တပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ်ဆိုင်းရေး ဆွေးနွေးကြဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ရောက်နေကြပါပြီ။
"တိုက်ပွဲအတွက် ပြင်ဆင်တဲ့ကာလမျိုး မဖြစ်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင်၊ ရှေ့လုပ်ငန်းများကို ဖော်ပြပေးနိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင် ရည်မှန်းထားတယ်လို့ ပြောချင်ပါတယ်။" (ဗိုလ်ချုပ် ဂွမ်မော်)
" တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်၊ ဒါမှမဟုတ်ရင်လည်း ဘုံသဘောတူညီချက်၊ အဲ့တာကတော့ ရပြီးပြီ။ အတည်လည်းပြုပြီးပြီ။ အဲ့ဒီ့အပေါ်မှာလည်း ၁၈ဖွဲ့ က ညီညွတ်တယ်။"
" ရွေးကောက်ပွဲမှာ တရားမျတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင်...Free and Fair ဖြစ်ဖို့အတွက်တော့ ပြင်ဆင်ဖို့လိုတယ်လို့တော့ ဒီလိုပဲပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ဦးတည်း ဆန္ဒတင်မကပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကလည်း ဒီအတိုင်းပါပဲ။"
"မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။"
ဗြိတိသျှစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံမှုရှိတယ်ဆိုပေမယ့် ဒါဟာ စစ်သင်တန်းပေးဖို့အတွက် မဟုတ်ပဲ ဒီမိုကရေစီ စံနစ်ထဲ ဗြိတိသျှစစ်တပ် ဂုဏ်ရှိရှိ တည်ရှိနေတာကို မြန်မာစစ်ခေါင်းဆောင်တွေ စံနမူနာယူနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီးက ပြောပါတယ်။
ဖက်ဒရယ်စံနစ်ကို အစိုးရနဲ့ စစ်တပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေဘက်က နားလည်သဘောပေါက်ရင် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးစရာမလိုဘဲ ပြည်တွင်းစစ် အလိုလိုငြိမ်းချမ်းသွားမှာ ဖြစ်တဲ့ကြောင်း KIO ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ဗွီအိုအေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ကြားကပဲ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မူလက စီစဉ်ထားတဲ့အတိုင်း သံတွဲမြို့ကို ရောက်သွားတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့် အခမ်းအနားဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က - ဘယ်နိုင်ငံရေးပါတီမှာမဆို အပြစ်အနာအဆာရှိတာဖြစ်တဲ့အတွက် မထူးဆန်းဘူးလို့ ခုခံပြောဆိုခဲ့ပေမဲ့ အဖွဲ့ချုပ်ကိုတော့ အမြင့်ဆုံး အကောင်းဆုံးဖြစ်စေချင်တဲ့အကြောင်း၊ ဆက်ပြီးကြိုးစားသွားဖို့ ပါတီဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။
“လွှတ်တော်ထဲမှာ အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆ ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့တယ်။"
မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့တီမောဝန်ကြီးချုပ်ဟာ ခရီးရောက်မဆိုက် သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြား သံရုံးအပြန်အလှန်ဖွင့်ရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားလဲမရှိ၊ အလုပ် လုပ်ခွင့်လည်း မရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ အလုပ်သမားဝန်ကြီးဦးအေးမြင့်က သတင်းထောက်တွေကို ပြောကြားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အတိတ်ကသင်ခန်းစာတွေကို နမူနာယူပြီး အစီအစဉ်သစ်တွေ ချမှတ်ဆောင်ရွက်သွားဖို့နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းအတွေ၊ တိုင်းပြည်တပြည်ချင်းစီ ပါဝင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း… အမေရိကန်နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကျောင်း ရေးဆိုင်ရာလက်ထောက်ဝန်ကြီး Brownfield က ပြောပါတယ်။
"သူ့ကို ကျနော်တို့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆၊ ၅၁၁၊ အရ တရားရုံး ကနေပြီးတော့ ထောင်ဒဏ်ငါးနှစ်ပါခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄နဲ့ ပြစ်ဒဏ်ထောင်ဒဏ် နှစ်နှစ်ပါခင်ဗျ။ သီးခြားစီ ပြစ်ဒဏ်ချပါတယ်ခင်ဗျ။ ပေါင်း ခုနှစ်နှစ်ပါခင်ဗျ။ "
တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့နဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းတို့ ဒီကနေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
"ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားချက်ဟာ အရင်ခရီးစဉ်တွေတုန်း က သူ့ရဲ့ပြောကြားချက်တွေလိုပဲ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အမှန်နဲ့ တကယ်ကွဲလွဲမှုရှိ တယ်ဆိုတာ ကျနော်တို့တွေ့ပါတယ်။ တကယ်က အဲ့ဒီ့နေ့ညနေ မိထ္ထီလာကို သူ ၁၀နာရီခွဲ ရောက်တဲ့အချိန်မှာ -- ကင်တားနားအတွက် လုံခြုံရေးလုပ်ဖို့ အဲ့ဒီ့နေရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိတယ်။ ယာဉ်ထိန်းရဲ ခုနှစ်ယောက် ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံခြုံရေးကို သူ့အတွက် အပြည့်အဝ လုပ်ပေးတယ်"
သြဂုတ် ၁၀၊ ၂၀၁၃ - သွေးမြေကျတိုက်ပွဲတွေ နှစ်နဲ့ချီဖြစ်ပွားပြီးမှာ ဒီမိုကရေစီဓလေ့ကို ကျင့်သုံးနိုင်တဲ့ သမိုင်းအစဉ်အလာနဲ့ (၈၈) အရေးတော်ပုံကို သုံးသပ်တင်ပြထား ...
သြဂုတ် ၃၊ ၂၀၁၃ - ဒီနှစ်ထဲမှာ ပြောင်းလဲလာတဲ့ မြန်မာပြည်ဆိုင်ရာ တရုတ်သဘောထားကို ဦးအောင်ခင် နဲ့ ကိုဇော်ဝင်းလှိုင်တို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင်လ ၂၇၊ ၂၀၁၃ - ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတွေဟာ ဒီမိုကရေစီ ပြုစုပျိုးထောင်ရေးအတွက် လုပ်တာလား၊ စစ်အုပ်စု ကြီးစိုးရေးအတွက်လား သုံးသပ်ထားပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်တဲ့ တရုတ်ကင်းလှည့် သင်္ဘော MV Haixun 01 ဟာ မြန်မာနိုင်ငံ ၅ ရက်ကြာ ချစ်ကြည်ရေးခရီး စဉ်အဖြစ်နဲ့ ရန်ကုန်မြို့ ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်