အမှုရင်ဆိုင်နေရဆဲ ကျောင်းသူ ကျောင်းသားအများစုကို ဒီကနေ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်သလိုပဲ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြော။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တယောက်အနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ ငြိမ်းချမ်းရေးနဲ့ သယံဇာတတွေကို ထိထိရောက်ရောက် ခွဲဝေသုံးစွဲရေးတို့ကို အဓိကဦးစားပေး လုပ်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။
၂၀၀၂ ခုနှစ်က အမေရိကန်မှာပညာရေး ဥပဒေတခုပြောင်းလိုက်တယ်လို့ပြောတယ်ခင်ဗျ ။ ပြောင်းလိုက်တော့ တချို့ Institution တွေကို လိုင်စင်ထပ်မပေးတော့ဘူး၊ပိတ်လိုက်တာက လိုင်စင်ထပ်မပေးတာလား၊ အသိအမှတ်မပြုတာလား ဒါတော့ ကျနော်မသိဘူးခင်ဗျ။
ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ ဝန်ကြီးဌာန ၂၁ ခုအတွက် အမည်စာရင်းတွေကို ရွေးကောက်ခံ သမ္မတက အဆိုပြုလိုက်ပါတယ်။
NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းမယ့် ဝန်ကြီးဌာန ၂၁ ခု အတွက် ဝန်ကြီးတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့လိုက်ပြီ မနက်ဖြန်မှာ လွှတ်တော်တွင်း တရားဝင် ကြေညာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
သမ္မတနဲ့ အစိုးရတာဝန် အလွဲှအပြောင်းကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေအကြား လာမယ့် ၁၁ ရက်နေ့မှာ အချောသပ် ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။
သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဖွဲ့စည်းဖို့ မနေ့က ပြည်ထောင်စုလွတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။
ရွေးကောက်ပွဲ ကေ်ာမရှင် နဲ့ နိုင်ငံရေး ပါတီ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးပြီး တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့မှာ ၂ ရပ်တာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် နောက်တတ်လာမယ့် အစိုးရ ကျရင် ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုင်းရင်းးသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။
သမ္မတဖြစ်ခွင့် အရည်အချင်းကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေပုဒ်မ ၅၉ ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်တခု ဖြစ်တာကြောင့် ထောက်ခံတယ်လို့ သူတို့ကိုယ်သူတို့ အမျိုးသားရေးလှုပ်ရှားသူများလို့ ခေါ်ဆိုသူတွေက ပြောလိုက်ပါတယ်။
ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို အာဏာပိုင်တွေက တရားစွဲဆိုလိုက်သလို၊ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။
နေပြည်တော်က ပြည်ထောင်စုလွှတ်တော် တတ်ရောက်နေတဲ့ ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ တပတ်ကြာ သင်တန်းကိုတော့ ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် UNDP နဲ့ Inter Parliamentary Union (IPU) တို့ ပူးပေါင်း စီစဉ်တာပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ် ၅၀ ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အငြိမ်းစား အရာရှိတွေက နေပြည်တော်မှာ တစ်ပတ်တာ သင်တန်းပေးခဲ့ပါတယ်။
"အဆင်သင့်ဖြစ်နေပါပြီ။လွှတ်တော်ကို ထိထိရောက်ရောက်နဲ့ သပ်သပ်ရပ်ရပ်နဲ့ တိုင်းသူပြည်သားအများမျှော်လင့်သလို သိက္ခာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့အတွက် ကျနော်တို့က ကြိုပြီးတော့မှာ သူတို့ကို ပံ့ပိုးပေးနေတာ။ ”
ပြီးခဲ့တဲ့ နှစ်ထဲ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်မြောက်ပိုင်း ကလေးဒေသကို အကူအညီပေးဖို့ ဂျာမနီအစိုးရက ယူရိုသိန်း ၁၀၀ ထပ်မံလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းတွေကို စက်တင်ဘာလ ၁၄ ရက်ကနေ သီတင်းနှစ်ပတ်ကြာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေနဲ့ ဓမ္မာရုံတို့မှာ ကြေညာထားပါမယ်။
ထောင်ဒဏ် တသက်တကျွန်းအထိ အပြစ်ဒဏ်ပေးနိုင်တဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖဲ့ွဝင် မဖြူနှင်းထွေးကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြန်လည်လွတ်ပေးခြင်းမရှိဘူးဆိုရင် ပြန်လည်တရားဆွဲဆိုသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။