မြောက်ပိုင်း အိုင်ယာလန်ဒေသ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ပဲ မြောက်အိုင်ယာလန်နယ်ကို ရောက်ရှိသွားပါတယ်။
ဒေသတွင်း တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် နယ်မြေချဲ့ထွင်မှုတွေအခိုင်အမာပြုလုပ်လာနေတာကို တန်ပြန်ဖို့ ကာလရှည်ကြာ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူးတင်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကို တနင်္လာနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ဟာ အိမ်ဖြူတော်ကိုကလေးငယ်တွေအပါအဝင် လူ ၃၀,၀၀၀ လောက် ဖိတ်ကြားပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အီစတာကြက်ဥကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လူးဝစ်ဗေးမြို့လယ် ဘဏ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဆင်နွှဲနေကြချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ နှစ်သစ်ဆုမွန်နဲ့အတူ မြန်မာလူထုနဲ့ တသားထဲရပ်တည်နေပါကြောင်း အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဆုတောင်းလွှာ ပို့ထားပါတယ်။
အမေရိကန်ကနေ သူရဲ့ မဟာမိတ်တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်လုံခြုံရေးအရာရှိတွေကို ထောက်လှမ်းစုံစမ်းခဲ့တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားအစိုးရဟာ ၂ နိုင်ငံ သံတမန်ရေးနဲ့ နိုင်ငံရေးမှာ ထိခိုက်ပြိုလဲ မသွားအောင် တနင်္လာနေ့က အပြင်းအထန် ကြိုးပမ်းနေရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို (Nuremberg) နူရင်ဘတ်ခုံရုံးမှာ တရားစစ်ဆေးစီရင်ခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့ တရားလိုရှေ့နေတွေထဲက နောက်ဆုံးကျန်ရစ်တဲ့ Ben Ferencz ဟာ သောကြာနေ့ကပဲ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ရှေ့ရက်သတ္တပတ်ကနေစတင်ပြီး ပိုပြီး မြန်မြန်ဆန်ဆန် စိစစ် သွားမယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက စနေနေ့တုန်းကပြောပါတယ်။
အသံထက်မြန်တဲ့ Tomahawk မစ်ဇိုင်း ပဲ့ထိန်းဒုံး ၁၅၄ ခုအထိ သယ်ဆောင်နိုင်တဲ့ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် လွှတ်တော်တွင်း ဆန္ဒပြရာမှာ ပါခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦးကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲ ထုတ်ပယ်လိုက်တာကို ဒုသမ္မတ Kamala Harris က ပြစ်တင်ဝေဖန်ပါတယ်။
အမေရိကန်စစ်ဌာနချုပ် Pentagon က လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ လူမှုကွန်ရက်တချို့ပေါ်မှာ ထွက်ပေါ်ခဲ့ပုံရခဲ့ပြီးနောက် သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့သလားဆိုတာ အမေရိကန်တရားရေးဌာနက စုံစမ်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။