြီး ပြန်လာတာ။” (မူဆယ်လုပ်ငန်းရှင်)
အမေရိကန် ပြည်ထောင်စုနဲ့ အာဖရိက နိုင်ငံများ ညီလာခံ ကို ဝါရှင်တန်မြို့တော်မှာ အင်္ဂါနေ့ မှာ စတင်ကျင်းပပါတယ်။ရာသီဥတုအရေး စွမ်းအင်၊ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေ အပါအဝင်အာဖရိက လူငယ်တွေအရေး နဲ့ ရွှေ့ပြောင်းအခြေချ သူတွေရဲ့ အခန်းကဏ္ဌကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“တထောင်ကျော်နေပြီရှင့်။ နမ့်ဆန် ဇယန်းကြီးကျောင်းမှာရှင့်။ ဒါက Camp တခုတည်းပေါ့နော်။ တခြား Camp တွေလည်း ရှိသေးတယ်။ နောက်ထပ် Camp တခုက ၂၀၀ ကျော်ကျော်တော့ ရှိမယ်။ တောထဲမှာ အခြေချနေတာ သူတို့က။ အခုတိုက်ပွဲဖြစ်တဲ့နေရာကလည်း မိုးမိတ်နဲ့ နမ့်ဆန်ရဲ့ နယ်နမိတ် ဖြစ်နေတယ်ပေါ့နော်။” (နမ့်ဆန်စစ်ဘေးရှောင်ကူညီနေသူ)
ဂျပန်နိုင်ငံမှာ မိလ္လာပိုက်တွေပြုပြင် ထိန်းသိမ်းဖို့အတွက် SPD1 လို့ နာမည်ပေးထားတဲ့ ပင့်ကူစက်ရုပ်တွေ တီထွင်၊ ဂျာမနီမှာတော့ ခရစ္စမတ်စင်တာဘိုးဘိုးတွေ အပြေးပြိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်