အသံထက်မြန်တဲ့ Tomahawk မစ်ဇိုင်း ပဲ့ထိန်းဒုံး ၁၅၄ ခုအထိ သယ်ဆောင်နိုင်တဲ့ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းမှာ တပ်ဖြန့်ထားမှာဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် လွှတ်တော်တွင်း ဆန္ဒပြရာမှာ ပါခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦးကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲ ထုတ်ပယ်လိုက်တာကို ဒုသမ္မတ Kamala Harris က ပြစ်တင်ဝေဖန်ပါတယ်။
အမေရိကန်စစ်ဌာနချုပ် Pentagon က လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ လူမှုကွန်ရက်တချို့ပေါ်မှာ ထွက်ပေါ်ခဲ့ပုံရခဲ့ပြီးနောက် သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့သလားဆိုတာ အမေရိကန်တရားရေးဌာနက စုံစမ်းနေပါတယ်။
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်ပါတီဝင် လူမည်းအောက်လွှတ်တော်အမတ် ၂ ယောက်ကို Republican အများစုလွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲထုတ်ပယ်လိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် (Tsai Ing-wen) နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်သမ္မတဟာ အမေရိကန်ရဲ့ အရေးပါတဲ့မိတ်ဆွေတဦးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို စီးပွားရေးဆိုင်ရာမှတ်တမ်းတွေမှာ အချက်အလက်မှားတွေပြတာ၊ အပြာရုပ်ရှင်မင်းသမီးကို ၂၀၁၆ က နှုတ်ပိတ်ခ ငွေ လက်သိပ်ထိုးပေးခဲ့တာတွေနဲ့ဆက်စပ်တဲ့ အမှုတွေနဲ့ စွပ်စွဲခဲ့တာအပေါ် နိုင်ငံရေးအရ လုပ်ဆောင်တာလို့ မြန်မာ့အသိုင်းအဝန်းထဲက တချို့ကယူဆကြသလို တချို့ကလည်းထရမ့်ကိုတရားစွဲတာ ထောက်ခံကြပါတယ်။
တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲက ကာကွယ်ဖို့ ကြိုးစားတာက သူ့အတွက် ရာဇဝတ်ပြစ်မှု ဖြစ်ခဲ့ရပြီး သူ့ကို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့ မနေ့က ရာဇဝတ်ပြစ်မှု စွဲချက် ၃၄ ခုနဲ့ တရားစွဲခံလိုက်ရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ကို နယူးယောက်မြို့တရားရုံးက လုပ်ငန်းဆိုင်ရာမှတ်တမ်းတွေမှာ လွဲမှားပြတဲ့အမှုနဲ့ စွဲချက်တင်ပြီး လုပ်ငန်းမှတ်တမ်းဥပဒေအပေါ်မှာအခြေခံပြီး စွဲတာဖြစ်တယ်လို့ မန်ဟန်တန် ခရိုင်အစိုးရရှေ့နေ မစ္စတာ Alvin Bragg က အင်္ဂါနေ့ နယူးယောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း ၅၃၀ ကျော်ကို အမေရိကန်အစိုးရအကူအညီနဲ့ ရှင်းလင်းခဲ့ပေမယ့် ခုချိန်ထိ မဖျက်ဆီးရသေးတဲ့မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်နက်ပစ္စည်းတွေ အမြောက်အမြားကျန်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တရားရုံးက စွဲဆိုထားတဲ့ ပြစ်မှု ၃၄ ခုမှာ အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း Donald Trump က ဧပြီလ ၄ ရက်၊ အင်္ဂါနေ့မှာ လာရောက်ထွက်ဆိုသွားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်စခန်းတွေတိုးချဲ့ အခြေချဖို့သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ခုလို ပြောဆိုလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။