တောင်ကိုရီးယား အခြေခံ ဥပဒေအရ ငါးနှစ်ကြာ သမ္မတသက်တမ်းအတွက် ဒုတိယအကြိမ် ထပ်ပြီး ရွေးကောက်ပွဲဝင်ခွင့်မရှိတော့တဲ့ လက်ရှိသမ္မတ Moon Jae-in နေရာကို ရယူနိုင်ဖို့ သမ္မတကိုယ်စားလှယ်လောင်းတွေ အကျိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။
ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံ ဒေသအများအပြားကနေ အရပ်သားတွေ ထွက်သွားနိုင်ဖို့အတွက် နောက်ထပ် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်တွေ ရုရှားက ဒီကနေ့ကြေညာပါတယ်။
ဒီလနှောင်းပိုင်းမှာကျင်းပမယ်လို့ အမေရိကန်ဘက်က ကြေညာထားတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေကို ရွှေ့ဆိုင်းထားတဲ့အကြောင်းနဲ့ ကျင်းပမယ့်ရက်ကို ညှိနှိုင်းသွားမယ့်အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အဖမ်းခံထားရတဲ့ Citgo လောင်စာဆီကုမ္ပဏီရဲ့အကြီးအကဲတွေဖြစ်ကြတဲ့အမေရိကန်နိုင်ငံသား Gustavo Cardenas နဲ့ Jorge Alberto တို့ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားမှာ အစိုးရနဲ့ ဆွေးနွေးပြီးတဲ့နောက် အခု ပြန် လွှတ်ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မယ့် ၂၀၂၂ ခုနှစ်အတွက် “ရဲရင့်သော အမျိုးသမီးများဆု” ရရှိတဲ့သူတွေထဲမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်လည်း ပါဝင်ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ဘက်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားတိုးချနေတာကြောင့် တိုက်ပွဲဖြစ်ပွါးလာမဲ့အခြေအနေရှိတဲ့အတွက် မြို့ခံပြည်သူအားလုံး နေရပ်ကနေထွက်ခွါဖို့ ချင်းကာကွယ်ရေးအဖွဲ့တခုက မတ်လ ၇ ရက် တနင်္လာနေ့က စာထုတ်ပြန်ခဲ့ပါတယ်။
ရုရှားက လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းဖွင့်ပေးမယ်လို့ ကတိပေးထားတဲ့ မြို့ငါးမြို့ထဲက တမြို့ဖြစ်တဲ့ ယူကရိန်းနိုင်ငံ ဆူမီမြို့ကနေ မြို့သူမြို့သားတွေဟာ နှင်းတွေကျနေတဲ့ လမ်းတလျှောက် အင်္ဂါနေ့က ဘတ်စ်ကားတွေနဲ့ စတင်ထွက်ခွါနေကြပြီ ဖြစ်ပါတယ်။
ရေနံဈေးတွေတက်သွားခဲ့တာကြောင့် ဒီနေ့ အင်္ဂါနေ့မှာ အာရှတိုက်က အစုရှယ်ယာ အညွန်းကိန်းတွေ ကျသွားခဲ့ပါတယ်။ အမေရိကန်က Wall Street အစုရှယ်ယာဈေးတွေ တနှစ်အတွင်း အနိမ့်ဆုံးကိုထိုးကျသွားပြီးတဲ့နောက် အာရှတိုက်ကအစုရှယ်ယာတွေ ကျသွားခဲ့တာပါ။
အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က ကိုယ့်ရပ်ကွက်ထဲကိုယ် မလျှောက်ရဲတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ အဂတိလိုက်စားမှုအတွက် ပြန်ခေါ်သက်သေတွေကို ဒီနေ့ နေပြည်တော်အထူးတရားရုံးကြားနာပွဲမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်မှာ မြေနေရာ ငှားရမ်းမှုတွေနဲ့ပတ်သက်တဲ့အမှုတွေကိုလည်း ဒီနေ့ဆက်လက်ကြားနာခဲ့ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၆ သန်းကျော်သွားပြီလို့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်လိုက်ပြီး စာရင်းပြုစုနိုင်တဲ့ ကူးစက်ခံရသူဦးရေကတော့ သန်းပေါင်း ၄၅၀ ရှိပါတယ်။
စစ်ဆင်ရေးတွေမှာ အရပ်သားတွေနဲ့ သူတို့ရဲ့အိမ်တွေ၊ သူတို့ရဲ့အခြေခံအဆောက် အအုံတွေကိုမထိခိုက်အောင် စစ်ဖြစ်နေတဲ့အဖွဲ့တွေက စိုက်လိုက်မတ်တပ် ဂရုစိုက် ရပါမယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ယူကရိန်းအကြပ်အတည်းတွေ ပိုပြီးနက်ရှိုင်းလာတာနဲ့အမျှ ရုရှားအပေါ် တင်းကြပ် တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတိုးလုပ်ဖို့ တောင်းဆိုသံတွေ ပိုပြီးကျယ်လောင်လာချိန်မှာပဲ Brent ရေနံစိမ်းဈေးတွေ ၁၂ ရာခိုင်နှုန်းကျော် တက်လာပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ချိန်ကတည်းက လေးကြိမ်မြောက်အဖြစ်ပ ြင်သစ်သမ္မတ Macron ရဲ့ တောင်းဆိုချက်အရ ရုရှားသမ္မတပူတင်နဲ့ မက်ခရွန် တို့ဟာ တနင်္ဂနွေနေ့က ၂ နာရီ ကြာ ဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။
ရုရှားဟာ တရုတ်ရဲ့ အရေးအကြီးဆုံး မဟာဗျူဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို တားမြစ်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အခန်းကဏ္ဍရှိကြောင်းနဲ့ ကျူးကျော်စစ် ရပ်ရမယ့်အမိန့်ထုတ်ပေးဖို့ ယူကရိန်းကိုယ်စားလှယ် Anton Korynevych က ICJ တရားသူကြီးတွေကို လျှောက်ထားလိုက်ပါတယ်။
ကြားကာလညီညွတ်ရေးအစိုးရ NUG က ဝန်ကြီးတွေအပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံရဲ့အကျိုးစီးပွါးကို ထိခိုက်စေတဲ့အတွက်ကြောင့်ဆိုပြီး အခုလို မြန်မာနိုင်ငံသားအဖြစ်က ရပ်စဲလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဒီရက်ပိုင်း ကမ္ဘာ့ရေနံဈေးတွေ သိသိသာသာ ထိုးတက်သွားသလို ယူကရိန်း နျူကလီယား ဓါတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေ သိမ်းလိုက်ပြီး မီးလောင်နေတဲ့သတင်းတွေကြောင့် ဒီကနေ့ ဥရောပ အစုရှယ်ယာတွေဟာလည်း တနှစ်နီးပါးအတွင်း အနိမ့်ဆုံး ထိုးကျသွားပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့်မီးလောင်ခဲ့တဲ့ ယူကရိန်း နျူကလီယားစွမ်းအင်ထုတ် စက်ရုံနဲ့ ပုံမှန်ဆက်သွယ်ပြီး အခြေအနေ ထိန်းထားနိုင်တယ်လို့ ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA က ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်