မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ဇနီးဖြစ်သူအသက်သေဆုံးခဲ့ရတဲ့ အမှုမှာ တရားခံခင်ပွန်းဖြစ်သူ အဆိုတော်ဝဠာကို Lion Battalion Commando စစ်ကြောင်းဆီကနေ ထိုင်းရဲဘက်ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဒီအမှုကို စတင်ဖေါ်ထုတ် ခဲ့သူလည်းဖြစ်တဲ့ မထိပ်ထားက ဗွီအိုအေကို ပြောပါတယ်။
အာဖရိကဦးချိုဒေသကလူသန်းပေါင်းများကိုထိခိုက်လာတဲ့ဆိုးရွားလာတဲ့ရာသီဥတုအခြေအနေကို AI နည်းပညာနဲ့ ကြိုတင်ခန့်မှန်းနိုင်ဖို့ဆောင်ရွက်နေပါပြီ။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFPနဲ့ ဗြိတိန်အောက်စဖို့တက္ကသိုလ်ကသိပ္ပံပညာရှင်တွေပူးပေါင်းပြီးဆောင်ရွက်နေတာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
"စစ်ဘေးရှောင်လာသူတွေဆို ဒီဘီလူးကျွန်းကိုပဲ အားကိုးနေရတာ။ ဒီကလည်း ဧည့်ဝတ်ကျေကျေနဲ့ ဧည့်ခံထားကြတာ။ အခုကျတော့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်မယ်ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ မကြိုက်ဘူးပေါ့။ အခုက စကစခေတ်ဆိုတော့ လှုပ်ရှားဖို့၊ ပြောဆိုဖို့ကတော့ နည်းနည်းခက်နေတယ်။" (ဘီလူးကျွန်းဒေသခံ)
သြစတေးလျကGreat Barrier Reef သန္တာကျောက်တန်းကြီးပျက်စီးမှုကို ဥာဏ်ရည်တုနည်းပညာပါ ရေအောက်ဒရုန်းယာဥ်နဲ့လေ့လာနေပါပြီ။ ကမ္ဘာ့ပူနွေးမှုကြောင့်ကမ္ဘာအရပ်ရပ်ကသန္တာကျောက်တန်းကြီးတွေရဲ့ ဂေဟဗေဒစနစ်တွေ အကြီးအကျယ်ထိခိုက်ပျက်စီးလာနေတာဖြစ်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်ကနေ နန်းလောင်ဝ်က တင်ပြထားပါတယ်။
လူနာရှိလို့မြင်းခြံဆေးရုံကိုသွားပို့ပြီး LockDown အချိန်က လွန်သွားပြီလေ။ မြင်းခြံကနေ စခမ ကျေးရွာကိုအပြန် စစ်ကောင်စီတွေ ကင်းပုန်းဝပ်နေတဲ့နေရာကိုအဖြတ် ကားရှေ့မီးတော့ဖွင့်တယ်။ အတွင်းမီးမဖွင့်တော့ ဆရာတော့်ကို မတားမပြုဘဲ၊ ပုံစံကြည့်တာ မူးရူးနေတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ပစ်တာထင်တယ်။" (ဒေသခံ)
ပင်လယ်သမုဒ္ဒရာတွေကို အဆုံးအစမဲ့ ရင်းမြစ်တွေလို ကမ္ဘာက သတ်မှတ်နေကြတာမျိုး ရပ်ပစ်ဖို့လိုပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ပလတ်စတစ်အပါအဝင် ဓာတုဓာတ်တွေကြောင့် ညစ်ညမ်းလာနေတဲ့ သမုဒ္ဒရာ ဂေဟဗဒစနစ်တွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုထိခိုက်လာနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ လိင်တူစုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့်ဥပဒေကြမ်းကို အင်္ဂါနေ့က ထိုင်း အထက်လွှတ်တော်မှာ တခဲနက် အတည်ပြုလိုက်ပါတယ်။ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေးတန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
“တခြားလက်နက်တွေသုံးပြီး ရိုက်နှက်တာမျိုးမဟုတ်ဘဲနဲ့ လက်သီးနဲ့ပဲထိုးသွားတာ။ လက်သီးနဲ့ထိုးပြီးတော့ အမျိုးသမီးက ဦးနှောက်သွေးယိုစီးမှုနဲ့ ခွဲစိတ်မှုလုပ်ဖို့တွေကြိုးစားခဲ့သေးတယ်။ ထိုင်းကကယ်ဖို့ ကြိုးစားတယ်ပေါ့နော်။ ဆေးရုံ သုံးခုလောက်ပြောင်းလိုက်တယ်။ ဒါပေမယ့် မရလိုက်ဘူး။" (မထိပ်ထား-Sister to Sister အဖွဲ့)
သမုဒ္ဒရာရေထုရဲ့အပူချိန်တွေတိုးလာနေတာကြောင့် ကမ္ဘာတဝှမ်းသန္တာကျောက်တန်းကြီးတွေပျက်စီးလာနေပါတယ်။ လူသားမျိုးနွယ်အတွက်အရေးကြီးလှတဲ့သန္တာကျောက်တန်း ကြီးတွေပျက်စီးလာတဲ့အခြေအနေ ကမ္ဘာ့သမုဒ္ဒရာများနေ့မှာပဲ သိပ္ပံပညာရှင်တွေမီးမှောင်းထိုးပြခဲ့ကြပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ် တင်ပြထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့ လှုပ်ရှားမှုအဖြစ် ကမ္ဘာအေးဂုံးကျော်တံတားမှာ "လွှတ်" ဆိုတဲ့စာလုံးတလုံးကို ဇွန်လ ၁၆ ရက်နေ့မှာ ပစ်တိုင်းထောင်အဖွဲ့က သွားရောက်ချိတ်ဆွဲခဲ့ပါတယ်။
