မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံမှာ အခြေချဖို့ ကြိုးစား ဝင်ရောက်လာသူ အခုစက်တင်ဘာ ပထမ လဝက်အတွင်းမှာတင် တသိန်းခွဲနီးပါး ရှိနေပြီလို့ အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းကလိုအပ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်က လူသားချင်းစာနာကူညီမှု နောက်ထပ် ဒေါ်လာ ၁၁၆ သန်းထောက်ပံ့မယ့်ထဲမှာ ဒေါ်လာ ၇၄ သန်းကိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအကူအညီပေးထားတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံကိုရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူမှာတွေ့ဆုံခဲ့ပြီး ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းရဲ့တွန်းလှန်နေမှုကို ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့ အကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်ကို လာရောက်ပြီး အမေရိကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စအပြင် ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရုရှားက နေ့တိုင်းလို ကျူးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်န်တော်နီ ဘလင်ကန် (Antony Blinken) က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေ ညီလာခံမိန့်ခွန်းထဲ ယူကရိန်းကို ရုရှားကျုးကျော်မှုဟာ ကုလပဋိညာဉ်စာတမ်းကို ချိုးဖေါက်မှုအဖြစ် ဝိုင်းဝန်းရှုတ်ချဖို့ တိုက်တွန်းသွားသလို ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှု ကိစ္စနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အလေးပေးပြောဆိုသွားပါတယ်။
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန် နိုင်ငံသား ၅ ဦး ဒီကနေ့ပဲ အမေရိကန်ကို ပြန်ရောက်လာကြပါပြီ။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ ကမ္ဘာ့ခေါင်းဆောင်တွေ စတင်မိန့်ခွန်းပြောမှာဖြစ်ပြီး အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်း သမ္မတဗလော်ဒီမီယာ ဇလန်းစကီးတို့လည်း မိန့်ခွန်းပြောမယ့်အထဲမှာ ပါဝင်ပါတယ်။
“အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိုပေးမယ်လို့ ကတိပြုထားပြီးဖြစ်တဲ့ M1 Abrams တင့်ကားတွေ မကြာခင်မှာ ယူကရိန်းကိုရောက်တော့မယ်ဆိုတာကို ကျနော် ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။ ရုရှားတို့ကဒီစစ်ပွဲကို ပိုကြာအောင်လုပ်နေတဲ့တချိန်ထဲမှာဘဲ သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေဟာလည်း ပိုပြီးတော့ ထင်ရှားလာနေပါတယ်။.."
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံသား ၅ ယောက်ကို အီရန်နိုင်ငံ ပြန်လွှတ်ပေးလိုက်ပြီး တီဟီရန်မြို့တော်က လေကြောင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ Malta နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ အမရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။