ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန်-သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၄ ရက်နေ့မှာ ကြေညာလိုက်တာကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့ အခုကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ကျော်လာပါပြီ။
ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်စေပဲ ကမ္ဘာပတ်နေတဲ့ Energy Observer စက်လှေဟာ နောက်ဆုံးပန်းတိုင်ကို ရောက်လုနီးနေပါပြီ။ ပြန်ပြည့်မြဲစွမ်းအင်နဲ့သာ မောင်းနှင်နေတဲ့ Energy Observer စက်လှေဟာ ခရီးစဥ် နောက်ဆုံးမှတ်တိုင်အဖြစ် ဖလော်ရီဒါပြည်နယ်ကို ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ဆိုက်ကပ်လာပါတယ်။
"အိမ်ကိုက မသွားတာကြာပြီ။ ကြောက်လို့။ သမီးမိန်းကလေးရှိတော့ ပိုဆိုးတယ်။ တော်လှန်ရေးအဖွဲ့ကိုမကြောက်ဘူး။ စစ်ကောင်စီပဲ။ သူများသားပျိုသမီးပျိုတွေကို မုဒိန်းကျင့်တာရှင့်။ အဲဒါကြောက်လို့၊ သမီးမိန်းကလေးရှိလို့ ကြောက်လို့ ရှောင်လာတာပါ။" (မိုးမိတ်မြို့ စစ်ရှောင်တဦး)
"ကောလင်းမြို့နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဟာ ခံစစ်ပြင်နေတယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်၊ မြို့ထဲမှာရှိတဲ့အခိုင်အမာရှိတဲ့ အထပ်မြင့်အဆောက်အဦတွေ သူတို့ယူတယ်။ မြင်ကွင်းမရှင်းတဲ့ ပတ်ချာလည်ကရပ်ကွက်တွေ၊ သူတို့ခံစစ်ယူထားတဲ့နေရာတွေကို မီးရှို့ဖျက်စီးနေတယ်လို့ မြင်တယ်။" (ဒေသခံ)
ကရေဘီယံပင်လယ်ကွေ့တဝိုက်နက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြမ်းပြင်မှာ ရာစုနှစ်တွေနဲ့ချီ ရှင်သန်ပေါက်ပွါးကြတဲ့ ပင်လယ်ရေမြှုပ် Ocean Sponges သက်ရှိသတ္တဝါမျိုးစိတ်တခုကိုအခြေပြုပြီးကမ္ဘာ့အပူချိန်ကို သိပ္ပံပညာရှင်တွေလေ့လာခဲ့ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
"လွတ်လပ်ခြင်း၊ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခြင်းတွေက မျှော်လင့်ထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီတွေကို မြန်မြန်ရောက်နိုင်မှာပေါ့နော်။ အားလုံးပြိုင်တူတွန်းမယ်ဆိုရင် မြန်မြန်ရောက်မယ်လို့လည်း ယုံကြည်ပါတယ်။” (မွန်အမျိုးသမီး လူငယ်တဦး)
"အဓိကတော့ စစ်တပ်ကပဲ သူတို့ဟာသူတို့ ပုံဖော်တဲ့ဟာမျိုးပေါ့လေ။ ပြည်သူအချင်းချင်းကြားမှာတော့ ဖေးဖေးမမပါပဲ အခုချိန်ထိတော့။ ကျနော်တို့လည်း ရပ်ကွက်ထဲမှာနေတာ အေးအေးဆေးဆေးပါပဲ။ ဗမာပြည်သူရော၊ ရခိုင်ပြည်သူရောက အခုချိန်မှာ ဖိနှိပ်ခံနေရတဲ့ကာလပေါ့လေ။" (ရန်ကုန်မြို့နေ-ရခိုင်အမျိုးသားတဦး)
မီသိန်းဓာတ်ငွေ့ဟာ ကမ္ဘာ့ပူနွေးမှုမှာကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထက် အဆပေါင်းများစွာ အန္တရာယ်ဖြစ်စေပါတယ်။ကမ္ဘာ့ဝယ်လိုအားတက်နေချိန်မှာပဲ မီသိန်းဓာတ်ငွေ့ထွက်စေတဲ့ LNG ဓာတ်ငွေ့ရည်တင်ပို့မှုကို သမ္မတဘိုင်ဒန်အစိုးရကဆိုင်းငံ့လိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရ်ှဘက်ကို ထပ်မံထွက်ပြေးလာတယ်လို့ သိရပါတယ်။
