စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် သတ်ဖြတ်မှုတွေကို လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဖြစ် သတ်မှတ်ဖို့ မတ်လ ၇ ရက်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်းဆိုပါတယ်။ Burma Advocacy Group ရဲ့ အမှုဆောင် ဒါရိုက်တာ ဘုန်းတော်ကြီး Dr. Roy Medley ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရကဒီကနေ့ထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။
အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းဖို့ သဘောမတူဘူးဆိုရင်၊ စစ်ရေးနည်းလမ်းကို အသုံးပြုကောင်းပြုမယ်လို့ အမေရိကန်သမ္မတ Donald Trump က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြလို့ ပြည်ထောင်စုအစိုးရဆီက ချေးထားတဲ့ ကျောင်းစရိတ်ချေးငွေ ပြန်ဆပ်စရာ မလိုတဲ့ အစီအစဉ်ကနေ တချို့ကို ဖယ်ရှားဖို့ သမ္မတ Donald Trump က အမိန့်ထုတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သိပ္ပံနည်းကျ သုတေသနလေ့လာတဲ့ လုပ်ငန်းတွေအတွက် Trump အစိုးရက အထောက်အပံ့တွေ ဖြတ်တောက်လိုက်တဲ့အပေါ် အမေရိကန်တဝန်း သောကြာနေ့က ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် သတ်ဖြတ်မှုတွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ မတ်လ ၇ ရက်နေ့မှာပဲ ထရမ့်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်းဆိုလိုက်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အီရန်နဲ့ နျူကလီယား သဘောတူညီချက်ရဖို့ညှိနှိုင်းလိုကြောင်းနဲ့ မတ်လ ၆ ရက် ကြာသပတေးနေ့ကတော့ အီရန်ခေါင်းဆောင်ဆီကို စာတစောင် ပေးပို့ခဲ့တာဖြစ်ပြီး အီရန်ရဲ့ အဓိကရန်သူဖြစ်တဲ့ အမေရိကန်ရဲ့ ကာလတာရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးကသဘောတူမယ်လို့ မျှော်လင့်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ရုရှားက ယူကရိန်းကို မတ်လ ၇ ရက် သောကြာနေ့မှာလည်း လေကြောင်းနဲ့ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်အောင် ကြားဝင်ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ချက်ထားနေဆဲဖြစ်ပါတယ်။ ရုရှားဟာ မစ်ဇိုင်းဒုံး အလုံး ၂၀၀ ကျော်နဲ့ ယူကရိန်းကို တညလုံး တိုက်ခိုက်ခဲ့တာပါ။
ကျန်နေသေးတဲ့ အစ္စရေး ဓားစာခံတွေကို ဟားမက်စ်အနေနဲ့ လွှတ်ပေးရမယ်လို့သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးခြိမ်းခြောက်လိုက်ပါတယ်။ ရေရှည်ခံတဲ့အပစ်ရပ်ရေးရမှဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမက်စ် အဖွဲ့ က ပြောဆိုပြီး အမေရိကန် နဲ့ အစ္စရေးက ဆွေးနွေးမှုတွေကို နောက်ပြန်လှည့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အမေရိကန်ရဲ့ အဓိကကုန်သွယ်ဖက်အိမ်နီးချင်း ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် ၂၅% သွင်းကုန်ခွန်ကောက်ခံမှုကြောင့် အမေရိကန်အစုရှယ်ယာဈေးတွေကျနေချိန်မှာ နှစ်နိုင်ငံလုံးက ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ဧပြီ (၂) ရက်နေ့အထိဆိုင်းထားဖို့ သမ္မတက ကြာသပတေးနေ့ညနေမှာအမိန့်ထုတ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရအရန်ဘဏ္ဍာငွေကြေးကို Bitcoin ဒီဂျစ်တယ်ငွေကြေးနဲ့ပါထားဖို့ အွန်လိုင်းမှာ လည်ပတ်သုံးစွဲနေကြတဲ့ ဒီဂျစ်တယ်ငွေကြေးတွေထဲကတခုဖြစ်တဲ့ Bitcoin ကို မဟာ ဗျူဟာမြောက် အရန်ဘဏ္ဍာအဖြစ် ထားနိုင်အောင်ဆောင်ရွက်ကြောင်းအမိန့်ကို ကြာသပတေးနေ့ က သမ္မတ Trump လက်မှတ်ထိုးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။