NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ မြန်မာနိုင်ငံသားတွေအတွက်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ရာမှာ တရားမဝင် တံဆိပ်တုံး အတုအပတွေလုပ်ရင် နိုင်ငံကူးလက်မှတ်ဖျက်သိမ်းတာ အမည်မည်းစာရင်း သွင်းတာ လုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက် ရက်စွဲနဲ့ ကြေငြာခဲ့ပါတယ်။
တောင်ကိုရီးယားမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဆိုလ်းမြို့ NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခဲ့ပြီး ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရုံးကလည်း အဲဒါကိုလက်ခံကာ ဗီဇာသက်တမ်း ထပ်တိုးပေးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေကဆိုပါတယ်။
ဒီဗျူဟာစခန်း မကျရေးအတွက် စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ခုခံနေသလို တပ်မိသားစုတွေကို အပြင်ထွက်ခွင့်မပေးပဲ ဒိုင်းကာလို အသုံးပြုထားတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကိုယ်စားလှယ်ရုံးက နိုင်ငံကူး လက်မှတ် သက်တမ်းတိုးပေးခဲ့ပြီး ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးရုံးကလည်း NUG က သက်တမ်းတိုးပေးထားတဲ့ နိုင်ငံကူးစာအုပ်တွေကို လက်ခံပြီး ဗီဇာ ထပ်ပေးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသားတွေကဆိုပါတယ်။
မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့မြန်မာ၃၀ ကျော်ဖမ်းဆီးခံရ - မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ မြန်မာတွေအများစု နေထိုင်နေတဲ့ ဘူကစ်ဘင်တန်က တိုက်ခန်းတခုကို မလေးအာဏာပိုင်တွေက နိုဝင်ဘာလ ၆ ရက်နေ့၊ ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ လူ ၇၀ လောက် ဖမ်းဆီးခံရပြီး ဒီထဲမှာ မြန်မာ ၃၀ ကျော် ပါဝင်တယ်လို့ ပြောပါတယ်။
မလေးရှားအာဏာပိုင်တွေဟာ နိုဝင်ဘာလ ၆ ရက်နေ့က အင်အား ၅၀ လောက်နဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ကွာလမ်လာပူမြို့၊ မြန်မာတွေ အများစုနေထိုင်နေတဲ့ ဘူကစ်ဘင်တန် ဆိုတဲ့နေရာက တိုက်ခန်းတခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃၀ လောက်အဖမ်းခံရတယ်လို့ မြန်မာအရေးလှုပ်ရှားသူက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အာရှလမ်းမကြီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ပူးပေါင်းတပ်တို့ကြား ဒီကနေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။
ာ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၂ နာရီ လောက်မှာ တရားမ၀င် မြန်မာ ၁၅ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် နဲ့ ကုန်တင်ကားတစီး တို့ တိုက်မိခဲ့ကြရာမှာ မြန်မာနိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဆူရတ်ဌာနီ ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မြန်မာစစ်ကောင်စီတပ်ဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA/PDF ပူပေါင်းတပ်တွေက အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၇ ဦးဖမ်းမိတယ်လို့ KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Sawan Province နကွန်စဝမ်ခရိုင်၊ နောင်သောင်မြို့နယ်၊ အမှတ် (၁၁၇) အမြန်လမ်း မပေါ်မှာ မသင်္ကာဖွယ် ကားသုံးစီးထဲကနေ လူကုန်ကူးသမားတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား (၃၈) ဦးကို Highway Police Division အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
မဲဆောက်ဈေးထဲမှာ တဈေးလုံးနီးပါး မြန်မာကုန်ပစ္စည်းတွေ ရောင်းဝယ်နေကြတာပါ။ " ပစ္စည်းတွေကို သိမ်းတယ် သိမ်းပြီးပြန်ထုတ်တယ်၊ ဘယ်လိုလုပ်ရမလဲ ရဲက ဘယ်နေ့ လာမလဲဆိုတာမသိဘူး၊ လာရင်လည်း ပြေးပေါ့။ အခုက တွေ့ရင်တော့ ပိုင်ရှင်ဆိုရင် ဖမ်းတာပေါ့၊ ဈေးရောင်းတာက တဆိုင်ထဲမှ မဟုတ်တာ။ သိမ်းရင်တေ့ာ တဈေးလုံး သိမ်းရမှာပေါ့။ "
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ လက်ကျန် အမာခံစခန်းကြီးတခုလည်းဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ သက်တမ်းရင့် ခေါပုတ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေအပါအဝင် အနေကြာနေထိုင်နေသူတွေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေအပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူ လူဦးရေ ၅ သိန်းခန့်ကို နိုင်ငံသား ဖြစ်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ဟန်ဒုန်း မြို့နယ် အဝေး ပြေးလမ်းမကြီးမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား အလုံးရေ ၂သန်းခွဲ နီးပါး(2,494,000 နဲ့ မူးယစ်မှောင်ခိုသမားသုံးဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မူ့တွေ ဆက်တိုက်လုပ်တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံအလယ်ပိုင်း Prachinburi က စက်မှုဇုံမှာရှိတဲ့ စက်ရုံတခုမှာ မတော်တဆ ပေါက်ကွဲမှုဖြစ်ရာက အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
"မနေ့ကတည်းကလမ်းဖွင့်ပေးလိုက်တယ်။ မြိတ်မှာကျတော့ စစ်တပ်ကပိတ်တယ်။ ပုလောဘက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ထားတယ်။ နှစ်ဖက်လုံးကပိတ်ထားတာ။ အခုဟာကတော့ ကားလမ်းက နှစ်ဖက်လုံးက ပြန်ဖွင့်ပေးလိုက်ပြီ။ မနေ့ကဆိုရင် မနက်အစောကြီးမှာ ထားဝယ်ဘက်ကနေလာတဲ့ကားတွေကို စစ်ကောင်စီက ကား ၃ စီးဖွင့်ပေးလိုက်တယ်။ " (ဒေသခံ)
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀ည ပုဒ်မ ၅၂ တို့နဲ့ အဖမ်းဆီးခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွားကြောင်း ဖေါ်ပြထားတာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA (ဗဟို)ဌာနချုပ်ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်