တရုတ်နိုင်ငံကနေခိုးယူခံခဲ့ရတဲ့ ရှေးဟောင်းပစ္စည်းနှစ်ခုကို အမေရိကန်ကပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ နယူးယောက်မြို့ တာဝန်ရှိသူတွေက အင်္ဂါနေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အကြံပေးကဏ္ဍ အမျိုးသမီးပင်တိုင်ဆောင်းပါးရှင်ကို ၁၉၉၆ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အတွက် အမေရိကန်သမ္မတဟောင်းထရမ့်မှာ ဥပဒေအရ တာဝန်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပြီး နစ်နာသူအမျိုးသမီးကို ဒေါ်လာ ၅ သန်းပေးဖို့ နယူးယောက်မြို့တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဟာ အင်္ဂါနေ့ကတွေ့ဆုံကြပြီး အမေရိကန်အစိုးရယူနိုင်တဲ့အကြွေး ကန့်သတ်ချက်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။
ဖယ်ဒရယ်အစိုးရကချေးယူနိုင်တဲ့ ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden အစိုးရနဲ့ အမေရိကန်လွှတ်တော်ကြား သဘောတူညီမှုမရဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာ့စီးပွားရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကပ်ဆိုးကြီးတရပ် ကြုံလာရနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သတိပေးပါတယ်။
အမေရိကန် Texas ပြည်နယ်၊ Dallas မြို့က ကုန်တိုက်တခုမှာ သေနတ်သမားတယောက် လက်ချက်နဲ့ လူ ၈ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကျင်းပခဲ့တဲ့ MMA One Championship ကိုယ်ခံပညာသိုင်းပေါင်းစုံ မစ်ဒယ်လ်ဝိတ်တန်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက အောင်လအန်ဆန်က အနိုင်ရသွားပါတယ်။
နည်းပညာအသစ်တွေက ဗာဂျီးနီးယားက ရွှေတူးသူတွေ အတွက် အခွင့်အလမ်းတွေ ပြန်လည် မြှင့်တင်ပေးနေပါတယ်။ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်ဟာ တချိန်က ရွှေ အများဆုံးထွက်ခဲ့ပေမယ့် တိမ်ကောခဲ့ပါတယ်။ ခုတော့ အဲဒီမှာ မကြာခင် ရွှေတူးလုပ်ငန်း တခေတ် ပြန်ဆန်းသစ်လာဖို့ ရှိပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြပါမယ်။
အမေရိကန်နိုင်ငံ မင်နီဇိုးတားပြည်နယ်က စိန်ပေါကောလိပ်မှာရှိတဲ့ မြန်မာကျောင်းသားတွေက မကြာသေးခင်ကပဲ မြန်မာယဉ်ကျေးမှုအဖွဲ့ - Myanmar Culture Club ကို ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မြန်မာလူငယ်တွေကိုပါ စုစည်းပြီး မြန်မာလူငယ်အဖွဲ့ Burmese Youth Association ကိုလည်း ဖွဲ့စည်းခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဗာဂျီးနီးယားဓနသဟာယပြည်နယ် ဟာ တချိန်က အမေရိကန်ရဲ့ အကြီးဆုံးရွှေ ထွက်တဲ့ ဒေသတခုပါ။
ဝါရှင်တန်ဒီစီနားမှာရှိတဲ့ အာလင်တန်က အမေရိကန်နိုင်ငံခြားရေးဌာန သံတမန်ဝင်းမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် သံတမန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနင်္ဂနွေနေ့က စတင်ကျင်းပနေတာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ရေရှည်ငြိမ်းချမ်းရေးအတွက် သိသာတဲ့ တိုးတက်မှုရခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။
ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။
ယူကရိန်းဘက်ကထိုးစစ်တွေမစခင်မှာ အမေရိကန်က ဒေါ်လာ သန်း ၃၀၀ ခန့်တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။