လူအစုလိုက် အပြုံလိုက်သေစေဖို့ ရည်ရွယ်တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက မိဘတွေဟာ ခုလို ကျောင်းဖွင့်ချိန်ရာသီမှာ ကလေးတွေ ဘေးအန္တရာယ်ကင်းရေး တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးဆောင်ရွက်ဖို့ လိုလားနေပါတယ်။ တက္ကဆတ်ပြည်နယ် ဒါးလတ်စ်မြို့က မြန်မာမိခင်တဦးကို ကိုအောင်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန် မော်တော်ကားလုပ်ငန်းကြီး ၃ ခုက အလုပ်သမား ၁၃,၀၀၀ လောက်ဟာ ဒီကနေ့ သောကြာနေ့ကူးချိန်ကစပြီး သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ သူ့ကို သေနတ်ရောင်းချဖို့ သေနတ်ရောင်းသူတဦး အပေါ် လှည့်ဖြားခဲ့မှုနဲ့ ကြာသပတေးနေ့က ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ လက်ရှိ ရာထူးရယူထားတဲ့ သမ္မတတဦးရဲ့သားသမီးထဲက ပထမဆုံး စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူ တွေကို ပိုပြီးတင်းကျပ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို အမေရိကန်ကစိုးရိမ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်နိုင်ရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွှတ်တော်ကော်မီတီတွေကို ညွှန်ကြားလိုက်တယ်လို့ အောက် လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ Kevin McCarthy က အင်္ဂါနေ့ မှာ ကြေညာလိုက်ပါတယ်။
ယူကရိန်းကို အနောက်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ပေးပို့တာဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့လည်း ရုရှားက ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပြောလိုက်တာပါ။
တတိုင်းပြည်လုံးညီညွတ်မှု စိတ်ဓါတ်ခွန်အားကို အမှတ်ရဖို့နဲ့ နိုင်ငံရေးအရအစွန်းရောက်မှုတွေမဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတခုမှာ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလက လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် သမ္မတ Joe Biden က Alaska ပြည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာ စစ်မှုထမ်းတွေ၊ အရေးပေါ် ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ဒီကနေ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူညီတာကို နှစ်နိုင်ငံခေါင်းဆောင်တွေ ကြိုဆိုလိုက်ပြီး နည်းပညာတီထွင်မှုတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ခြေ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း သမ္မတ Joe Biden က ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ပြောဆိုပါတယ်။
ဒေသတွင်းက ECOWAS- အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းအဖွဲ့နဲ့အတူ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ ကျူးကျော်နိုင်ခြေပြင်ဆင်မှုအနေနဲ့ အနောက်အာဖရိကတိုင်းပြည်အတော်များများမှာ ပြင်သစ်တပ်တွေ တပ်ဖြန့်ချထားတယ်လို့ နိုင်ဂျာ စစ်အာဏာ သိမ်းအစိုးရက စွပ်စွဲလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတိုင်းကို ဆန့်ကျင်ရှုတ်ချသလို လူမျိုးရေးမုန်းတီးမှု အခြေခံတဲ့ တိုက်ခိုက်မှုတွေကိုလည်း လက်သင့်မခံကြောင်း 9/11 ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကို ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ နယူးယောက်မြို့က ကိုရွှေ ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။