သတင်းသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ Kari Lake ကို VOA အမေရိကန်အသံ အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၅ ခုရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာန ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။
ဒီလ အစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တယ်လီဖုန်း ဆက်သွယ်ပြောကြားတာ အပါအဝင် ၂ နိုင်ငံ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေရာကနေ အခု ၂ ဘက် သံအရာရှိတွေ တွေ့ဆုံကြတာပါ။
အမေရိကန်ပြည်ထောင်စု အစိုးရဌာနတွေမှာ ဝန်ထမ်းတွေကို နောက်ထပ် သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဖက်ဒရယ်အေဂျင်စီတွေကို ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပါတယ်။
ယူကရိန်းက မြေရှားသတ္တုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Zelenskyy ဟာ အမေရိကန်သမ္မတအိမ်ဖြူတော်ကို သောကြာနေ့မှာ လာမယ့်အကြောင်း သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးဖို့ကိစ္စ တချို့ကျန်နေသေးတဲ့အကြောင်း ယူကရိန်းသမ္မတဘက်က ပြောထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရရဲ့ မတ်လ ၁၄ ရက်နောက်ပိုင်း အသုံးစရိတ် အတွက် အတည်ပြုရမယ့် ဥပဒေထဲမှာ အငြင်းပွားဖွယ် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍ ဖြတ်တောက်မှုတွေ ပါဝင်နိုင်လား ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာဖြေရှင်းပြောကြားခဲ့ပါတယ်။
မြေရှား သတ္တု အကျိုး အမြတ်ဆိုင်ရာ သဘောတူညီချက် တရပ်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ လက်မှတ်ရေးထိုး ဖို့ ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ အစိုးရအဖွဲ့ရဲ့ ပထမဆုံး အစိုးရ အဖွဲ့ အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
ဆန့်ကျင်ဘက်နိုင်ငံရေးအမြင်ရှိသူအိမ်နီးချင်းအဖြစ် ပြောင်းလာရင် အမေရိကန် ၁၀၀ မှာ ၁ ယောက်က ပြောင်းရွှေ့သွားတယ်လို့ လေ့လာချက်က ဆိုပါတယ်။အိမ်တလုံး မဝယ်ခင် အိမ်နီးချင်းရဲ့ နိုင်ငံရေးတိမ်းညွတ်မှုကို အိမ်ခြံမြေ အက်ပ်အသစ်က အချက်အလက်ပေးပါတယ်။ Dora Mekouar ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ ဝက်သက်ရောဂါနဲ့ ဆေးရုံတင်ထားရသူတဦး သေဆုံးသွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥတင်သွင်းမှု တိုးမြှင့်ဖို့အပါအဝင် ကြက်ငှက်တုပ်ကွေးပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ စိုက်ပျိုးရေးဝန်ကြီး Brooke Rollins က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ယူကရိန်းသဘာဝသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေ ပြန်ပြီးရင်းနှီးမြှုပ်နှံမယ့် ဖက်စပ်ရံပုံငွေထူထောင်ဖို့ အမေရိကနနဲ့ ယူကရိန်းကြား မူဘောင်သဘောတူညီချက်ရထားပြီလို့ ဒီညှိနှိုင်းမှုနဲ့နီးစပ်တဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေကရတဲ့ ငွေ ၅၀ % ကို ရင်းနှီးမြှုပ်နှံဖို့ပါဝင်မှာပါ။
"ရှေ့မှာ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့လည်း အမေရိကန်သာ ပထမဦးစားပေး ဆိုတဲ့ မူဝါဒကို အောင်မြင်အောင်လုပ်မှာပါ။ တဝက်တပျက်မဟုတ်ဘဲ အားလုံးအောင်မြင်အောင် လုပ်မှာပါ။ ဒါက ဒီလုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းပါ။"(လွှတ်တော်ဥက္ကဋ္ဌ Mike Johnson)
အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းတပ်မှူးကြီးတဦးကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လူမှန် နေရာမှန်မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပြချက်ပေးလိုက်ပါတယ်။ VOA ပင်တဂွန် သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို မခင်လေးက ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။