ကွယ်လွန်သူ အမေရိကန် သမ္မတ ဂျင်မီ ကာတာရဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နဲ့ လူသားချင်း စာနာထောက်ထားမှု ဆောင်ရွက်ချက်တွေက အမွေအဖြစ် တည်တံ့ ခိုင်မြဲပါလိမ့်မယ်လို့ အင်တော်နီယို ဂူသရက်စ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒေါ်လာ ၂ ဘီလီယံ ခွဲ နီးနီးတန်ဖိုးရှိတဲ့ လက်နက်တွေကို အမေရိကန်က ယူကရိန်းကို ပို့ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောပါတယ်။ စစ်အတွင်း ယူကရိန်းရဲ့ အနေအထား ပိုပြီး အားကောင်းလာအောင် သူ သမ္မတ တာဝန်ရှိနေသေးတဲ့ အချိန်အတွင်း မနားမနေ လုပ်ဆောင်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားပါပြီ။ သမ္မတ သက်တမ်းအပြီးမှာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမြှင့်တင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတကာတာအကြောင်း Kane Farabaugh က တင်ပြထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း Jimmy Carter ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ရန်ကုန်-အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ TikTok လူမှုကွန်ရက်သုံးစွဲမှုကို တားမြစ်မယ့်ဥပဒေကို ဆိုင်းထားပေးဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြည်ထောင်စု တရားရုံးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး လူကိုကူးစက်တဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး နမူနာကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓါတ်ခွဲစမ်းသပ်တာမှာ ကြက်ငှက်တုပ်ကွေးကူးစက်သူရဲ့ခြံထဲက ကြက်ငှက်တွေမှာ တွေ့ရှိတဲ့ Virus မျိုးကွဲမဟုတ်ဘဲ အသွင်ပြောင်းနေတဲ့ မျိုးကွဲဖြစ်နေတယ်လို့ CDC က ပြောပါတယ်။
တကျော့ပြန် သမ္မတ ဖြစ်လာတော့မဲ့ ဒေါ်နယ်ထရမ့် လက်ထက် မြန်မာ့အရေး အမေရိကန် ချဥ်းကပ်နိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန် Thomas Kean ကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
သေဒဏ်တိုးချဲ့ပေးဖို့ လိုလားသူ ထရမ့် သမ္မတ ဖြစ်လာဖို့ ရက်သတ္တပတ် အနည်းငယ်အလိုမှာ အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အကြမ်းဖက် ဝါဒနဲ့ လူမျိုး ဘာသာရေး အခြေခံ မုန်းတီး သတ်ဖြတ်မှုတွေကလွဲပြီး၊ ကျန် သေဒဏ်တွေကို လျှော့ပေါ့လိုက်တာပါ။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပနားမား တူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်တယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။
ပင်လယ်နီဒေသမှာ အမေရိကန်ရေတပ် တိုက်လေယာဉ်တစင်း မှားယွင်းပစ်ချခံခဲ့ရပြီး လေယာဉ်မှူး ၂ ယောက်ကတော့ လွတ်မြောက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန်မှာ ခရစ်စမတ်နဲ့ နှစ်သစ်အားလပ်ရက်တွေ နီးကပ်လာနေချိန်မှာပဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားစေမယ့် အရေးရှောင်လွှဲနိုင်ဖို့ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပေးလိုက်ပြီဖြစ်တဲ့ အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။