အမေရိကန်နိုင်ငံရေးလောကမှာ လူသိများပြီး လေးစားခံရတဲ့ Democratic ပါတီအထက်လွှတ်တော်အမတ် Dianne Feinstein အသက် ၉၀ မှာ ကွယ်လွန်သွားပါတယ်။
ရှေ့နှစ်ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့ Republican ပါတီဘက်က ထိပ်ဆုံးကပြေးနေသူ သမ္မတဟောင်း Trump ဟာ သူ့ကိုယ်ကျိုးသက်သက် အာဏာမက်မောသူဖြစ်ပြီး Trump နဲ့ အပေါင်းအပါတွေက ဒီမိုကရေစီစံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ် လို့ သမ္မတ Joe Biden က ပြောဆိုပါတယ်။
ကယ်လီဖိုးနီးယား Simi Valley မှာ ကျင်းပတဲ့ ဒု-အကြိမ် ရီပတ်ဘလစ်ကန် စကားစစ်ထိုးပွဲမှာ ကိုယ်စားလှယ်လောင်း ၇ ဦးက ကမ္ဘာ့ရေးရာနဲ့ အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ငြင်းခုံ စကားစစ်ထိုးခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံကျောင်းသူ မခင်သီရိနန္ဒာစိုးကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံလို စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့နိုင်ငံတွေအတွက် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အသုံးချမယ်ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုသာမက ဆက်သွယ်ရေးကွန်ရက်အတွက်ပါအရေးပါကြောင်း အမေရိကန်ဒစ်ချယ်တယ်နည်းပညာ ကျွမ်းကျင်သူတွေကပြောပါတယ်။ Cryptocurrencies အခန်းကဏ္ဍနဲ့ ပတ်သက်လို့သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။
မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ နိုင်ငံတွေအတွက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အသုံးချနိုင်မယ်ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုသာမက ဆက်သွယ်ရေးကွန်ရက်အတွက်ပါ အရေးပါကြောင်း အမေရိကန် ဒစ်ချယ်တယ်လ်နည်းပညာ ကျွမ်းကျင်သူတွေက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် မှာ ဘတ်ဂျက်ဆိုင်ရာ သဘောတူညီချက် မရရှိနိုင်သေးတာကြောင့် အမေရိကန် အစိုးရ ရဲ့ လုပ်ငန်းတွေ ဟာ တနင်္ဂနွေနေ့မှာ တစ်ပိုင်းတစ်စ ရပ်တန့်သွားမယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ် ပိုင်နက် နယ်မြေ ကတဆင့် မြောက်ကိုရီးယား ကနေ အမေရိကန် စစ်သား Travis King ထွက်ခွါဖို့ ခွင့်ပြုခဲ့တဲ့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော် က တရုတ် အစိုးရ နဲ့ ဆွီဒင် အစိုးရတို့ကို ဗုဒ္ဓဟူးနေ့ က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ ၂ လက ဥပဒေမဲ့ ဝင်ရောက်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အမေရိကန်စစ်သား Travis King မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံဘက်ကို မောင်းထုတ်ခံလိုက်ရပြီးတဲ့နောက် အခု အမေရိကန်အာဏာပိုင်တွေလက်ထဲကို ရောက်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အိမ်ခြံမြေလုပ်ငန်းစု စီးပွားရေး အင်ပါယာကြီးကို တည်ဆောက်နေချိန်တုန်းမှာ နှစ်ပေါင်းများစွာ လိမ်လည်မှုကျူးလွန်ခဲ့ကြောင်း နယူးယောက်တရားသူကြီး Arthur Engoron (အာသာ အင်ဂိုရွန်) က စီရင်ချက် ချလိုက်ပါတယ်။
ဒီနေ့ (ဗုဒ္ဓဟူးနေ့) ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်မယ့်သူတွေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပပါလိမ့်မယ်။
အမေရိကန်နဲ့ တောင်ကိုရီယားနိုင်ငံအကြား ဆယ်စုနှစ် ၇ ခုကြာ မဟာမိတ်ဖြစ်မှု အထိမ်းအမှတ်ကာလမှာပဲ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေတိုးလာနေတာကို ပူးတွဲဟန့်တားရေး တိုးမြှင့်ဆောင်ရွက်မယ်လို့ နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။