ကိုဗစ်ကပ်ရောဂါဟာ ဓာတ်ခွဲခန်းတခုကနေ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်နိုင်ခြေများကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂျော်ဒန်၊ အီဂျစ်နဲ့ တခြားအာရပ်နိုင်ငံတွေက ပိုမိုလက်ခံပြီး၊ စစ်ဒဏ်သင့်ဒေသကို အသစ်ဖြစ်အောင် ရှင်းလင်းပစ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က FEMA လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စုအဆင့် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီကို ဖျက်သိမ်းဖို့စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ FEMA ကတဆင့် ဝါရှင်တန် ဗဟိုအစိုးရအနေနဲ့ ဘဏ္ဍာရေးအကူအညီတွေကို ထောက်ပံ့ပေးမယ့်အစား ပြည်နယ်တွေကို တိုက်ရိုက်ငွေကြေးပေးဆောင်နိုင်တယ်လို့ ထရမ့်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ဌာနဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Kristi Noem ကို ဆီးနိတ် အထက်လွှတ်တော်က စနေနေ့က အတည်ပြုလိုက်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေ နှိမ်နင်းရေးအစီအစဥ်မှာ အရေးပါတဲ့ကဏ္ဍကနေ ဦးဆောင်ရမှာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် Pete Hegseth ဖြစ်တာဝန်ယူ ခန့်အပ်ဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ သူ့ကို အတည်ပြုရေး အထက်လွှတ်တော်မှာ သောကြာနေ့ ညနေပိုင်းက မဲခွဲခဲ့တာမှာ Republican မဲ ၅၀ Democrat မဲ ၅၀ ဖြစ်ခဲ့တာကြောင့် ဒုသမ္မတ JD Vance က ဝင်ရောက်မဲပေး ဆုံးဖြတ်ခဲ့ရတာပါ။
အမေရိကန်ပြည်ထောင်စုက ပေးနေသမျှ နိုင်ငံတကာ ကူညီထောက်ပံ့မှုအားလုံးနီးပါးကို ရပ်ဆိုင်းရမယ်လို့၊ ပေါက်ကြားလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ ရုံးတွင်းပေးစာမှာ ညွှန်ကြားထားပါတယ်။
လေပြင်းတိုက်ခတ်ပြီး ခြောက်သွေ့တဲ့ အခြေအနေကြောင့် နေရာ အတော်များများမှာ အခုအချိန်ထိ မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲဖြစ်တဲ့ တောမီးလောင်ကျွမ်းရာ ကယ်လီဖိုးနီးယားပြည်နယ်ကို သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက် နေပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြတဲ့ ပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ ပစ္စည်းတွေ ထုတ်ရင် ထုတ်၊ မထုတ်ရင် သွင်းကုန်ခွန် ပေးရမယ်ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ထားရှိတဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း Anita Powell ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Donald Trump နဲ့ ဆွေးနွေးဖို့ ရုရှား သမ္မတ Vladimir Putin ဘက်ကအသင့်ပဲလို့ ရုရှားသမ္မတရုံးက ဒီနေ့ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဘက်က ဆွေးနွေးမယ်လို့ အချက်ပြတာကို စောင့်နေတယ်လို့ ရုရှားသမ္မတရုံးပြောခွင့်ရ Dimitry Peskov က ပြောကြားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုတဝန်း တရားမဝင်နေထိုင်နေသူ ၅၀၀ ကျော်ကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့သလို အများအပြားကို စစ်လေယာဉ်တွေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။
ကမ္ဘာ့စီးပွါးရေး လုပ်ငန်းကြီးတွေ အမေရိကန်နိုင်ငံမှာ လာပြီး ကုန်ထုတ်လုပ်ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ ဆွစ်ဇာလန်နိုင်ငံ Davos က ကမ္ဘာ့ စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။
ပနားမား တူးမြောင်းကို အမေရိကန် ပြန်ရဖို့နဲ့ နိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းလာမှုတွေ တားဆီးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေချိန်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ပနားမားနဲ့ တခြား အမေရိကတိုက် အလယ်ပိုင်းဒေသတွင်း နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။