အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ရှုံးထွက်ပွဲတွေ ဒီကနေ့ ကစားရာမှာ ဆွီဒင်နဲ့ နယ်သာလန်အသင်းတွေ ကွာတားဖိုင်နယ် တက်သွားကြပါပြီ။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲဖို့ကြိုးစားတဲ့ ရာဇဝတ်မှု ၄ မှုနဲ့ တရားစွဲခံရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမှုတွေအတွက် အပြစ်မရှိဘူးလို့ ဖယ်ဒရယ်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားဖို့ တရားမဝင်ကြိုးစားခဲ့တယ်ဆိုပြီး ဖက်ဒရယ်အထူးတရားရုံး ဂျုရီ အဖွဲ့တဖွဲ့က မနေ့က တရားစွဲဆိုလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးကနေ တိုက်ခိုက်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃၄၅ သန်းတန်ဖိုး အကူအညီတွေ ထိုင်ဝမ်ကို ပေးမယ်လို့ ကြေညာပါတယ်။
ပဲ့ထိန်းတပ် Rocket ဒုံးအများအပြားကို တချိန်ထဲမှာ ပစ်လွှတ်နိုင်မယ့် စနစ်ကို Australia နိုင်ငံမှာ ထုတ်လုပ်နိုင်အောင် အမေရိကန်က ကူညီမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပြီမို့ အထက်လွှတ်တော်က ပြင်ဆင်ထည့်သွင်းအတည်ပြုချက်တွေအပေါ် အောက်လွှတ်တော်မှာ အခြေအတင် ဆွေးနွေးအတည်ပြုကြရဦးမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နေရာအတော်များများမှာ မကြုံဘူးတဲ့အတိုင်းအတာနဲ့ အပူချိန်မြင့်တက်နေတာကြောင့် အဆောက်အဦပြင်ပတွေမှာ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့အနေနဲ့ သောက်ရေ လွယ်ကူစွာ ရရှိစေရေးလုပ်ဆောင်ချက်အသစ်တွေကို သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေ ကြည့်လို့မရအောင် လုံခြုံရေးကင်မရာထဲက ပုံတွေကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့လို့ သမ္မတဟောင်း Trump အပြင် သူ့ရဲ့ အမှုထမ်းတယောက်ကို တရားစွဲလိုက်တာဖြစ်ပါတယ်။
အမေရိကန် သမ္မတJoe Biden ရဲ့သား Hunter Biden ဟာ အခွန်ဆောင်ဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခံ ထားရတာကို ပြစ်ဒဏ်လျှော့ပေါ့စေရန် အပြစ်ရှိကြောင်းဝန်ခံဖို့ တရားလိုနဲ့ညှိနှိုင်းသဘောတူထားပေမယ့် အပြစ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ပြောင်းလဲထွက်ဆိုခဲ့ပါတယ်။
အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်ရေးမှာ မနှစ်ကပြန်လွတ်လာတဲ့ အမေရိကန် မရိမ်းတပ်သား ဟောင်းတဦးဟာ ယူကရိန်းနိုင်ငံတွင်းတိုက်ပွဲတခုမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန ပြောခွင့်ရသူကပြောပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီ (CPP) ကအပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားက နိုင်ငံခြား အကူအညီပေးရေး အစီအစဉ်တချို့ကို ရပ်ဆိုင်းထားလိုက်ပြီး လူပုဂ္ဂိုလ်တချို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။