အာဂျင်တီးနားက ကမ္ဘာကျော်ဘောလုံးသမား Lionel Messi က ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင် တာကြောင့် အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီအသင်းကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကနေဒါနိုင်ငံနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောင်မီးကနေပျံ့နှံ့လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်လောက်တဲ့အထိ များပြားနေတာကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းက မြို့တွေမှာ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ကြဖို့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် စတင်လိုက်ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh (ရာချ်နသ် ဆင်းဂ်) နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် နယူးဒေလီမှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံသာ ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် ဘေးဒုက္ခကပ်ဆိုးကြီး ဖြစ်လာလိမ့်မှာ ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri La လုံခြုံရေးညီလာခံအတွင်း ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အင်အားကြီးအမေရိကန်နဲ့ တရုတ်အကြားဆက်သွယ်ရေးလမ်းကြောင်းဆက်လက်ဖွင့်လှစ်ထားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှပစ္စဖိတ်လုံခြုံရေး ဆိုင်ရာထိပ်သီးအစည်း-ရှန်ဂရီလာဆွေးနွေးပွဲမှာ စနေနေတုန်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရ ကြွေးမြီအကျပ်အတည်း ညှိုနှိုင်းအဖြေရှာနိုင်ခဲ့တာအတွက် သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က အောင်ပွဲခံ မိန့်ခွန်း ပြောကြားပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ရမယ်ဆိုတဲ့ အနာဂါတ်အမြင်နဲ့ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေ ပိုများလာတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပါတယ်။
ကမ္ဘာ့စစ်ရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား စစ်ဘက်ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတွေကြား ဆက်သွယ်ရေး လမ်းကြောင်းဖွင့်ဖို့ သြစတေးလျ ဝန်ကြီးချုပ် Anthony Albanese ကတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်ပြတ်တောက်မယ့် အရေးကို ရှောင်ရှားနိုင်မယ့် ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ညက အတည်ပြုလိုက်တဲ့အတွက် သမ္မတလက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံ အာဏာသိမ်းရာမှာပါဝင်တဲ့ ဆူဒန်စစ်တပ်နဲ့ RSF တပ်တွေကြား ရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖေါက်သူတွေကို အမေရိကန်က ကြာသပတေးနေ့မှာ စီးပွားရေးနဲ့ ခရီးသွားကန့်သတ်မှုတွေ ချမှတ် အရေးယူလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ အများမျှော်လင့်ထားတဲ့အတိုင်း ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာပြီး ရှေ့သီတင်း Iowa ပြည်နယ်မှာ တရားဝင် မဲဆွယ်စည်းရုံးမှုတွေ စတင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။