"တချို့စက်တွေက ငွေမရှိဘူး။ မနေ့ကဆို ပိုဆိုးတယ်။ မတွေ့ဘူး။ ခရီးသွားတဲ့သူတွေ၊ မန္တလေးသွားတဲ့သူတွေ ၊ နှစ်ညအိပ်သွားမဲ့သူတွေ ပိုက်ဆံက Kpayတို့၊ ဘဏ်ကတ်တို့ပဲ ပါတာလေ။ အဲဒါလိုက်ထုတ်တော့ လမ်းမှာ တချို့စက်တွေက လက်မခံဘူး။ စက်တွေက ငွေကုန်သွားပြီပဲ ပြောနေတာ။" (ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်နေသူ)
ထိုင်းရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေက ဗွီအိုအေကို ပြောပါတယ်။ ခုနောက်ပိုင်း စစ်ကောင်စီဘက်က မီးလောင်ဗုံးနဲ့ အသေခံဒရုန်းတွေ တွင်တွင်ကျယ်ကျယ်သုံးပြီး အားပြုလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၅၀၀ ကျော်ကို အိန္ဒိယပိုင်စစ်လေယာဉ်နဲ့ မတ်လ ၁၀ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နေရပ်ပြန်ပို့ခဲ့ပါတယ်။
Burma Act က ဥပဒေ အဖြစ် ပြဌာန်းပြီးဖြစ်လို့ ငွေကုန်ကြေးကျ မများဘဲ လက်တွေ့လုပ်နိုင်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်ဖို့ သမ္မတထရမ့် အစိုးရ အဖွဲ့ကို တိုက်တွန်းသွားမယ်လို့ Burma Research Institute က ပြောပါတယ်။ ဦးဆောင်သူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေးက ဗွီအိုအေစတူဒီယိုထဲမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပြန်ပြီး ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီတခုဖြစ်တဲ့ IOM ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop ဟာ မြန်မာနိုင်ငံထဲမှာရင်းနှီး လုပ်ကိုင်နေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လှုပ်ရှားနေသူတွေက စွပ်စွဲလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်းတခုဖြစ်တဲ့ အစိုးရပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာထပ်မံထည့်သွင်းလိုက်ပြီး ဒီကနေ့အင်္ဂါနေ့မှာစတင်အသက် ဝင်မှာဖြစ်ပါတယ်။
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေဟာ အနာဂတ်အတွက် အာမခံချက်မရှိကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရ က မနေ့ တနင်္လာနေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်