ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်က တင်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက်လမ်း” လို့အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီး မျှတမှု ရှိတယ်ဆိုပြီး ရုရှားကကြိုဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဗြိတိန်နဲ့ဥရောပ မဟာမိတ်တွေကတော့ သိပ်သဘောမတူကြပါဘူး။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု အပြီး ဥရောပကို တာဝန်ပိုယူဖို့ သမ္မတထရမ့်က တိုက်တွန်းလိုက်သလို ပြင်သစ်သမ္မတကလည်း ရုရှားဘက်က အာမခံချက်ပိုရအောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် သတ်မှတ်ထားချိန်ကျရင် ကုန်သွယ်ခွန်တိုးကောက်မှာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ ယူကရိန်း အရေး အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။
အမေရိကန် မဲဆန္ဒရှင်တွေကြားမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ စီးပွားရေး ကိစ္စတို့ကို အဓိက ထားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အမေရိကန် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာပါ။ Veronica Balderas Iglesias ကသတင်းဆောင်းပါး ပေးပို့ထားပါတယ်။
ယူကရိန်းက ရုရှားစစ် အဆုံးသတ်ဖို့ နီးနေပြီလို့ မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
အမေရိကန် နည်းပညာကုမ္ပဏီ အက်ပဲလ်ဟာ အလုပ်ပေါင်း ၂၀,၀၀၀ ကျော် ဖန်တီးဖို့ လာမယ့် ၄ နှစ် အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ Apple က ကြေညာပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဝန်ထမ်းတွေထဲက အနည်းစုကလွဲလို့ ကျန်တဲ့ ဝန်ထမ်း အားလုံးကို ခွင့်ပေးထားပြီး အမေရိကန် အခြေစိုက် ဝန်ထမ်း ၂,၀၀၀ ကိုတော့ ရာထူးက ဖယ်ရှားနေတယ်လို့ အမေရိကန် သမ္မတ Donald Trump အစိုးရက ပြောပါတယ်။
Elon Musk က ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူတို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုတွေကို စာရင်းပြုစု တင်ပြဖို့ ဒါမှမဟုတ်ရင် အလုပ်က ထုတ်မယ်ဆိုပြီး ပြောဆိုထားတာကို ချက်ချင်း အကြောင်းမပြန်ကြဖို့ အမေရိကန် အစိုးရ ဌာန တချို့က သူတို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်က စစ်ဗိုလ်ချုပ်ကြီးတွေကို ဖြုတ်လိုက်တာဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က အခိုင်အမာ ပြောလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ကာကွယ်နိုင်အောင် အမေရိကန် အထောက်အပံ့ လက်နက်တွေအတွက် မြေရှားသတ္တု ထုတ်လုပ်ခွင့် အခွင့်အရေး အမေရိကန်ကိုပေးဖို့ သဘောတူညီချက် နီးနေပြီလို့ အမေရိကန်နဲ့ ယူကရိန်းတို့က တနင်္ဂနွေနေ့မှာ ပြောလိုက်ကြပါတယ်။
ပြည်ထောင်စု အစိုးရ ဝန်ဆောင်မှုနဲ့ ဝန်ထမ်း အရေအတွက် လျှော့ချနိုင်ရေး ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အစိုးရ ဌာန စွမ်းဆောင်ရည် စိစစ် အကဲဖြတ်ရေး တာဝန်ပေးထားတဲ့ ကုဋေကြွယ် သူဌေးကြီး အီလွန်မတ်စ်ကို စနေနေ့က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။