LGBTQ+ တွေကို ဂုဏ်ပြုတဲ့ဇွန်လအတွင်း ထိုင်းနိုင်ငံမှာ လိင်တူချင်း လက်ထပ်တဲ့ ဥပဒေအတည်ပြုပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြသူတွေထဲမှာ မြန်မာ့ LGBTQ+ အသိုင်းအဝိုင်းလည်းပါ၀င်နေပါတယ်။
"မြင်းမူနဲ့ မြင်းခြံမြို့နယ်တွေမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထပ်ပြီး အသက်ဆုံးရှုံးရတာဟာ ကြေကွဲဖွယ်ကောင်းပါတယ်။ စစ်အစိုးရအနေနဲ့အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို အဓိကဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”(ဗြိတိန်အကြီးတန်းသံတမန် Anne-Marie Trevelyan)
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီမှာ စစ်ကောင်စီဘက်က ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
အယ်လ်နီညိုအပူလှိုင်းရဲ့ အကျိုးဆက်စားနပ်ရိက္ခာရှားပါးမှုနဲ့ကြုံနေရသူလူသန်းပေါင်း ၆၀ ဝန်းကျင်ရှိနေပါတယ်။မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှုနဲ့မုန်တိုင်းတွေ ပိုပြီးဆိုးရွားလာနေအတွက်စိုက်ပျိုးမွေးမြူရေးနဲ့တိရိစ္ဆာန်တွေပါ ပျက်စီးဆုံးရှုံးနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ် တင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နေအိမ်တွေ မီးရှို့ခံရမှုဖြစ်စဉ်အပေါ် အပြန်အလှန်အငြင်းပွားနေချိန်မှာပဲ ရိုဟင်ဂျာမွတ်ဆလင်တွေဖက်ကတော့ သူတို့ဟာ နှစ်ဖက်အကြား မြေစာပင်ဖြစ်နေရတယ်ဆိုပြီး ပြောနေပါတယ်။
"ဒီတော်လှန်ရေးက ရေရှည်တော်လှန်ရေး ဖြစ်တယ်။ ဒီကြားကာလမှာပဲ လိုအပ်တဲ့ဟာတွေကို ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်ဆိုတဲ့ စိတ်ကူးနဲ့ မိုးရာသီသစ်ပင်စိုက်တဲ့လှုပ်ရှားမှုလေး လုပ်ဖြစ်တယ်။ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် လိုအပ်တယ်ဆိုတဲ့ဟာမျိုး နားလည်ထားတယ်ပေါ့ဗျာ။" (ကိုမင်းလွင်ဦး-DDMSC တာဝန်ခံ)
ဥတုရာသီပြောင်းလဲမှုပိုမိုပြင်းထန်လာတဲ့အတွက် လေကြောင်းပျံသန်းရေးကဏ္ဍအေပေါ်လည်းပိုမိုရိုက်ခတ်လာတော့မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
ရွှေစျေးနှုန်းကို ထိန်းနိုင်ဖို့ ရွှေအရောင်းနဲ့ အဝယ်ကို ယာယီပိတ်ထားမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ကမ္ဘာ့ရွှေစျေးနဲ့အတူ တဖြည်းဖြည်း လိုက်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေစျေးက တကျပ်သားကို ပြင်ပမှာ ကျပ် ၅၂ သိန်းကျော်အထိ တက်လာခဲ့ပါတယ်။
"တချို့ဆို ဗမာလိုတောင် မပြောဘူး။ တရုတ်လိုပဲ ပြောနေတယ်။ ဒီ ၅ လပိုင်းအတွင်းမှာ ပိုများတာထင်တယ်။ မြဝတီ ရွှေကုက္ကိုဘက်ခြမ်းကဟာတွေဖြစ်ဖို့ များတယ်။ နယ်စပ်ဘက်မှာတော့ အဲ့ဒီအဆောက်အဦးတော့ တွေ့တာပဲ၊ တည်ခိုခန်းလိုလို ဘာလိုလိုနဲ့ ဆောက်နေတာ။ ကာစီနိုထင်တယ်၊ တချို့ဟာတွေက ဆောက်လုပ်ဆဲတွေလည်း ရှိတယ်။” (ဒေသခံ)
"စမတ်ကဒ်လုပ်တော့ အမနာမည် မွေးသက္ကရာဇ် တူတဲ့သူပေါ်နေတယ်။ အဲဒါနဲ့ကိုယ်ကအမှန်ဖြစ်တယ်ဆိုတာကို အဆင့်ဆင့် ထောက်ခံချက် ပြန်ယူနေရတယ်။ စိတ်ရှုပ်ရတာပေါ့နော်။ မှတ်ပုံတင်က သူတို့ပဲထုတ်ပေးခဲ့တာလေ။ ကိုယ်လည်းလုပ်လို့ရတာမဟုတ်ဘူးလေ။ ဘယ်လိုတွေမှန်းမသိတာ။ တန်းစီရ။ ဟိုရုံးသွားရ ဒီရုံးသွားရနဲ့။" (ရန်ကုန်မြို့ခံ)
နောက်ထပ်ကြည့်ရှုရန်