စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းကွယ်လွန်သွားတာဟာ KIA အတွက် ဆုံးရှုံးမှု ကြီးပေမဲ့ KIA ရဲ့ စစ်ရေးစီမံချက်တွေကိုတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ စစ်ဦးစီးချုပ်အသစ်ကို ဗဟိုကော်မတီက ရွေးချယ်ခန့်အပ်ဖို့ ရှိနေကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"အထဲမှာနေရတာက အပြင်မှာလူတွေရေးသလိုမျိုးတော့ ရေးလို့မရဘူး။ ကျနော်တို့ယုံကြည်ချက်နဲ့ကျနော်တို့လုပ်နေတာ။ နှစ်ဘက်ခံစားရတယ်ဗျ။..အာဏာပိုင်တွေအောက်မှာ ရုန်းကန်ရတဲ့တဘက်ရှိသလို တဘက်ကလည်း အပြင်မှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေက ကျနော်တို့ကို အာဏာပိုင်တွေနဲ့ပေးစားတယ်။" (သက်ဇင်- ယနေ့ခေတ် အယ်ဒီတာချုပ်)
တရုတ်နိုင်ငံက ကြားဝင်စေ့စပ်တဲ့ မြန်မာစစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား အခုနောက်ဆုံးဆွေးနွေးပွဲမှာ ရခိုင်စစ်ပွဲကို သီးသန့်ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကိစ္စကတော့ ခက်ခဲဦးမယ်လို့ ယူဆကြပါတယ်။
“AA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီက စျေးတွေ၊ ဆေးရုံတွေ အဓိက သူတို့ ပစ်မှတ်ထားပြီး အခုနောက်ပိုင်း ပိုတိုက်ခိုက်လာတယ်။ .... ဆေးရုံတို့၊ စျေးတို့ဆိုတာက အများပြည်သူပိုင်ဆိုင်တဲ့နေရာတွေကိုဦးစားပေးပြီး တိုက်ခိုက်နေတာကိုတွေ့နေရတယ်။” (ကိုထွန်းကြည်-ရခိုင်အရေး တက်ကြွလှုပ်ရှားသူ)
ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မကြာသေးခင်ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေးတင်းမာခဲ့ရာက လုံခြုံရေးစိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်သွားသူတွေ အခုအခါ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆု Women in News Editorial Leadership Award ကို အရှေ့တောင်အာရှကိုယ်စားကိုယ်စားပြုပြီး ကရင်သတင်းဌာန (KIC)က ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်နေတဲ့ နန်းဖော့ဂေရရှိခဲ့ပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ကျေးရွာသားတချို့ သေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးအတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေးနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖေဖော်ဝါလအတွင်း ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာလူငယ်တွေကို ဂျပန်ဗဟိုအစိုးရက လက်ခံပေးရေး ဖိအားပေး လုပ်ဆောင်ပေးဖို့ ဒေသန္တရ အစိုးရတွေကို ဂျပန်မှာရောက်နေကြတဲ့ မြန်မာလူမျိုးတွေက စည်းရုံး တောင်းဆိုနေကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အားနည်းတဲ့ စစ်အစိုးရတရပ် ဆက်လက် ရပ်တည်စေလိုပြီး တခြား အင်အားစုတွေမှာလည်း သူ့ သြဇာကို ချထားကာ အထိန်းအကွပ် တခုနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံဖြစ်ဖို့ အလို ရှိနေတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူတဦးက ပြောလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာချိန်မှာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ သိသိသာသာ ကျဆင်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္သည်စခန်းတွေဆီသွားခဲ့ကြတဲ့ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့က ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်းအွန်လိုင်းရာဇဝတ်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ USIP ထုတ်ပြန်တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်