စံချိန်တင်အပူဆုံး ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ်မှာ ပိုပြီးပူလာနိုင်ခြေရှိတယ်လို့ ဥတုရာသီရေး စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေကပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့မြေထုနဲ့ရေပြင်တွေရဲ့အပူချိန်တွေလည်းမြင့်တက်လာတာကြောင့်သဘာဝဘေးတွေနဲ့ ကြုံခဲ့ရပြီးပါပြီ။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲ နှစ်လကျော်ကာလအတွင်းမှာ ထီးချိုင့်မြို့တွင်းက နေအိမ် ၈၀ ရာခိုင်နှုန်းလောက် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ထီးချိုင့်မြို့အနီးကကျေးရွာတွေကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကြောရေးမှာ ရင်ဘတ်၊ နံရိုးကြား ရိုက်နှက်ခံရတာတွေ၊ ဗိုက်ပေါ် တက်နင်းခံရတာတွေ၊ ရိုက်နှက်ခံရတာတွေကို နီးစပ်ရာမိတ်ဆွေတွေကို ရင်ဖွင့်ခဲ့တာရှိတယ်။ ဆရာဝန်သွားပြလည်း ဆရာဝန်က 'ဘာမှမဖြစ်ပါဘူး၊ ဒီဆေးသောက်' ဆိုပြီး ပါရာစီတမောနဲ့စီဗစ်နဲ့ပဲ လည်ပတ်နေတာ။" ဦးသိုက်ထွန်းဦး- (PPNM)
အာဂျင်တီးနားနိုင်ငံနဲ့ အဏုမြူစွမ်းအင်အေဂျင်စီIAEA တို့ပူးပေါင်းပြီး အန္တာတိကတိုက်မှာပထမဆုံးသိပ္ပံသုတေသနလုပ်ငန်း စတင်လိုက်ပါတယ်။အန္တာတိကမှာ ပလပ်စတစ်အမှုံအမွှားတွေဘယ်လောက်ရောက်နေပြီလဲဆိုတာ နျူကလီးယားသိပ္ပံပညာရပ်ကိုအသုံးပြုပြီး လေ့လာတာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာ့ပူနွေးမှုမြင့်တက်လာတဲ့အကျိုးသက်ရောက်မှုတွေထဲမှာ သစ်ပင်တွေ အလိုလိုသေဆုံးလာတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်းအခြေအနေအရ အပင်မျိုးစိတ်တွေ ပြောင်းလဲစိုက်ပျိုးလာကြတာလည်းရှိသလို နေရာသစ်ကို ပြောင်းပြီး စိုက်ပျိုးစမ်းသပ်တာတွေလည်း ရှိပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ယူကရိန်းနိုင်ငံထဲက စစ်မြေပြင်တွေမှာ ရုရှားဘက်ကရော ယူကရိန်းစစ်တပ်ဘက်ကပါ အဝေးထိန်းဒရုန်းယာဥ်တွေသုံးပြီးတိုက်ခိုက်နေကြပါတယ်။ အမေရိကန်စစ်ဖက်ကျွမ်းကျင်သူတွေရဲ့အဆိုအရ ခေတ်သစ်စစ်ပွဲတွေမှာ အသေးစားဒရုန်းတပ်ဖွဲ့တွေ ပုံမှန်ပါဝင်လာမယ့်ပုံ ရှိနေပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်ယူဖို့ စစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် အသိပေးထားတာကြောင့် စစ်ကောင်စီထံ စီးဆင်းမယ့်အခွန်ငွေဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေမှာ လက်နက်အဖြစ် အသုံးပြုမှာဖြစ်လို့ ပြည်ပရောက် မြန်မာတွေ အခွန်မဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းကြပါတယ်။
သဘာဝဘေးဒဏ်တွေပိုမိုပြင်းထန်လာတဲ့ ဒီကနေ့ခေတ်မှာ ခေတ်မီနည်းပညာတွေနဲ့ ဥတုရာသီပြောင်းလဲမှုလျော့ချရေး ဝိုင်းဝန်းကြိုးပမ်းမှုတွေလည်း တိုးလာပါတယ်။ လေထုထဲက ကာဗွန်ဓာတ်ငွေ့တွေကို မီးသင့်ကျောက်တွေထဲထည့်သွင်းနေတဲ့ Carbfix ရဲ့ နည်းပညာတွေအကြောင်း ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်က တင်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်လို့ ဆိုးရွားပြင်းထန်လာတဲ့ သဘာဝဘေးဒဏ်တွေ၊ သူ့ရဲ့သက်ရောက်မှုတွေနဲ့ အတူ အပြုသဘော ဆောင်တဲ့ ဖြစ်ပေါ်တိုးတက်တွေကို အနှစ်ချုပ် တင်ပြပါမယ်။ နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ စုစည်းတင်ဆက်ထားပါတယ်။
၂ နှစ်ကြာလာတဲ့ ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးရောင်ခြည်မမြင်ရသေးသလို အာဖရိကတိုက်တချို့နေရာမှာ စစ်အာဏာသိမ်းမှုတွေကြောင့်မတည်မငြိမ်ဖြစ်နေပြီး ဆူဒန်နဲ့ အရှေ့အလယ်ပိုင်းမှာလည်း စစ်ပွဲသစ်တွေကြောင့် လူတွေ ထိခိုက်သေဆုံးနေကြရပေမဲ့ ကုလက အဲဒါတွေကို အဆုံးသတ်သွားအောင် အနည်းအကျဥ်းသာဆောင်ရွက်နိုင်ပါတယ်။
အေမရိကန်အရှေ့ကမ်းရိုးတန်းပေါ်က မြို့သစ်တခုဟာဟာရီကိန်းမုန်တိုင်းတွေ၊ ရေကြီးရေလျှံမှုနဲ့ ပင်လယ်ရေမြင့်တက်တာမျိုးလိုသဘာဝဘေးဒဏ်တွေကို အံတုဖို့ ပုံစံချ ဆောက်လုပ်ထားပါတယ်။ သဘာဝဘေးဒဏ်တွေကို ကြံ့ကြံ့ခံဖို့ပြင်ဆင်ထားတဲ့ Babcock Ranch မြို့အကြောင်း ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်