တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ် အဖွဲ့အသစ်တွေဖွဲ့စည်းကြဖို့ တနင်္လာနေ့မှာ သဘောတူလိုက်ကြကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာ ရေမန်ဒို (Gina Raimondo) က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ လာမယ့်လအတွင်း ဗီယက်နမ်ကို သွားရောက်ပြီး အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ၊ နောက် တခြားသော ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရေး ကြံစည်မှုစွဲချက်တွေအတွက် လာမယ့်မတ်လမှာ သမ္မတဟောင်း Donald Trump ကို အမှုစစ်ဆေးမှာဖြစ်ကြောင်း ဖယ်ဒရယ်တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမြောက်ပိုင်းက ကျွန်းပေါ်မှာ ဒီကနေ့ စစ်ရေးလေ့ကျင့်ရင်း လေယာဉ်ပျက်ကျရာက အမေရိကန် မရိန်းစစ်သည် ၃ ဦး သေဆုံးပြီး၊ ၂၀ ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရစ်ပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့ ဂျော်ဂျီယာပြည်နယ် အာဏာပိုင်တွေ ထုတ်ပြန်တဲ့ သူ့ရဲ့အကျဥ်းထောင်မှတ်တမ်း ဓာတ်ပုံကြောင့် သမိုင်းဝင်သွားခဲ့ပါတယ်။ "ဒါဟာ သက်တောင့်သက်သာရှိတဲ့ ခံစားချက်မဟုတ်ပါဘူး"လို့ ထရမ့်ကပြောပါတယ်။
မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အတွက် တရားမျှတမှုကို ရှာဖွေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတာ ထပ်လောင်း အတည်ပြုပါကြောင်းလည်း ဝန်ကြီး ဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြံစည်ခဲ့မှုစွဲချက်တွေနဲ့ပတ်သက်ပြီး တရားရင်ဆိုင်၊ အဖမ်းခံဖို့ ကြာသပတေးနေ့က အတ္တလန္တာကို သွားပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှေ့လထဲကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G 20 အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန်နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကိုတော့ ဒုသမ္မတ ကင်မလာဟဲရစ်စ်တက်မယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အိမ်ဝယ်ဖို့အတွက် ငွေချေးငှားတာမှာ အတိုးနှုန်းသက်သာအောင် ဘာတွေ ဆောင်ရွက်သင့်လဲ၊ ဘယ်လိုအတိုးနှုန်းတွေဟာ ချေးငှားသူတွေအတွက် ပိုပြီး အကျိုးရှိစေမလဲဆိုတာနဲ့ ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ကိုက်ညီတဲ့ အိမ်မျိုးကို သူများအကူအညီမယူဘဲဝယ်ယူဖို့ ဒုတိယပိုင်းအစီအစဉ်မှာ အိမ်ခြံမြေ အကျိုးဆောင် မတင်လေးသွယ်က အကြံပြုပါတယ်။
အိမ်ဝယ်ပြီးနေတာဟာ ရင်းနှီးမြှပ်နှံမှုတမျိုးပဲလို့ အိမ်ခြံမြေအကျိုးဆောင်လည်းဖြစ် ငွေချေးငှား ဝန်ဆောင်မှုပေးတဲ့ မတင်လေးသွယ်က ပြောပါတယ်။ တွေ့ဆုံမေမြန်းခန်း အပိုင်း ၁ မှာ အိမ်ဝယ်ဖို့ ငွေမချေးခင်မှာ ဘာတွေပြင်ဆင်ဖို့လိုမလဲ၊ ဘယ်လိုဒေသတွေမှာ အိမ်စျေးတွေ သက်သာလဲဆိုတာတွေကို ကိုအောင်အောင် မေးမြန်းထားပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့က ရေတပ်ဖွဲ့တွေ ဒီသီတင်းပတ်ထဲ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ စနေနေ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဟာ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။