အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အင်အားပြင်း လေဆင်နှာမောင်းတွေ ဆက်တိုက် ဝင်ရောက်ခဲ့ရာကနေ ပြည်နယ် ၆ ခုမှာ သေဆုံးသူ ၂၆ ယောက်ထက် မနည်း ရှိတဲ့အကြောင်း အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အလယ်ပိုင်း အနောက်ဘက်ဒေသတွေမှာ သောကြာနေ့က လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် စနေနေ့အထိ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး အိုးအိမ်အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ကို ရာဇဝတ်မှုနဲ့ လာမယ့် အင်္ဂါနေ့ကျရင် နယူးယောက်မြို့၊ မန်ဟန်တန် ဂျူရီ တရားသူကြီး တဦးက တရားရုံးမှာ တရားဝင် စွဲချက်တင်ဖို့ ရှိနေချိန်မှာပဲ မြို့တော် ဝါရှင်တန်နဲ့ နယူးယောက် အပါအဝင် အမေရိကန် မြို့ကြီးတချို့မှာတော့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။
လွှတ်တော်မှာ ၂ ကြိမ်တိုင် တရားစွဲဆိုခံရပေမဲ့ ပြစ်ဒဏ်ချမှတ်မခံခဲ့ရတဲ့ Donald Trump ဟာ ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေကိုရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပါတယ်။
၄၅ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုစွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂရန်းဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ သမ္မတဟောင်းကိုစွဲချက်တင်တာ ဒါပထမဆုံးလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ကို စွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂျူရီအဖွဲ့က ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အမေရိကန်ပြည်ထောင်စုမှာ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး သမ္မတဟောင်းတယောက်ဖြစ်သွားပါတယ်။
အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ်မှာ စစ်တပ်သုံး Black Hawk အမျိုးအစား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး ပျက်ကျမှုမှာ လူ ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တဦးကို ရာဇဝတ်ပြစ်မှုနဲ့ စွဲဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက The Wall Street Journal သတင်းစာရဲ့ သတင်းထောက် Evan Gershkovich ကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ရုရှားနိုင်ငံ ယူရယ်လ်ဒေသက Yekateringburg မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ရုရှားပြည်ထောင်စုလုံခြုံရေး FSB တပ်ဖွဲ့တွေက ဒီနေ့မှာပြောကြားလိုက်ကြောင်း ဖော်ပြပါတယ်။
အစိုးရတွေအနေနဲ့ ဇီဝရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေ လျော့ချဖို့ကို မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂမှာ အစိုးရများဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအဖွဲ့ကပြောဆိုထားပြီး ဒါကိုအကောင်အထည်ဖေါ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရက အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီထိပ်သီးညီလာခံဖွင့်ပွဲမှာ ကမ္ဘာကြီးဟာ “လွတ်လပ်ခြင်းဆီ ရေစီးသာနေပြီး ဒီမိုကရေစီစနစ်ဟာ အလုပ်ဖြစ်နေတယ်” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောလိုက်ပြီး ကမ္ဘာတဝန်း ဒီမိုကရေစီ အရေး ပံ့ပိုးကူညီမှုတွေလုပ်နိုင်ဖို့ ဒေါ်လာသန်း ၆၉၀ ရန်ပုံငွေကိုလည်း ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့က ခရစ်ယာန်ကွန်ဗင့်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ သွားရောက်တုံ့ပြန်ခဲ့တဲ့အထဲ ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ခန္ဓာကိုယ်ပေါ် ကင်မရာတွေကနေ မှတ်တမ်းတင်ထားတဲ့ ၆ မိနစ်ကြာ ဗီဒီယိုကို ရဲက ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။