အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥဈေး စံချိန်တင်မြင့်တက်နေတဲ့အတွက် စားသုံးသူအခွင့်အရေး ကာကွယ်သူတွေ၊ ဒီမိုကရက်လွှတ်တော်မတ်တွေနဲ့ ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်အဖွဲဝင်တွေက စုံစမ်းဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။
ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်က ရယူပိုင်ခွင့် သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်ကြား သောကြာနေ့က လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေတာမှာ (Texas) တက္ကဆက်ပြည်နယ်မှာတော့ ကူးစက်သူ ၁၄၆ ယောက် ရှိနေပြီး ကလေးငယ် ၁ ယောက် သေဆုံးသွားပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေ သောကြာနေ့တုန်းက ပြောဆိုပါတယ်။
ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတ အခြေအတင် ဖြစ်ခဲ့ပြီးနောက် ယူကရိန်းဘက်က ရပ်တည်ကြောင်း ဥရောပ ခေါင်းဆောင်အများစု တုံ့ပြန်ခဲ့ကြပါတယ်။
အမေရိကန် လွှတ်တော်မှာ မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ အရေးယူနိုင်ဖို့ ကြိုးစားနေသလို ဥပဒေကြမ်းတွေ ဆွေးနွေးနိုင်ဖို့ ပြန်လည်တင်သွင်းတာ မြင်ရဖို့ ရှိတယ်လို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ သတိထားစောင့်ကြည့်ပြီး တိုက်တွန်းသွားဖို့ လိုတယ်လို့ ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကို အမေရိကန် အစိုးရသစ်က ဘယ်လို တုံ့ပြန်ကိုင်တွယ်မလဲ ဆိုတာ ခန့်မှန်းရခက်သေးပေမယ့် လတ်တလော ကျင်းပခဲ့တဲ့ ဘာသာရေး လွတ်လပ်ခွင့် ကြားနာပွဲမှာတော့ အားရဖွယ် စိတ်ဝင်စားခံရမှုရှိတယ်လို့ ထွက်ဆိုခဲ့သူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ဟာ ယူကရိန်း မြေရှားသတ္တုတွေ အမေရိကန် တူးဖေါ်နိုင်ခွင့် သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူမှာ ဆွေးနွေးမှုဟာ ဒေါသနဲ့ အပြန်အလှန် အော်ဟစ် အဆုံးသတ်သွားခဲ့ပါတယ်။ သမ္မတထရမ့်က ယူကရိန်းသမ္မတကို သဘောတူညီမှု ယူရင်ယူ၊ မယူရင် ဆက်မပြောဖို့ ပြောကြားခဲ့ပါတယ်။
သတင်းသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ Kari Lake ကို VOA အမေရိကန်အသံ အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၅ ခုရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာန ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။
ဒီလ အစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တယ်လီဖုန်း ဆက်သွယ်ပြောကြားတာ အပါအဝင် ၂ နိုင်ငံ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေရာကနေ အခု ၂ ဘက် သံအရာရှိတွေ တွေ့ဆုံကြတာပါ။
အမေရိကန်ပြည်ထောင်စု အစိုးရဌာနတွေမှာ ဝန်ထမ်းတွေကို နောက်ထပ် သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဖက်ဒရယ်အေဂျင်စီတွေကို ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပါတယ်။
ယူကရိန်းက မြေရှားသတ္တုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Zelenskyy ဟာ အမေရိကန်သမ္မတအိမ်ဖြူတော်ကို သောကြာနေ့မှာ လာမယ့်အကြောင်း သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးဖို့ကိစ္စ တချို့ကျန်နေသေးတဲ့အကြောင်း ယူကရိန်းသမ္မတဘက်က ပြောထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။