သတင်းလွတ်လပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အတိုက်အခံတွေကိုအကျဉ်းချထားပြီး အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်တဲ့အတွက် အမေရိကန်က အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ထပ်လောင်း အတည်ပြုလိုက်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့ လူထုလူထုဘက်က အမေရိကန်အစိုးရ ခိုင်ခိုင်မာမာ ရပ်တည်ပါကြောင်း ကန်နိုင်ငံခြားရေးဌာနအထူးအကြံပေး ဒဲရက်ရှိုလေးက ပြောပါတယ်။ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းလည်း ပြောသွားတာပါ။ ဒေါ်ခင်စိုးဝင်း သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေရဲ့ဥသျှောင် ကမ္ဘာတဝန်းကလေးစားကြတဲ့ ဘုရင်မကြီးအဲလဇ္ဇဘက်ရဲ့ Legacy ကောင်းမွေဆိုးမွေတွေအကြောင်း ဘုရင်မကြီးက အရပ်သားတွေကိုချီးမြင့်တဲ့ OBE-Order of the British Empire ထူးချွန်ဆုတံဆိပ်ချီးမြင့်ခံရသူ ဒေါ်တင်ထားဆွေနဲ့ VOA မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကဆွေးနွေးထားပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ ၁၃ကြိမ်ရှိခဲ့ပေမဲ့ မြန်မာစစ်တပ်လိုအကဲမဆတ်ဘဲသံခင်းတမန်ခင်းနူးညံ့သိမ်မွေ့ပြီး ကျွမ်းကျင်လိမ္မာမှုကြောင့်နိုင်ငံတကာနဲ့ဆက်ဆံရေးပြေပြစ်တယ်လို့ ထိုင်း-မြန်မာဆက်ဆံရေးကျွမ်းကျင်သူကသုံးသပ်လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ဦးခွန်ဆိုင်းကိုသီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် တွန်းအားပေးနေသလို၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို မှတ်တမ်းပြုစုပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတကာ ပညာရှင်တွေနဲ့တိုင်ပင် ဆောင်ရွက်နေတဲ့အကြောင်း WLB က ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာနဲ့ အာဆီယံရဲ့ အစီစဉ်တွေ အောင်မြင်ထိရောက်ဖို့ဆိုရင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ EAO တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှသာ ထိရောက်မှုရှိမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက VOA ကို ပြောဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို အမှန်တကယ် သေဒဏ် စီရင်လိုက်ပြီဆိုရင်၊ NCA ခေါ် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်သဘောတူညီချက်မှာပါဝင်တဲ့ အသက်ရှင်သန်ခွင့် အခွင့်အရေးကို မျက်ကွယ်ပြုရာရောက်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ PPST ဦးဆောင်အဖွဲဝင် ဗိုလ်မှူးကြီးခွန်ဉက္ကာက ဝေဖန်လိုက်ပါတယ်။
“ဘုန်းကြီးပင့်ရတယ်။ သရဏဂုံတင်တယ်၊ ဆရာဝန်တွေက စောင့်နေရတယ်။ တကယ်ပဲ ကွယ်လွန်ပြီဆိုတာ ဆေးစာလုပ်ရတယ်။ အဲဒါတွေပြီးတော့မှ သက်ဆိုင်ရာ မိသားစုကို ပေးတာလည်းရှိတယ်။ .. ဥပဒေနဲ့အညီလို့ပဲ ပြောတော့ လက်တွေ့မြေပြင်မှာ လုပ်ခဲ့သလား...မလုပ်ဘူးလားဆိုတာတော့..” (ခွန်ဥက္ကာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ)
မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရ တာဝန်ခံမှုရှိလာအောင် ဖိအားပေးဖို့ အမေရိကန်နဲ့အတူ တခြားနိုင်ငံတွေမှာပါ တာဝန်ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုလိုက်ပါတယ်။ အမေရိကန်အစိုးရက မြန်မာလူငယ်ခေါင်းဆောင်တွေရဲ့အသံကိုနားထောင်းနေပါတယ်လို့လည်းပြောဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေကို ဖိနှိပ်နေတဲ့စစ်အစိုးရ တာဝန်ခံမှုရှိလာအောင် ဖိအားပေးဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာပါ တာဝန်ရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်မြို့မှာကျင်းပတဲ့ ဝန်ကြီး Blinken ရဲ့သတင်းစာရှင်းလင်းပွဲ သတင်းယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်း ပြောပြမှာပါ။
