မြန်မာစစ်ကောင်စီဟာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိမ်နင်းမှုတွေလုပ်ဖို့ ပြည်ပက အကူအညီတွေကို ရယူနေရာမှာ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ ရုရှားလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံပိုင်ဘဏ်လုပ်ငန်း ၂ ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတ Xi Jinping (ရှီကျင့်ဖျင်) ကို အာဏာရှင်အဖြစ် ခေါ်ဝေါ်သုံးစွဲလိုက်တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပေါ် စွဲဆို ထားတဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အမှုရဲ့ ပထမဆုံး ရုံးချိန်းကို လာမယ့် သြဂုတ်လ ၁၄ ရက်မှာ စတင်ဖို့ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီက ဖက်ဒရယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။
နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုတွေ အပြန်အလှန်လေးစားဖို့နဲ့ ရိုးသားမှုကို အခြေခံဖို့၊ ဝန်ကြီး ဘလင်ကန်အနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ဖို့အတွက်ပိုပြီး အပြုသဘောဆောင် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတ Xi Jinping ပြောဆိုသွားတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့ တနင်္ဂနွေနေ့တုန်းက ဘေကျင်းမြို့ မှာ ပွင့်ပွင့်လင်းလင်း တိုက်ရိုက် ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
သူ့ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန်ကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးထူထောင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီး Blinken က ပြောဆိုထားတာပါ။ Blinken ဟာ ၂၀၁၈ခုနှစ်နောက်ပိုင်း တရုတ်ပြည်ကို လာရောက်ခဲ့တဲ့ ပထမဆုံးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ဟာ လာမယ့်ဇွန်လ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပြီး၊ ဒီခရီးစဉ်က ၂ နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်လိမ့်မယ်လို့ ၂ ဘက်တာဝန်ရှိသူတွေက အပြုသဘောဆောင် ရှုမြင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေးမှာ သံတမန်ရေးအရ အဆက်အသွယ် မပြတ်ရှိနေဖို့ အရေးကြီးတယ်ဆိုတာ အဓိကဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တရုတ်နိုင်ငံကို သွားရောက်နေပါပြီ။
ဝါရှင်တန်မြို့တော်ကို လာရောက်တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဇွန်လ ၁၆ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြ
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး မြန်မာ့နိုင်ငံရေး အခြေနေတိုးတက်တဲ့ အရိပ်အယောင် မတွေ့ရဘူးလို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ စွမ်းအင်ဌာနအပါအဝင် အစိုးရအေဂျင်စီ အများအပြားကို ရုရှားရဲ့ ခြိမ်းခြောက် ငွေညှစ်တဲ့ ဆိုက်ဘာ ဂိုဏ်းတခုက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။