ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။
ယူကရိန်းဘက်ကထိုးစစ်တွေမစခင်မှာ အမေရိကန်က ဒေါ်လာ သန်း ၃၀၀ ခန့်တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့လုံခြုံရေးအပေါ် တာဝန်ယူ ကတိကဝတ်ပြုထားတာကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ထပ်မံအတည်ပြုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ နက်ရှိုင်းတဲ့ မိတ်ဆွေဆက်ဆံရေးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အိမ်ဖြူတော်သတင်းထောက်များအသင်းရဲ့ နှစ်စဉ်ကျင်းပတဲ့ ညစာစားပွဲအခမ်းနားကို ဝါရှင်တန်ဒီစီမှာ မနေ့ စနေနေ့ညက ကျင်းပခဲ့ပြီး၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ သူ့ရဲ့ အမေရိကန် ချစ်ကြည်ရေးခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စမှာ တရုတ်နဲ့ တင်းမာမှုတွေ တိုးလာနေချိန် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး ဖိလစ်ပိုင်ဘက်က ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။
စစ်တပ်ကွဲပြီးတိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်နိုင်ငံမှာ ရာနဲ့ချီတဲ့အမေရိကန်နိုင်ငံသားတွေကို ပထမဆုံးအကြိမ် လေယာဉ်နဲ့ကယ်ထုတ်နိုင်ဖို့ Port Sudan ဆိပ်ကမ်းမြို့ဆီ ကုန်းလမ်းကနေသယ်ဆောင်လာရာမှာ စနေနေ့က ရောက်လာပါတယ်။
အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ် Denver မြို့မှာ ကျင်းပနေတဲ့ အမေရိကတိုက် မြို့များညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က နိုင်ငံခြားရေးဌာနနဲ့ မြို့တွေကြား ချိတ်ဆက်ဆောက်ရွက်မှုရဲ့ ရလဒ်တွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ နိုင်ငံထဲမှာ စောင့်ကြည့်ထောက်လှမ်းခံရသူ အရေအတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ နည်းသွားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်စစ်တပ် လေကြောင်းဆိုင်ရာဌာနအားလုံးမှာ လိုအပ်တဲ့ သင်တန်းတွေ မတက်ပြီးမချင်း လေယာဉ်ပျံသန်းမှု အားလုံးကို ရပ်ထားဖို့ ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင် ၃ ပတ်နီးပါးကြာ နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ သောကြာနေ့မှာပြီး ဆုံးသွားခဲ့ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ စစ်အင်အားစုစုပေါင်း ၁ သောင်း ၈ ထောင်လောက်ပါဝင်ပြီး၊ ၃၈ နှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကြပ်တည်းပြီး ဒုက္ခရောက်ကြရတဲ့ အမေရိကန်ရောက် မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို ၃ နှစ် ကူညီမယ့် မြန်မာပညာသင်ဆု ကို US - ASEAN Business Council Institute (USABCI) က ဦးဆောင် ဖန်တီးခဲ့ပါတယ်။
၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို သမ္မတဟောင်း Donald Trump ဘက်က ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ဖက်ဒရယ် အထူးတရားရုံး ဂျုရီအဖွဲ့ ရှေ့မှောက်မှာ ဒုသမ္မတဟောင်း Mike Pence ကြာသပတေးနေ့က ကျမ်းကျိန် ထွက်ဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။