COVID-19 ကပ်ရောဂါ ကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို စိတ်ချလုံခြုံစွာ အထမြောက်အောင် ကျင်းပနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို မေးမြန်းထားပါတယ်။
စစ်ဘေးရှောင် ၃ သိန်းခွဲလောက် စုပြုံနေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အခြေအနေတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်ပြီး အပျော်စီး ဇိမ်ခံသင်္ဘောကြီးနှစ်စင်းကို အာရှမှာကမ်းကပ်ခွင့် မပေးဘဲထားခဲ့တဲ့ အခြေအနေတွေရှိခဲ့သလို သင်္ဘောလိုင်းတွေရဲ့ စတော့ရှယ်ရာဈေးတွေ ထိုးကျသွားပါတယ်။ ဒီလိုခရီးသွားလုပ်ငန်းတွေ ထိခိုက်နေရတဲ့အကြောင်း Mariama Diallo ရဲ့သတင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ပါဝင်နေတဲ့ စစ်ပွဲတွေကို ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေလို့ သုံးနှုံးပြီး ဒီစစ်ပွဲတွေကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ်ဆိုတဲ့ကတိတွေနဲ့ သမ္မတ Donald Trump မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် အမေရိကန်အစိုးရရဲ့ သဘောထားအမြင်ကို တင်ပြထားတဲ့ အယ်ဒီတာအာဘော် ဖြစ်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာအမည်ကို လက်မခံပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုထားပါတယ်။
နယူးယောက်မြို့ အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ကြီးကနေ 360ed ပညာရေးအထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှုဆောင်အရာရှိချုပ် မလှလှဝင်းကို ၂၀၁၉ ခုနှစ်အတွက် လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုကို စက်တင်ဘာလ ၂၄ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့တွင်းထွက် တူးဖော်ရေးလုပ်ငန်းတွေမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေ ဖော်ဆောင်ဖို့ နှစ်စဉ်အစီရင်ခံစာတွေ ထုတ်ပြန်ရာမှာ နိုင်ငံတကာစံနှုန်းနဲ့ ကွာဟချက်တချို့ ရှိနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကပြောပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ဒေါ်ခင်စိုးဝင်းက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
ဝန်ကြီးဌာန ၁၈ ခုမှာ CPU လို့ခေါ်တဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ၃၂ ဖွဲ့ ဖွဲ့စည်းထားရှိပြီး၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ လက်လှမ်းမှီမယ့်၊ ထိရောက်တဲ့ စံနစ်တခုကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ မကြာမီ အကောင်အထည်ဖေါ်ဖို့ ရှိတယ်လို့ အဂတိလိုက်စားမှုကော်မရှင်က ပြောဆိုလိုက်ပါတယ်။
သြဂုတ် ၁၈၊ ၂၀၁၉ - ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေးကို ဘယ်လို လုပ်ဆောင်နေကြပါလဲ။ ဒေါ်ခင်စိုးဝင်းနဲ့ အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ Donald Trumpနဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un တို့ရဲ့ပထမ ထိပ်သီးဆွေးနွေးပွဲကအကြီးဆုံးအောင်မြင်မှုဟာသူတို့တွေ့ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်နိုင်ပါတယ်။ ခုလာမယ့်ဒုတိယထိပ်သီးတွေ့ဆုံပွဲရဲ့မျှော်လင့်ချက်နဲ့ခန့်မှန်းချက်တွေကို Bill Gallo သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်