အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဝန်ထမ်းတွေထဲက အနည်းစုကလွဲလို့ ကျန်တဲ့ ဝန်ထမ်း အားလုံးကို ခွင့်ပေးထားပြီး အမေရိကန် အခြေစိုက် ဝန်ထမ်း ၂,၀၀၀ ကိုတော့ ရာထူးက ဖယ်ရှားနေတယ်လို့ အမေရိကန် သမ္မတ Donald Trump အစိုးရက ပြောပါတယ်။
Elon Musk က ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူတို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုတွေကို စာရင်းပြုစု တင်ပြဖို့ ဒါမှမဟုတ်ရင် အလုပ်က ထုတ်မယ်ဆိုပြီး ပြောဆိုထားတာကို ချက်ချင်း အကြောင်းမပြန်ကြဖို့ အမေရိကန် အစိုးရ ဌာန တချို့က သူတို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်က စစ်ဗိုလ်ချုပ်ကြီးတွေကို ဖြုတ်လိုက်တာဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က အခိုင်အမာ ပြောလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ကာကွယ်နိုင်အောင် အမေရိကန် အထောက်အပံ့ လက်နက်တွေအတွက် မြေရှားသတ္တု ထုတ်လုပ်ခွင့် အခွင့်အရေး အမေရိကန်ကိုပေးဖို့ သဘောတူညီချက် နီးနေပြီလို့ အမေရိကန်နဲ့ ယူကရိန်းတို့က တနင်္ဂနွေနေ့မှာ ပြောလိုက်ကြပါတယ်။
ပြည်ထောင်စု အစိုးရ ဝန်ဆောင်မှုနဲ့ ဝန်ထမ်း အရေအတွက် လျှော့ချနိုင်ရေး ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ ဌာန စွမ်းဆောင်ရည် စိစစ် အကဲဖြတ်ရေး တာဝန်ပေးထားတဲ့ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်စ်ကို စနေနေ့က တိုက်တွန်းလိုက်ပါတယ်။
ဝါရှင်တန်မြို့တော်အနီးမှာကျင်းပတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံ CPAC ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညီလာခံအပိတ်မိန့်ခွန်းပြောခဲ့ပြီး “တိုင်းပြည်ကို ကျနော်တို့ပြန်ရခဲ့ပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။ ညီလာခံတက်တဲ့ ပရိသတ်တွေကလည်း “USA” ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး CQ Brown ကို သမ္မတ Donald Trump က ရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပါတယ်။
VOA သတင်းဌာနအနေနဲ့ Trump TV ဖြစ်မှာ မဟုတ်ပေမဲ့ Trump ကို အဓိပ္ပါယ်မရှိ ဝေဖန်နေတဲ့ သတင်းမီဒီယာမျိုးတော့ဖြစ်မှာ မဟုတ်ဘူးလို့ VOA အကြီးအကဲတာဝန်ယူဖို့ သမ္မတ Donald Trump ရွေးချယ်ထားသူက ပြောကြားလိုက်ပါတယ်။
တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံထဲက အုပ်ချုပ်သူကင်းမဲ့နေတဲ့ ဒေသတွေဟာ အစွန်းရောက်အဖွဲ့တွေလှုပ်ရှားဖို့ အခွင့်ရေးပေးသလို ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်လာနိုင်ခြေ ရှိမရှိ CBS ရုပ်သံရဲ့မေးမြန်းခန်းမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ဥရောပတိုက်နဲ့ အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်အဖြစ်နဲ့ ဆက်ပြီး တည်ရှိနေမယ်ဆိုတာ ကတော့ ရှင်းပါတယ်။ ဒါပေမယ့် အဲဒီ မဟာမိတ်ပြုမှုရဲ့ အားကောင်းခြင်းမကောင်းခြင်းဟာ နှစ်နိုင်ငံ လူမှုအသိုင်းအဝန်းကို မှန်ကန်တဲ့လမ်းကြောင်းဆီ ဦးတည်ပေးမလားဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့် မယ်။” (JD Vance - အမေရိကန် ဒုသမ္မတ)
အမေရိကန်ပြည်တွင်းအခွန်ဦးစီးဌာန IRS က အစမ်းခန့်ဝန်ထမ်းအများစုဖြစ်တဲ့ ဝန်ထမ်း (၆,၀၀၀) ကျော်ကို စပြီး အလုပ်ဖြုတ်နေပါပြီ။ အမေရိကန်အခွန်ဆောင်ကာလ အလုပ်အရှုပ်ဆုံးအချိန်မှာပဲ IRS ဝန်ထမ်းစုစုပေါင်းရဲ့ ၆% နဲ့ညီမျှတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တော့မယ်ဆိုတာကို IRS အကြီးအကဲက ကြာသပတေးနေ့က အသိပေးခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။