ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတာ ရပ်ပစ်ဖို့ မတ်လ ၁၆ ရက်၊ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာတရားရုံး (ICJ) က ဗုဒ္ဓဟူးနေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစာရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပဲလို့ ဂျပန်အစိုးရပြောခွင့်ရ Hirokazu Matsuno က ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန် ဒီစီ စံတော်ချိန် မနက်ပိုင်း အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိသလို ရုရှားကျူးကျော်စစ်အရေး ဆွေးနွေးဖို့ NATO မဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာ ရောက်နေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အမျိုးအစားမသိရတဲ့ ဒုံးလက်နက်တမျိုးကို ဒီကနေ့အစောပိုင်း စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့် မအောင်မြင်ဘူးလို့ တောင်ကိုရီးယား စစ်ဘက်ကပြောပါတယ်။
“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျနော်တို့ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျနော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။“ (မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး)
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ သတင်းတွေအပေါ် အမေရိကန်ကလည်း ရုရှားကို သတိပေးလိုက်ပါတယ်။
US ASEAN ထိပ်သီးပွဲ အမေရိကန်အဆိုပြုထားတဲ့ရက်ကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ကန့်ကွက်အပြီး ကြားက ညှိပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ရွေးမယ့်ရက်ကို ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒီကနေ့ သောကြာနေ့အထိ စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကနေ စတင်ပြီး ပျံ့နှံ့မှုတွေကြောင့် သေဆုံးမှုပေါင်း တသန်းကျော် သမိုင်းစံချိန်တင်သွားပြီဖြစ်တယ်လို့ ရိုက်တာစ်က ကောက်ယူတဲ့စစ်တမ်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေတဲ့အတွက် ဆားဘီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ဥရောပပါလီမန်က မနေ့က ချမှတ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်စနစ်အသစ်လို့ ပြောလို့ရတဲ့ ဒုံးကျည်စနစ်ကို ဖြန့်ချထားကြောင်း အမေရိကန် အစိုးရထိပ်တန်းအရာရှိတဦး ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းဘတ်ငွေ ၃၀,၀၀၀ နီးပါးပေးထားပြီး ဘန်ကောက်မြို့မှာ တရားမဝင် အလုပ်လုပ်ဖို့သွားကြတဲ့ မြန်မာ ၅၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံက ရုရှားကို လေယာဉ်အပိုပစ္စည်းတွေ ရောင်းချဖို့ ငြင်းဆိုခဲ့တယ်လို့ ရုရှားလေကြောင်းဆိုင်ရာ အာဏာပိုင်တွေကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဒီကနေ့ ပြောပါတယ်။
အင်္ဂလန်ပရီမီယာလိဂ်က ချယ်လ်ဆီးအသင်းပိုင်ရှင် Roman Abramovich နဲ့ စက်မှုလုပ်ငန်းရှင် Oleg Deripaska အပါအဝင် ရုရှားနိုင်ငံက နာမည်ကြီး ဘီလျံနာသူဋ္ဌေး အများအပြားကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ ဗြိတိန်အစိုးရက ပြောလိုက်ပါတယ်။
အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် မနှစ်ကဧပြီလမှာ ရာထူးက အဓမ္မဖြုတ်ချခံရပေမယ့် အခုထိ သံအမတ်နေအိမ်မှာ နေထိုင်နေဆဲ ဗြိတိန်သံအမတ်ဟောင်း ဦးကျော်စွာမင်းကို နေအိမ်ကဖယ်ရှားပေးဖို့ ြေိတိန်အစိုးရက ဖိအားပေးတိုက်တွန်းနေကြောင်း ရိုက်တာမှာရေးထားပါတယ်။
ပုဒ်မ ၅၀၅-ဂ - လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့တမျိုးဖြစ်စေ တဘက်နဲ့တဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တယ်ဆိုတဲ့ အမှုနဲ့စွဲချက်တင်ခံထားရပြီး တနှစ်ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ၈၈ မျိုးဆက် ကိုမြအေးကို ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တူရကီနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုးတက်မှုတစုံတရာမရဘဲ ပြီးဆုံးသွားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရုရှားက ရေနံတင်သွင်းမှု ပိတ်ပင်ကန့်သတ်တဲ့အတွက် တိုင်းပြည်အတွင်းမှာ ဓာတ်ဆီဈေးတွေ တက်လာနိုင်ပေမယ့်လည်း အမေရိကန် နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက ယူကရိန်းကို ထောက်ခံတယ်ဆိုတာ ပြသလိုတဲ့အတွက် လွှတ်တော်အမတ်တွေက ဓာတ်ဆီဈေးတက်တာကို ဂရုမစိုက်ဘဲ ဒီဥပဒေကြမ်းကို စိတ်အားထက် သန်စွာ ထောက်ခံခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ နေ့စဉ်လို တိုက်ပွဲတွေ ဆက်ရှိနေပြီး ချောင်းဦးမြို့ ဝယာကျေးရွာအုပ်စု ကံကြီးကုန်းကျေးရွာက စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတွေက မတ်လ ၈ ရက် ည သန်းခေါင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၉ ရက် မနက် ၄ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ ဒီနေ့ ပစ်ခတ်မှုဖြစ်ခဲ့တာဟာ စစ်ကောင်စီတပ်က တဘက်သတ် ခြောက်လှန့်ပစ်ခတ်တာလို့ ချင်းအမျိုးသား ကာကွယ်ရေး CNDF ဘက်ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်