တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တခုကို PDF ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့တာကြောင့် မြို့အဝင်အထွက် လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် အခြေအနေတွေကို စိုးရိမ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံကပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီအညီတွေကို လုံခြုံရေး အခြေအနေအရ ဆိုင်းငံ့ထားပြီး ပြန်လည်သုံးသပ်ပေးဖို့ ထိုင်းနိုင်ငံ အိမ်နီးချင်းတိုင်းပြည်များအတွက် စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ NEDA အကြီးအကဲက ထိုင်းအစိုးရကို တိုက်တွန်းပါတယ်။
ရက်ပိုင်း ၆၀ ကျော်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မံစီနဲ့ မိုးမောက်အပါအ၀င် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြို့တွေကို ဆက်လက်သိမ်းယူဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ KIA တာ၀န်ရှိသူက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဘုန်းကြီးကျောင်းထဲက အမျိုးသားတွေကို စစ်တပ်က ခေါ်ထုတ်ပြီး သေနတ်တွေနဲ့ ပစ်သတ်ချိန်မှာ ကိုဖိုးသောင်းလည်း ပါဝင်ခဲ့ကာ သေဟန်ဆောင်ပြီး စစ်သားတွေမရှိတဲ့အချိန်မှ အခင်းဖြစ်တဲ့နေရာကနေ ကိုဖိုးသောင်း ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကို ထိန်းချုပ်ဖို့ နဲ့ ထိုင်းလေတပ်ကြည်းတပ် တာဝန်ရှိသူတွေက နယ်စပ်လုံခြုံရေးကိုကိုင်တွယ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavision က မေလ ၁၂ရက်နေ့က ကန်ချနဘူရီခရိုင် ကိုလာရောက်ချိန် ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်ကြားက ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့မနက်က မိုင်းခွဲခံရပါတယ်။ အဲဒီဖြစ်စဥ်နောက်မှာ စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် အဝန်းကြီးကျေးရွာမှာလက်နက်ကြီးတွေကျပြီး ဒေသခံရွာသား ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာတွေလည်းရခဲ့ပါတယ်။
အိန္ဒိယ မဏိပူဒေသ အတွင်း ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် International Commission of Jurists နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က သောကြာနေ့တုန်း အိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်။
မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာမေလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ မိုင်းခွဲခံရကြောင်း ဒီအတွက် ကားတွေလည်း ပိတ်မိနေပြီး ကားအသွားအလာတွေ မရတော့ကြောင်း ကုန်သည်တဦးက ပြောပါတယ်။
မြောက်ဝင်ရိုးစွန်းဒေသတွေမှာသာ တွေ့မြင်ရလေ့ရှိတဲ့ ဥတ္တရအလင်းတန်းတွေကို အမေရိကတိုက်မြောက်ပိုင်းနဲ့ ဥရောပနိုင်ငံတော်တော်များများမှာ သောကြာနေ့ညက မြင်တွေ့ခဲ့ကြရပါတယ်။
အခြေခံပညာကို ရခိုင်ပြည်နယ် ပရဟိတကျောင်းတခုမှာ သင်ယူခဲ့ပေမဲ့ အမေရိကန်ကို ဒုက္ခသည်အဖြစ် ရောက်လာပြီး ၂ နှစ်ကျော်မှာ ရဖို့ခက်ခဲတဲ့ Paul & Daisy Soros Fellows ပညာသင်ဆုနဲ့ အမေရိကန် ထိပ်တန်းတက္ကသိုလ်ကြီးတခုမှာ Ph. D ဘွဲ့သင်ယူတော့မယ့် ကိုကျော်ဆန်းလှိုင်ကို မခင်ဖြူထွေးက မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်တော် စစ်ရေးအားသာလာချိန် စစ်ကောင်စီဖက်က ရိုဟင်ဂျာတွေကို အသုံးချလာတာကြောင့်၊ လူမျိုးရေး အကြမ်းဖက်မှုအန္တရာယ် ကြီးမားလာနေတယ်လို့ ICG နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ICG အကြီးတန်းအကြံပေး Thomas Kean ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိရာ ခရိုင် ၅ ခုမှာ ရွှေပြောင်း ဝင်ရောက်လာသူတွေနဲ့ တိုင်းပြည် စွန့်ခွါလာခဲ့သူတွေကို အများပြည်သူ ကျန်းမာရေးကိစ္စအတွက် ကိုယ်ရေးအချက်အလက်တွေ ကောက်ယူတဲ့ ကနဦး အစီအစဉ်တခုကို လုပ်ဆောင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်