Oath Keepers ဆိုတဲ့ လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes ကို နိုင်ငံတော် အကြည်အညိုပျက်အောင် ပူးပေါင်းကြံစည်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ချလိုက်ပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimond နဲ့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao တို့ ကြား တရုတ် အမေရိကန် ကူးသန်ရောင်းဝယ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အမေရိကန် ကူသန်းရောင်းဝယ်ရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပါတယ်
အမေရိကန် ကောင်စစ်ဌာနတွေမှာ ဗီဇာလျှောက်ထားမှုတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်ဖို့ ခုလို ဗီဇာကြေးတွေ တိုးကောက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner Group ရဲ့ မာလီနိုင်ငံဆိုင်ရာ အကြီးအကဲ Ivan Aleksandrovich Maslov ကို အမေရိကန်ဘဏ္ဍာရေးဌာနက ကြာသပတေးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မွန်တားနား ပြည်နယ်မှာ Tiktok အသုံးပြုခွင့် ပိတ်ပင်တဲ့ဥပဒေ အကောင်အထည် ဖော်နေတာနဲ့ ပတ်သက်လို့ TikTok ကုမ္ပဏီက အမေရိကန် ဖက်ဒရယ် တရားရုံးတခုမှာ မနေ့က တရားစွဲလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လို အခက်အခဲမဆို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မဟာဘွဲ့ရခဲ့တဲ့ ကရင်နီကျောင်းသူ အီမယ်က ပြောပါတယ်။ ကရင်နီပြည်ကနေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ မိဘတွေက ကရင်နီဒုက္ခသည် စခန်းမှာ အီမယ်ကို မွေးခဲ့တာပါ။ ကိုအောင်အောင် ရိုက်ကူး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီနေ့မှာ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေရဲ့ G7 ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဒီကနေ့ စနေနေ့မှာ ရောက်လာပြီး G7 ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေပေါင်းပြီး ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ အမောင်းသင်တန်းတွေ ပေးဖို့ သဘောတူလိုက်ပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ နက်ဖြန်စတင်မယ့် G7 ထိပ်သီးစည်းဝေးပွဲမှာ G7 ခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ G7 ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် Hiroshima မြို့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။